22

2.1K 84 8
                                    

Unknown Relationship  - 22

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

WhyAlwaysMeBro: Wattpad

Omega_heat: Telegram

အဝတ်အစားတွေကအစသူကိုယ်တိုင်ဝတ်ပေးပြီးနောက်ညစာအတူစားဖြစ်သည်။ပိုင် နေရတာ မသက်မသာဖြစ်နေမှန်းသိတော့ဆေးတိုက်ပြီး သိပ်ပေးတယ်။မနက်တော့သူကကုမ္ပဏီကိုအစောကြီးသွားခဲ့၏။ ပိုင် ကို မနက်စာ နဲ့ဆေး ကိုသေးချာစားဖို့စာလေးချန်ခဲ့သေးသည်။ထိုက် ရဲ့အပြုအမူတွေက်ို ပိုင် နားမလည်နိုင်ပါ။ထိုက် ကတစ်ခါတစ်လေကိ သူ့စိတ်တိုင်းကျလုပ်တတ်ပြီး တစ်ခါတစ်လေကျပြန်တော့ ပိုင့် အပေါ်ကိုကောင်းလွန်းတယ်လို့တွေးနေမိပါသည်။

“အလုပ်နောက်ကျတယ်”

“ဟုတ် “

ဌာနမှုးက သူ့နာမည်ကိုမှတ်ပြီးပေးမသွားသေးဘဲ

“လက်မှတ်ထိုး”

“ကျွန်တော် တစ်မိနစ်ပဲ နောက်ကျသွားတာ…”

“ဒဏ်ငွေ ၅၀၀၀”

“နောက်ကျရင် ဒဏ်ငွေ 200, ပဲလေ”

“မင်းကငါ့ကိုဆရာကြီးလုပ်နေတာလား အခြောက်လေး”

ဌာနမှူးစကားကြောင့် ပိုင့် မျက်လုံးအပြူးသားဖြင့်မော့ကြည့်လိုက်၏။ ပိုင်  တုန်လှုပ်မိတာအမှန်ပင် သူ gay ဆိုတာ ကိုလူတွေသိသွားရင် သေချာပေါက်လိုက်နှောက်ယှက်တော့မှာ။ ပိုင့် ကိစ္စကို အကိုနဲ့ ထိုက် ကသာသိကြတာ ကျန်တဲ့သူတွေကသိကြတာမဟုတ် ။ ပိုင် ချက်ချင်းပဲ အိတ်ထဲက ပိုက်ဆံနှိုက်ပြီး သူတောင်းသလောက်ပေးကာ အလုပ်စားပွဲဆီသို့ဝင်ထိုင်လိုက်သည်။ဘေးမှ အကိုသားမို က ပိုင့် ကိုစိုးရိမ်စွာစိုက်ကြည့်နေတာကြောင့်

“အကို ရုံးမှာတစ်ခုခုဖြစ်လို့လား”

“အင်း….”

“မင်းက gay ဆိုတဲ့ သတင်းတွေက ပျံ့နေတယ်”

ပိုင့် နှာခေါင်းကျဥ်တတ်သွားသည်။အသက်ရှူဖို့အောက်ဆီဂျင်ပြတ်သွားသလိုခံစားလိုက်ရသည်။ဖုန်းကိုဖွင့်ပြီး ရုံး group ထဲဝင်ကြည့်တော့ အမည်မသိလူတစ်ဦးက ပိုင့်အကြောင်းတွေရေးသားထားတာ။ဌာနပေါင်းများစွာကလူတွေအထိပါသတင်းကပျံ့နှံ့လို့နေသည်။ပြီးတော့ ပိုင်က ယောက်ျားလေးတွေနဲ့လည်းလိုက် အိပ်နေတဲ့သူဖြစ်ကြောင်းမဟုတ်မမှန်သတင်းတွေကလည်း ရှိနေပြန်သေးသည်။ဒီကိစ္စကထိုက်ကလွဲရင်ဘယ်သူကသိမှာလဲ

Unknown Relationship (Complete )Where stories live. Discover now