Part - (2)

56 1 0
                                    


"ဒါပဲ ဒါပဲ မေမေဖုန်းချတော့မယ် စကားနားထောင် လိမ္မာတယ်"

ယော့ဖာချက္ကရီက မသိမသာ ရီလေသည် ။ မြူလည်း မြန်မြန်စားပြီး ထွက်ချင်တာကို သူက ပေးမသွားပဲ Resistor တေကို အရောင် အပေါ်မူတည်၍ ဘယ်လောက် K ohm ရှိတယ်ဆိုတာကို ခွဲခိုင်းထားလေသည်။

"ဆရာ မြူ ပြန်လို့ရပြီလား မြူ့ သူငယ်ချင်းတေက Hangout လုပ်ဖို့စောင့်နေကြပြီ"

"ဘယ်သွားကြမလို့လဲ"

"black bar အယ် မှားလို့ Book bar ကိုပါ"

" စာအုပ်တေရှိလား အရက် ဘီယာတေ ရှိတဲ့ဆီလား"

"ဆရာရယ် သမီးဘာသာ ဘယ်သွားသွားပေါ့"

သူငယ်ချင်းတေ ဆီက ဖုန်း၀င်လာလေသည်

"မြူ နင်ဘယ်မှာလဲ မလာသေးဘူးလား"

"ငါလား ဆရာက အလုပ်ခိုင်းနေလို့"

"နင်မြန်မြန်လာ ဒီမှာ နင့် Crush လင်းမြတ်လဲ ရောက်နေတယ် သူက နင်ပါမှ လိုက်မယ်တဲ့ နင့်ကိုစောင့်တဲ့"

"ဟင် သူက အဲ့လိုပြောတယ်ပေါ့ မဂျင်းနဲ့ "

"မဂျင်းဘူး နင်သာ မြန်မြန်လာ"

"ကလေးတို့ မြူ ဒီနေ့လာမှာ မဟုတ်ဘူး ဆရာ သူ့ကို မလွှတ်ပေးသေးဘူး "

လက်ထဲက ဖုန်းကို ယူပြီး ချလိုက်ကာ  ယော့ဖာချက္ကရီ၏ မျက်နှာ တည်ပြီး

"အဲ့ resistor တေ ခွဲပြီးရင် water alarm circuit ဆောက်ပြီးမှ ပြန် မလုပ်နိုင်ရင် pratical အမှတ်မှတ်တေ လျော့ခိုင်းပစ်မယ်"

" ဘာလို့ မြူ့ကို ပဲလဲ မြူက ဘာအပစ်များလုပ်ထားလို့လဲ"

"လုပ်မှာလား မင်း Bar သွား အထက်သောက်မှာကို မင်း အမေနဲ့တိုင်ရမလား"

"စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

မြူက Water Alarm circuit ကို မြန်မြန် ဆောက်ပြီး resistor တေကို သပ်သပ် ခွဲပေးကာ

"မြူပြီးပြီ ပြန်တော့မယ်"

"ဘယ်ပြန်မှာလဲ ဘယ်နေနေ"

"ဘာလို့ လူကြီးကို ကလန် ကဆန်ပြန်ပြောနေရတာလဲ"

"ပြောမိလို့လား မပြောမိပါဘူး"

The Wind from Summer NightWhere stories live. Discover now