ငါမင်းကိုသုံးပြီးပြီ မင်းကိုထပ်မလိုအပ်သေးဘူးဟူသည့် ထိုမျက်နှာပေးကြောင့် သူတို့အတန်ကြာထပ်မတွေ့ဖြစ်တော့ပေ။ ထိုလူကြီးက သူ့ကိုစမြူဆွယ်ခဲ့သောလူမှန်း သိသိသာသာကြီးဖြစ်နေသော်လည်း သူ့ကိုယ်သူကိုယ်လုပ်တော်တစ်ယောက်လို့ ထင်မြင်မိစေနိုင်တာကနေ မရပ်တန့်နိုင်။
ဤသို့ဖြင့် နှစ်လအချိန်ကာလတသ်ခုကို ဖြတ်ကျော်လာခဲ့သည်။
တောင်ကြောပေါ်ရှိတစ်နေရာတွင်......
လူသုံးဦးမှာကျောက်တုံးအကွယ်တွင် မိုးခို၍ တစ်စုံတရာကိုစောင့်နေကြသည်။
"ဒီကိုလာမှာ သေချာရဲ့လား"
စိတ်မရှည်တော့သော အဒါးက မေးလိုက်သည်။ အဒီးက သူ့ကို ကြည့်၍.....
"လာမှာပါ"
"ငါတို့စောင့်နေတာတစ်နာရီရှိပြီ....."
စိတ်မရှည်သောအဒါးကို အဒီးတစ်ခုခုပြောရန်ပြင်စဥ် ကျောက်တုံးကိုမှီရပ်နေသော သိုဝ်က ဝင်ပြောလာခဲ့သည်။
"နာရီဝက်ထပ်စောင့်လိုက်ရအောင်"
ယခုတစ်ခေါက် အဆက်အသွယ်ရလာသည့် ဝယ်လက်က အကောင်ကြီးထဲကသာမဟုတ်ရင် သူဒီလောက်ထိစိတ်ရှည်နေမှာမဟုတ်။
အချိန်မိနစ်နှစ်ဆယ်လောက်ထပ်မံကုန်ဆုံးသွားသောအခါ အဒါးက တံတွေးကိုထွီခနဲထွေးချလိုက်သည်။ အဒီးက သူ့ညီကိုတစ်ချက်စွေကြည့်ပြီးနောက် သူ့ဖိနပ်ပေါ်လာစင်သောတံတွေးကို စိုစွတ်နေသောမြက်ပင်ဖြင့်ပွတ်သုတ်လိုက်ပြီး ခါးကိုမတ်လိုက်၏။
"ပြန်ရအောင်"
ချိန်းဆိုထားသည့်အချိန်ထက် ကျော်လွန်သွားပြီဖြစ်ရာ သူတို့ ဒီအရောင်းအဝယ်ကို မလုပ်ချင်တော့ချေ။ ထိုအခိုက် အရိပ်တစ်ခုက သူတို့ရှိရာကပ်လာပြီး သေချာကြည့်လိုက်တော့မှ သူတို့လွှတ်ထားသောလူဖြစ်နေသည်။
"ခေါင်းဆောင်..... ဝယ်လက်က နယ်စပ်ကိုဖြတ်လာပြီး ငှက်ပစ်တောင်ကြားထဲရောက်နေကြပြီ... ဒါပေမဲ့ ကောင်းရန်အဖွဲ့ရဲ့လမ်းကြောင်းထဲရောက်နေတာ.... ကျွန်တော်လည်း လမ်းပြပေးဖို့ သူတို့ပြောထားတဲ့အချိန်ရောက်သွားပေမဲ့ သူတို့ပိုစောရောက်ပြီး ကောင်းရန်အဖွဲ့နဲ့အတူ လမ်းကြားဘက်ဝင်သွားပြီ.... ကျွန်တော်အနောက်ကနေခဏလိုက်ချောင်းလိုက်မေဲ့ အဝေးကြီးတော့ဆက်မသွားရဲဘူး"