"မဖြစ်နိုင်ဘူး...မင်းလျှောက်ပြောနေတာ ငါ့ကိုလာမလိမ်နဲ့ ဂျီဟွန်း""ကျနော်က ဟျောင်းကိုဘာလို့လိမ်ရမှာလဲ ...ဒီကိစ္စကိုဟျောင်းကလွဲပြီးတခြားသူတွေအကုန်သိတယ်...ဂျောင်ကုက ငယ်ငယ်တည်းကကပတ်ဝန်းကျင်ကပြောသမျှကိုသည်းခံပြီးနေလာရတာ ...အခု ဟျောင်းကပါဒီလိုမရိုးမသားတွေလုပ်နေရင် ဂျောင်ကုက ဘယ်လိုနေရမှာလဲ"
ဂျီဟွန်းရဲ့စကားတွေကိုခေါင်းခါပြီးငြင်းနေခဲ့ပေမဲ့ ပြန်တွေးကြည့်လိုက်တော့ဂျောင်ကုသူ့အပေါ်ဆက်ဆံတဲ့ပုံရိပ်တွေကမျက်လုံးထဲပြန်ပေါ်လာခဲ့သည်။
အဲ့ဒါတွေကြောင့် ဂျောင်ကုကသူနဲ့ဝေးသထက်အဝေးဆုံးကိုပြေးနေခဲ့တာလား။သူကဒါတွေကိုမသိဘဲ ကပ်တွယ်နေခဲ့မိတာ...အခုတော့ ဂျောင်ကုကသူ့ကိုဘယ်လိုတွေတောင်ထင်နေလိမ့်မလဲ။လူတွေပြောသလို သူကမွေးပြီးစားတဲ့လူမျိုး၊ကျွေးမွေးခဲ့တာကိုအကြောင်းပြပြီးကပ်တွယ်ချင်နေတဲ့လူစားမျိုးလို့ထင်နေလိမ့်မလား။
သူဂျောင်ကုအပေါ်မှာထားတဲ့စေတနာမေတ္တာတွေကဒီလိုအခွင့်ရေးယူဖို့မဟုတ်ခဲ့ပါဘူး။သူ့ရဲ့ချစ်ခြင်းတွေကလည်းဒီလောက်ထိမညစ်နွမ်းနေခဲ့ဘူး...ဂျောင်ကုကဒါတွေကိုနားမလည်ခဲ့ဘူးလား...
ဒီတလျှောက်လုံးသူ့ကိုဖုံးကွယ်ပြီးနေနေခဲ့တာ ဘာသဘောလဲ....အရင်တစ်ခေါက်သူနဲ့အတူတူနေခဲ့တာကရော သူ့ကိုအထင်သေးတဲ့စိတ်နဲ့လား...
*ရှက်ဖို့ကောင်းလိုက်တာ....ရှက်ဖို့ကောင်းလိုက်တာ*
သူရှက်လိုက်တာ...လူတွေကသူ့ကိုဒီလိုမြင်နေတာတောင်မသိဘဲ..ဂျောင်ကုအပေါ်မှာအမြဲပိုင်စိုးပိုင်နင်းဆက်ဆံခဲ့တာ..ရှက်ဖို့ကောင်းလိုက်တာ...
ယွန်းဂီ ရင်ထဲမှာအခုတော့ ရှက်စိတ်နဲ့အတူဒေါသစိတ်ကလေးပါကပ်တွယ်လာခဲ့ပြီ...အထူးသဖြင့်သူအယုံကြည်ရဆုံး ဂျောင်ကုကိုပဲ....ဂျီဟွန်းကတောင်ဒီလိုကိစ္စမျိုးတွေကိုသိနေခဲ့တာ...သူကတော့ဘာလို့ဘာတခုမှမသိရတာလဲ...
သူ့ကိုဘာသဘောမျိုးနဲ့မပြောပြခဲ့တာလဲ...သူကတော့ဂျောင်ကုအပေါ်မှာလျှို့ဝှက်ချက်တစုံတရာမထားဖူးခဲ့ပါ..သူချစ်တဲ့သူ၊သူ့မိသားစုလိုလည်းဖြစ်နေတဲ့ဂျောင်ကုအပေါ်အမြဲရိုးသားပွင့်လင်းခဲ့တာ...အခုသူဘဝတခုလုံးရင်းပြီးချစ်ခဲ့ရတဲ့အချစ်တွေအတွက်သူပြန်ရလိုက်တဲ့အရာက ဒါတွေတဲ့လား...
