နွေးထွေးလွန်းတဲ့အထိအတွေ့....တစ်စုံတစ်ယောက်ခုက ထွေးပွေ့ထားတဲ့ခံစားချက်...
ပြီးတော့နံသာရနံ့လေးကနှာဖျားလေးနားတွင်တစ်ဝဲလည်လည်...
ဝမ်နင် ကအခန်းကိုအနွေးဓာတ်ပိုရအောင်လုပ်ပေးထားတဲ့ပုံပဲ...နွေးလိုက်တာမှ....
ထိုနွေးထွေးမှုနောက်ကိုထပ်တိုးမိတော့ တင်းကြပ်လာတဲ့ထွေးပွေ့မှုနဲ့ နံသာရနံ့ကလည်းပိုတိုးလာသလို...
"နွေးလိုက်တာ..."
အအေးကြောက်တဲ့ရှောင်းကျန့်အတွက် မနက်အစောပိုင်းအေးခြင်းအားစောင်နှစ်ထပ်လောက်နှင့်ကွေးရတဲ့အခြေအနေ...
ခုတော့ စောင်ကလည်းသိပ်လေးမနေတော့ နှစ်ထပ်တော့မဖြစ်နိုင်...
ဒါပေမဲနွေးထွေးမှုနှင့်အတူခပ်စိတ်စိတ်ပုံမှန်ကြားနေရတဲ့အသံ...ဘာပါလိမ့်....
"ဒုတ်...ဒုတ်...ဒုတ်..."
(နှလုံးခုန်သံ)နားထောင်လို့ကောင်းလိုက်တာ...
နွေးလွန်းတဲ့အရာကဘာလဲ...သိချင်စိတ်ကထိန်းမရ...
အိပ်ရေးမဝတဝဖြစ်နေတဲ့မျက်ခွံတွေကိုအသာဖွင့်
ကြည့်တော့...ဝါကျင့်ကျင့်အလင်းရောင်ကြောင့်
မျက်ခွံများအားပြန်ပိတ်ချမိလိုက်ပြန်သည်...ခေါင်းကိုအသာငုံ့ပြီးမှခပ်ဖြည်းဖြည်းပြန်ဖွင့်လိုက်သည်...
ဘာလဲ... အခန်းပြင်ဆင်ပုံက တစ်မျိုးပါလား...
ဝမ်နင်များလဲပစ်လိုက်သည်လား..မသိတော့ဘူးကွာ...အိပ်လို့ကမဝသေးပါဘူးဆိုမှ...
မျက်လုံးများကိုပြန်မှိတ်...နွေးလွန်းတဲ့အရားဆီတိုးကပ်ပြီနောက်မှ....
ဦးနှောက်ကပုံမှန်ပြန်ဖြစ်လာတဲ့လူလို.....
ခေါင်းကိုတုတ်နဲ့ရိုက်လိုက်သလို
"ဒေါင်"ဆိုတဲ့အသံက နားထဲတွင်တဝဲလည်လည်...
ညက မင်းသားဝမ်အခန်းမှာအိပ်လိုက်တာ ဆိုသည်အားသတိရလာသည်...
ဟင်...ဒါဆို အဲ့..အဲ့နွေးလွန်းတဲ့အရာ
နံသာရနံ့.... ပြီးတော့တင်းကြပ်လွန်းတဲ့ထွေးပွေ့မှုက...အမလေး...
YOU ARE READING
Prince Wang's Amulet
Romanceဆုရဲ့ဒုတိယမြောက် Yizhan Fic လေးပါရှင့် စာဖတ်သူလေးတစ်ယောက်က နန်းတွင်းFicလေးဖတ်ချင်တယ်ဆိုပြီးပြောလို့ ရေးလက်စficရှိနေတာတောင် ရေးချင်လွန်းလို့ စရေးပါတော့မယ်ရှင့် လိုက်ပါစီးမျောပေးကြပါအုံးရှင့်