Part-1

108 5 0
                                    


"ဘုရားသခင်ရှေ့တော်မှောက်မှာ အပြန်အလှန်ကတိသစ္စာပြုပြီးကြသည့်အလျှောက် မင်းတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တရားဝင်သက်ဆိုင်သူတွေဖြစ်သွားကြပါပြီ...ရှေ့လျှောက်မင်းတို့ခရီးလမ်းသာယာနိုင်ပါစေ"

ဖာသာရဲ့ တောင်းဆုစကားသံအဆုံး ဧည့်ပရိတ်သတ်ထံမှ ဩဘာပေးသံလပ်ခုပ်သံများများ သောင်းသောင်းလျလျထွက်ပေါ်လာခဲ့သည်။

ပရိသတ်ရဲ့ လက်ခုပ်သံတို့သည် ကြည်နူးပျော်ရွှင်မှုတွေ ဖုံးလွှမ်းလို့နေခဲ့ပေမဲ့ ထိုအထဲမှ တစ်စုံတစ်ဦးမှာတော့ ဝမ်းနည်းလွမ်းဆွေးရိပ်များစွာဖြင့်...

ဆောနူးhyungပျော်ရွှင်နေပြီပဲလေ...
ဒါကို သူကပါ လိုက်ပါပြီး မပျော်ရွှင်ပေးနိုင်ဘူးလား...
မင်းက ဘာက်ို မျှော်လင့် တောင့်တချင်နေရတာလဲ ဂျောင်ဝန်း... မင်းပြောတော့ မင်းချစ်တဲ့သူ ပျော်ရင် ကျေနပ်တယ်ဆို... မင်းအတွက် မဟုတ်တဲ့ လူတစ်ယောက်ကို မင်းက ထပ်ပြီးလိုချင်နေသေးတာလား။

အမြဲတမ်း သူ့ခံစားချက်တွေကို ရင်ထဲသိမ်းဆည်းပြီး အဆင်ပြေနေသလိုနေပြနေခဲ့တာ... ခုချိန်တစ်ခဏတော့ ဟန်ဆောင်၍ ဘယ်လိုမှ မနေနိုင်တော့သည်ကို သူ၏ မျက်ရည်များက သက်သေပြလ်ို့နေခဲ့သည်။

တွင်တွင် ငုံ့ထားသော ခေါင်းကို မော့ကြည့်လိုက်သည့်အခါ သူ၏ မျက်စိရှေ့တည့်တည့်တွင် မြင်နေရသည့်မြင်ကွင်းက သူ့နှလုံးသားကို အစွမ်းကုန်နာကျင်စေသည်။

မင်္ဂဆောင်ခန်းမကြီးထဲ ဂျောင်ဝန်းချစ်တဲ့ ထိုလူသားဟာ သူချစ်တဲ့ သူ၏ခင်ပွန်းလောင်းကို အကြင်နာခြွေနေသည့်မြင်ကွင်းသည် ဂျောင်ဝန်းအား ဒီနေရာမှာ ဆက်ရှိနေနိုင်ဖို့ အင်အားတွေ မပေးစွမ်းနိုင်တော့ပါ။

ဂင်မ်ဆောနူး ရှိနေတဲ့ ရပ်ဝန်းမှာ သူရှိနေလျှင် သူ့ရဲ့ နှလုံးသားတွေ မွန်းကြပ် ပိတ်လောင်မှု ဒဏ်တွေ ပိုခံစားလာရမည်စိုး၍ ခန်းမအဆောက်အအုံ၏ အပြင်ဘက်သို့ ဂျောင်ဝန်းထွက်လာခဲ့မိသည်။

မျက်နှာကို ရိုက်ခတ်လာသော လေပြေအေးအေးတို့က သူ့ရဲ့စိတ်တွေကို ကြည်လင်အောင် လုပ်ပေးနိုင်စွမ်းမရှိပါ...ရင်ထဲက အပူတွေကို ဘယ်အရာတွေကများ ငြှိမ်းသတ်ပေးနိုင်မှာလဲ...

The End of One-Sided Love (HeeWon)Where stories live. Discover now