My Protector Boo Boo

135 20 1
                                    

ဟုတ်တာပေါ့ .. အဲတာက မိုးကာလေးတစ်ခုပါပဲ။

ကိုကို့ အတွက်ရော တစ်ခြားသူတွေ အမြင်မှာရော မိုးရွာနေချိန် မိုးစက်တွေကနေ ကာကွယ်ပေးတဲ့ မိုးကာလေး။

ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အနီရောင်မိုးကာလေးက မိုးစက်တွေကို မဟုတ်ပဲ နှလုံးသားကို အကာအကွယ်‌ ဖြစ်ပေးခဲ့တာလေ။

ကျွန်တော် ဘယ်မေ့နိုင်ပါ့မလဲ ...

မိုးကာအနီလေး ကမ်းပေးလာခဲ့တဲ့ လက်သေး"လေး တစ်စုံကို။

မိုးကာပိုင်ရှင်ရဲ့ မူပိုင် အပြုံးလေးတစ်ခုကြောင့်ပဲ ကျွန်တော့် နှလုံးသားရပ်ဝန်းတစ်ခုလုံးက နွေးထွေးနေခဲ့တာဗျ။

ကိုကို သိရဲ့လား? အဲဒီနေ့က ကိုကို ပေးခဲ့တာက ... မိုးကာ မဟုတ်ဘူး။

"ကျွန်တော့် နှလုံးသားရဲ့ ..

အကာအကွယ်လေးကိုပါလေ ..."

ထိုအကြောင်းအား ပြန်သတိရမိလေတော့ လွမ်းဆွတ်မိသည်က ထိုမိုးမစဲခဲ့သည့် နေ့လေးကိုပါပင်။

သူ မှတ်မိနေပါသေးသည်

.

ရုတ်တရက် သူ၏ မျက်စိရှေ့သို့ ရောက်လာသော အနီရောင်မိုးကာလေးအား ကမ်းပေးလာသည့် လက်တစ်စုံ။

အနှီ လက်ပိုင်ရှင်ကို သူကြည့်လိုက်မိတော့ မျက်ဝန်းလေးများဝိုင်း၍ ဝေဝေဆာဆာပြုံးကာ သူ့လက်ထဲမှ မိုးကာကို Hansolအား ကမ်းပေးနေခဲ့သည်။

" အင့် ယူလိုက်။ မင်းမှာ ဆောင်းစရာ မပါဘူးမလား? ကိုကို့မှာက ထီး ရှိသေးတာမို့ ဒါကို မင်းယူလိုက်လို့ ရတယ်နော်.. ဟီးဟီး။ "

ချစ်စဖွယ်ကောင်းစွာပင် သူ့ကိုယ်သူ ကိုကိုဟု သုံးနှုန်းကာ ‌ဖော်ရွေစွာပြောလာသော အနှီမိုးကာအနီလေး ပိုင်ရှင်၏ အသံမှာ နွေးထွေးမှုတို့ အပြည့်နှင့်။

သို့သော် .. Hansolသည် ထိုအရာကို ယူရန်အတွက် လက်မကမ်းမိပါ။ သူသည် ဒီတိုင်းကြောင်တောင်တောင်လေး ရပ်နေခဲ့မိ၏။

ထိုအခါ အနှီသူက မိုးကာကို သူ့လက်ထဲသို့ အတင်းထိုးထည့်၍

" အင့် ယူလိုက်ပါဆို။ "

My Protector Boo Boo [Oneshot]Where stories live. Discover now