Part - (1)

295 4 1
                                    

" Hello အစ်ကို တစ်ခုလောက် အကူအညီလေးတောင်းချင်လို့ပါ"

ကားမှန်ကို လက်ဆစ်နဲ့ ၂ချက်ခေါက်ကာ အကူအညီတောင်းဖို့ ရောက်လာတဲ့ကောင်မလေးတစ်ယောက်ကို မြင်တော့ ယော့ဖာချက္ကရီ ကားမှန်ကိုချလိုက်ပြီး

"ညီမ ဘာများ ကူညီပေးရမလဲ "

"အစ်ကို ညီမကားက ဆီလုံး၀ပြတ်သွားပြီမို့  ညီမရှေ့က အစ်ကို့ကားမို့ Petrol station ရောက်တဲ့ထိ ဆွဲပေးသွားလို့ ရမလား အကူအညီတောင်းတာပါ"

"ဆွဲပေးလို့က ရမယ်မထင်ဘူး ဘာလို့ဆို တန်းစီတာ ဖြည်းဖြည်းချင်းရွေ့နေတာ ဆိုတော့လေ အစ်ကို ဆီပြတ်သွားရင် ထည့်ဖို့ဆိုပြီး ဆောင်ထားတဲ့ 4 liters ၁ပုံးတော့ရှိတယ် ယူမလား ညီမ"

"အဲ့တာဆို အဆင်ပြေတာပေါ့ အစ်ကို ညီမ အစ်ကို့ ဆီကနေ အဲ့ 4liters ကို ၀ယ်လိုက်မယ်လေ "

"ရပါတယ်ညီမရဲ့ ၄လီတာတင်ပါ အလကားယူလိုက်"

"ဒါတော့ ဘယ်ဖြစ်မလဲ အစ်ကို့ ဖုန်းနံပါတ်ပေး ညီမ kpay ကနေ ပြန်လွှဲလိုက်မယ်"

"ကိုက kpay မသုံးဘူးလေ ကို့ကို coffee တစ်ခွက်ပဲလိုက်တိုက်ပေါ့ ဆီတန်းပြီး ပြန်ရင် "

"ဟုတ်အစ်ကို ကျေးဇူးပါနော်"
_
_
_
_
coffee ဆိုင်ထဲမှာ ဖွင့်ထားတဲ့ သီချင်းလေးက ထာ၀ရမန္တလေး ဇာတ်လမ်းတွဲရဲ့ ဇာတ်၀င်တေးသီချင်းလေး

"အစ်ကို ကူညီပေးတာ ကျေးဇူးပါ ဒါက Mecha Layerd cake  နဲ့ coffee ပါ "

"ညီမက ဒီ coffee ဆိုင်လာနေကြလား"

"ဟုတ်တယ် ညီမက ဒီမှာ စာလုပ်ရင်း Milktea သောက်နေကြလေ"

"ကို့ကိုယ်ကို မိတ်ဆက်ပေးဖို့မေ့နေတာပဲ ကိုက ယော့ဖာချက္ကရီ ကိုက ကျောင်းပြီးတာကြာပြီလေ Age ကတော့ ၂၅နှစ်ရှိပြီ "

"ညီမကတော့ မြူ ပါ Age 21 ကျောင်းတက်နေဆဲပါ"

"ညီမ ကြည့်ရတာ စာအရမ်းကြိုးစားတယ်ထင်တယ် "

"အယ် မဟုတ်ဘူး ထင်လို့ပါ "

"ကိုတို့ social media မှာ friend အပ်ထားကြမလား"

"ရှင်"

"ခင်ခြင်မိလို့ပါ"

"သြော်ဟုတ် ညီမက social သိပ်မသုံးဖြစ်ဘူး "

The Wind from Summer NightWhere stories live. Discover now