Chapter - 8

634 25 2
                                    

ဟန်ဂျူဂျူကို မကြောက်ဘူးဟုဆိုလျှင်လိမ်ရာကျပါသည် ။  ဖုန်းအားကိုင်ထားသည့်တုန်ယင်နေသောသူ၏လက်များနှင့်ဂနာမငြိမ်ဖြစ်နေသည့်မျက်လုံးများကသက်သေပင်။ သူ၏သူငယ်ချင်းအမွှာသုံးယောက်အားဖုန်းဆက်ပါသော်လည်းတစ်ယောက်မှပြန်ဖြေဆိုခြင်းမရှိကြ။

" မဟုတ်တဲ့အချိန်ဆိုအားတယ်၊အရေးကြီးချိန်ဆိုဘယ်ချောင်ထဲအိပ်ကုန်လဲမသိဘူး ချီးလိုပဲ "

စိတ်အလိုမကျစွာသူငြီးတွားလိုက်ပြီးဆေးရုံကားကိုဖုန်းဆက်ဖို့ရန်သတိရပြန်သည်။သို့သော်သူအခုရောက်နေသည့်နေရာကိုသူကိုယ်တိုင်ပင်ကောင်းကောင်းပြောမတတ်။သူနေသည့်နေရာနှင့်အလှမ်းဝေးနေသလိုဘယ်လမ်း၊ဘယ်နေရာတိတိကျကျသူမသိ ။ လိုက်လာတုန်းကလိုက်လာပါသော်လည်းလမ်းအမည်များမမှတ်တတ်သည့်မှတ်ဉာဏ်တစ်ခုပိုင်ဆိုင်ထားသည့်သူ့အဖို့ဘာမှကိုမမှတ်မိပါ ။သည်လိုဆိုလျှင်ကလေးမလေးအားကိုယ်တိုင်ချီကာလမ်းရှာပြီးသွားမှဖြစ်တော့မည်။
ထိုအချိန်......

" အကူညီလိုနေသလား "

အမှောင်ထဲမှထွက်လာသည့်ထင်ရှားလှသည့်အသံ။
ထိုအသံ၊သူရင်းနှီးလှသည့်အသံ။ စိတ်အလုံးစုံတို့အားနွေးမြစေပြီးလုံခြုံသည့်ခံစားချက်ပေးနိုင်သည့်
တည်ငြိမ်လှသည့်အသံ။

" ဦးအံ့! "

သူမယုံကြည်နိုင်စွာအမြန်ပြေးဖက်လိုက်တော့အေးစက်စက်ခန္ဓာကိုယ်နှင့်သူကသူ့ဦးအံ့မှဦးအံ့။
အဝါရောင်မျက်ဆံလေးများနှင့်မျက်လုံးများမှာ
သူ့ကိုနူးညံ့စွာကြည့်နေပြီးသိမ်မွေ့လှသည့်အပြုံးလေးဖြင့်တည်ငြိမ်စွာပြုံးပြလာသည် ။

" ဘယ်ကနေဘယ်လိုရောက်လာတာလဲဗျာ၊ရုတ်တရက်ကြီးပေါ်လာလိုက်တာသရဲကျလို့ "

" ဟုတ်ပြီ၊ဒါဆိုကိုယ်ပြန်မယ်၊ပြီးရင်လိပ်လိုလေးဘက်ထောက်ပြီးပြန်လာခဲ့မယ် "

အံ့မှိုင်းညီပြုံးတုံ့တုံ့လုပ်ကာကျီစယ်တော့ကလေးပေါက်၏မျက်စောင်းဒိုင်းခနဲကသူ့ထံတည့်တည့်။

" ကျွန်တော်ကြောက်နေတာဗျ "

" ကိုယ်သိတယ် "

Sunshine Of My Life [ Ongoing ] Where stories live. Discover now