အပိုင်း ၃၅၁-၃၆၀

937 107 1
                                    

အပိုင်း ၃၅၁


ထိုနေရာကိုဖုံးအုပ်ထားသည့် ဝတ်ရုံရှည်များစွာက ကြမ်းပေါ်ပြိုကျနေပြီးသစ်သားဗီဒိုနောက်က နံရံပေါ်မှာတော့ တံခါးကိုချည်ထားသည့် သံချိန်းကြိုးနှင့်အတူ ကြီးမားသော သော့ခလောက်ကြီးခတ်ထားသည့် လျို့ဝှက်တံခါးလေးကို တွေ့လိုက်ရသည်။

စန်းယွမ်ယွမ် လေအေးတစ်ချက်ရှုသွင်းလိုက်ရသည်။

"မကောင်းတော့ဘူး။ မုမျိုးရိုးက သေသွားတာရက်နည်းနည်းကြာပြီ။ သူသာ မိန်းမငယ်လေးကို ဒီမှာတကယ်လှောင်ပိတ်ထားတယ်ဆိုရင်..."

ဖြစ်ကောင်းဖြစ်နိုင်တာက ဆာလွန်းလို့သေသွားလောက်ချေပြီ။

ယုံးဝူမင့်က ဓါးရှည်ကို လျှင်မြန်စွာ ဆွဲထုတ်ကာ သံကြိုးကိုခုတ်ချ၍ တံခါးကိုကန်ဖွင့်လိုက်သည်။

ကျိုးပဲ့သွားသောတံခါးငယ်က မှောင်မဲနေသောအခန်းထဲကလှေကားတွေပေါ် လဲကျသွားကာ ပြင်းထန်သောအောက်သိုးသိုးအနံ့အသက်များရောနှောနေသော ငါးညှီနံ့များက အောက်ခြေကနေ လှိုင်တက်လာသည်။

စန်းယွမ်ယွမ် မသိစိတ်အရ အသက်အောင့်ထားလိုက်ကာ နှလုံးသားက ရင်ဘတ်ထဲမှာ တဒုန်းဒုန်းခုန်နေသည်။

သူက သူမအား လက်ဆန့်တန်းကာ တားဆီးလာသည်။

"ကိုယ် လူခေါ်ခဲ့မယ်။ မင်းက မျက်နှာကြီးပန်းတွေကို ထုတ်ပြီး လူကယ်ဖို့အသင့်ပြင်ထားလိုက်"

သူဟာ သူမအတွက်ငဲ့ညှာစဥ်းစားပေးတာဆိုတာ သူမသိသည်။ သူမအား အောက်မဆင်းစေချင်သလို ညစ်ပတ်သွားမှာ၊ သို့မဟုတ် မသက်မသာမြင်ကွင်းမျိုးမြင်ရမှာမျိုး မဖြစ်စေချင်ပေ။

သူမခေါင်းညိတ်လိုက်သည်။

ယုံးဝူမင့်က ကြမ်းပေါ်က ပျံ့ကြဲနေသောဝတ်ရုံရှည်တစ်ထည်ကို ကြုံသလိုကောက်ယူကာ ဓါးကိုပြန်သိမ်း၍ ခါးကုန်းကာ အောက်ဆင်းသွားတော့သည်။

စန်းယွမ်ယွမ်က နေကြာပန်းကို ဆင့်ခေါ်ကာ ဝိညာဥ်နွယ်ပင်တွေကို ယုံးဝူမင့်ခြေလှမ်းနောက် လိုက်ခိုင်း၍ မဲမှောင်နေသော အခန်းထဲသို့ တွားဆင်းသွားတော့သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now