အပိုင်း၂

110 18 7
                                    

ကျန်းလင်အတွက် ဝေယွမ်ကျောက်ကို ဆေးကြောသန့်စင်ဖို့ ကြီးမားတဲ့ရေစည်နှစ်ခုလိုခဲ့သည်။

အစေခံတွေကိုဝင်လာစေပြီး အိပ်ယာခင်းတွေနဲ့ စောင်တွေကိုလဲခိုင်းတော့ သူတို့ရဲ့ မျက်နှာတွေမှာ မယုံနိုင်စရာ အမူအရာတွေ ပိုမြင်လာရပြီး စိတ်ရှုပ်သွားကြသည်။ စစ်သူကြီးနဲ့သူ့ဇနီးရဲ့ အိပ်ခန်းမှာ ဘာကြောင့် ဒီလိုအနက်ရောင်ညစ်ပေနေတာတွေ ထွက်လာသည်ကို သူတို့ တကယ်ကိုစိတ်ကူးကြည့်လို့မရပေ။

လူတွေ ညစ်ပတ်နေသည်သာမက အိပ်ရာမှာလည်း ညစ်ပတ်နေသည်။ အနက်ရောင်ရေစည်နှစ်ခုကို ကြည့်လိုက်တော့ ဘာမှမမြင်ရသလောက်ပင်။

အဘွားယဲ့ ပေးခဲ့တဲ့မီးလျံစာအုပ်ကြောင့် ဖြစ်တာလား။

ဒါပေမယ့် အိမ်အစေခံတွေက မမေးရဲကြတဲ့အတွက် စောင်ကိုသာလဲလိုက်ပြီး အိပ်ယာပြင်ဖို့အတွက် ညွှန်ကြားချက်တွေကိုသာ လိုက်နာနိုင်ကြသည်။ အိပ်ရာကိုထပ်ပြင်ပြီးတော့ ကျန်းလင်လည်း အံကြိတ်ကာ ဝေယွမ်ကျောက်ကို ကုတင်ပေါ်သို့ပြန်သယ်သွားပြီးနောက် ဝေယွမ်ကျောက်ရဲ့အဝတ်ဗီရိုကိုကြည့်လိုက်သည်။

အိမ်အစေခံများ အိပ်ယာပြင်ရန် ဝင်လာကြတုန်းက ချန်အန်းအမည်ရှိ လူငယ်လေးတစ်ယောက်ကို အန်းယန်အိမ်တော်မှ သူ့အတွက် ခန်းဝင်ပစ္စည်းစီစဉ်ပေးဖို့အတွက် ထည့်ပေးလိုက်တာကို ကျန်းလင်တွေ့လိုက်ရသည်။ ထို့အပြင် ကောင်လေးက အိပ်ယာအစုံလိုက်ပါရှိသည့် ခန်းဝင်ပစ္စည်းသေတ္တာနှစ်လုံးကိုလည်း ပေးလာသည်။

တိုတိုပြောရရင် အန်းယန်အိမ်တော်က သူ့ကို အဝတ်တစ်ထည်တောင် မပေးလိုက်ဘူး။

သူ့ဘဝက သနားစရာကောင်းလွန်းတာကြောင့် သူ့နှင့်လိုက်ဖက်မည့်အဝတ်အစားရှိမရှိကို ဝေယွမ်ကျောက်ဆီတွင်သာ ရှာဖွေခဲ့ရသည်။

ရေချိုးပြီးအဝတ်ရှာတာ တော်တော်ကြာသွားတဲ့အတွက် ကျန်းလင်က ဝေယွမ်ကျောက်ရဲ့ အဝတ်ဟောင်းတစ်ထည်ကိုရှာဝတ်ကာ အခန်းထဲကနေ ထွက်ခဲ့သည်။ အပြင်မှာက နေအတော်မြင့်နေပြီဖြစ်သည်၊ တံခါးကိုစောင့်နေသော အစေခံနှစ်ယောက်ကိုပြောလိုက်သည်။
"သွားရအောင် မင်းတို့လမ်းပြပေး"

လက်ထပ်ဖို့ အမြှောက်စာဇာတ်ကောင်ထဲ ကူးပြောင်းခြင်းWhere stories live. Discover now