My Master

2.3K 26 1
                                    

တီတီ ...ညနေလေးနာရီထိုးကြောင်း နာရီအချက်ပေးသံကြောင့် စစ်ပိုင် ကမန်းကတန်းထလိုက်မိသည်။

"ဟာအချိန်ကဒီလောက်တောင်ဖြစ်သွားတာလား!!"

နေခင်းဘက်အိမ်ငိုက်လာလို့ ခနလေးမှေးလိုက်ပေမဲ့ အချိန်ကအဲ့လောက်ဖြစ်သွားမှန်းမသိခဲ့။

ငိုက်ချင်ချင်ဖြစ်နေတဲ့စိတ်အစုံကို ထိန်းရင်း ထမင်းချက်ဖို့ပြင်ဆင်ရတော့သည်။ မကြာခင် သူရဲ့အရှင်သခင်ရောက်လာလို့သာ အခုထိအဆင်သင့်မဖြစ်သေးရင် သူတော့ တကယ်သေပေလိမ့်မည်။

သခင်ပြန်မလာခင် တစ်နာရီလောက်သာအချိန်ရတော့တာမို့ ထမင်းအမြန်ချက် ဟင်းကိုလဲ ကြက်ဥလောက်သာကျော်ပီး မနက်ကဟင်းရည်လေးကိုသာ နွေးထားလိုက်တော့သည်။သေချာပေါက် အဆူခံရနိုင်ပေမယ့် မချက်တာထပ်စာရင်တော့ အပစ်ပေးခံရတာလျော့ကောင်းပါရဲ့

ဟင်းချက်ပီးရော စစ်ပိုင် နာရီကိုတစ်ချက်ကြည့်လိုက်တော့ ငါးနာရီထိုးဖို့ ဆယ့်ငါးမိနစ်သာကျန်သည်။

"Shitသေစမ်း အချိန်ကမြန်လိုက်တာ ရေချိုးရအုန်းမယ်ဟ"

စစ်ပိုင် ကမန်းကတန်းရေ အမြန်ချိုးရတော့သည်။

"ရှိသမျှ ဘုရားကယ်ပါ ဒီနေ့သခင်လမ်းမှာ ကားဘီးပေါက်တာဖြစ်ဖြစ် တစ်ခုခုဖြစ်နေပီး အိမ်ပြန်နောက်ကျပါစေ"

စစ်ပိုင် ဆုတောင်းပါသော်ငြား သူ့ဆန္ဒမပြည့်ဝကြောင်း အိမ်ရှေ့ကကားသံက သက်သေပြနေလေသည်။

တင်တောင် တင်တောင်""

အိမ်ရှေ့က ဘဲလ်သံကြောင့် စစ်ပိုင် အကျီအမြန်ဝတ်ပီး တံခါးဖွင့်ကြည့်လိုက်တော့ သူ့အား အကြည့်စူးစူးနဲ့စိုက်ကြည့်နေသည့် သခင်အားတွေ့လိုက်ရသည်။

"သ..သခင်"
စစ်ပိုင် အမြန်သခင့်ရှေ့ဒူးထောက်လိုက်သည်။

"ဒီလောက်ဘဲလ်တီးနေတာကို အခုမှတံခါးဖွငိ့ရအောင် မင်း‌ေစာက်နားက ကန်းနေတာလားဟမ်"

ပြောရင်း စစ်ပိုင်ဆံပင်ကို‌‌ေဆာင့်ဆွဲလာတဲ့သခင်ကြောင့် အလျင်အမြန်တောင်းပန်ရတော့သည်

"အာ့ တောင်း တောင်းပန်ပါတယ်သခင် ကျွန် ကျွန်တော် ရေချိုးနေလို့ပါ"

Punishment oneshotWhere stories live. Discover now