Tuesday, June 1 , 2021
“ဂျိမ်း.....ဂျိမ်း”
အချိန်ကား မနက် ၅ နာရီခန့်။
ဇွန်လရဲ့ ပထမဆုံးမနက်ခင်းမှာပင် မိုးကအငြှိုးကြီးကြီးနှင့် သည်းထန်စွာမရပ်မနားရွာသွန်းနေသည်။
ပတ်၀န်းကျင်တစ်ခုလုံးကလဲ အမှောင်ထုကိုအံမတုနိုင်ဘဲရှိကာ မည်သည့်အရာကိုမျှ သဲကွဲစွာမမြင်နိုင်။တစ်ခါတစ်ရံ လက်ခနဲဖြစ်ပေါ်တတ်သည့် လျှပ်စီးများကလဲကြောက်ခမန်းလိလိ။ ထိုလျှပ်စီးရောင်များပေါ်သည့်အခါမှလွဲ ကျန်အချိန်တွင်တော့ပတ်၀န်းကျင်ကို အမှောင်ထုကကြီစိုးမင်းမူလေသည်။
လေပြင်းများကလဲ ကြမ်းတမ်းစွာတိုက်ခတ်နေကာ သစ်ပင်များမှာ ထိုလေပြင်းဒဏ်ကိုအလူးအလိမ့် ခံစားနေရပီး ဘယ်ညာယိမ်းထိုးလျက်။
ည ၁၁ နာရီလောက်ထဲကနေ အခုချိန်ထိမစဲနိုင်ပဲရွာသွန်းနေသောမိုးသည် မနက် ၅နာရီခွဲခန့် တွင် စဲစပြုလာပီဖြစ်သော်လည်း အရှိန်မသေသေးနိုင်စွာ တဖြောက်ဖြောက်နှင့်တော့ ရွာနေသေးသည်။
ထိုအချိန်ကျမှ ငြိမ်းချမ်းဦးတစ်ယောက် သက်ပြင်းချနိုင်တော့သည်။ စောနကလိုသာ မိုးကသည်းကြီးမည်းကြီးရွာနေလျှင်တော့ဖြင့် လူလည်းကူးတို့ဆိပ်ရောက်တာနဲ့ မိုးတွေစိုရွှဲပီး ကြွက်ရေနစ်တဲ့ရုပ်ပေါက်နေမှာအသေအချာပင်။
အဲ့လိုသာမိုးရွှဲသွားရင် မိုးစိုတာပဲအဖတ်တင်ပီး ကျောင်းကတက်ရမည်မဟုတ်ပေ။ အခုလိုမျိုး မိုးကသဘောကောင်းစွာနဲ့ နည်းနည်းစဲသွားပြန်တော့လည်း သွားရလာရအဆင်ပြေသည်မဟုတ်ပါလား။
ဒါပေမယ့် ကျောင်းတက်ရတော့မယ်ဆိုတော့ နွေရာသီကျောင်းပိတ်ရက်ကလို မနက် ၇ နာရီထိုးမှ အိပ်ရာထလို့မရတော့ပေ။ မနက် ၅ နာရီလောက်ထဲကစပီး အိပ်ရာထ ၊ ရေမိုးချိုး ၊ အ၀တ်စားလဲ ၊ မနက်စာစား နဲ့ ၆နာရီလောက်ရောက်ရင် အမေထည့်ပေးတဲ့ထမင်းချိုင့်လေးဆွဲပီး ကူးတို့ဆိပ်ကိုသွားရပီ။
သူတို့ရွာကဧရာ၀တီတိုင်းထဲရှိ ၀ါးခယ်မဆိုတဲ့ နယ်မြို့လေးထဲကရွာလေးတစ်ရွာဖြစ်ပီး မြို့နှင့်အနည်းငယ်လှမ်းတော့ ကျောင်းသွားလျှင်သင်္ဘောနှင့်သွားရသည်။
YOU ARE READING
August
Teen Fictionမင်းနဲ့အမှတ်တရတွေအများဆုံးရှိခဲ့တဲ့ဩဂုတ်လကငါသတိမထားမိတဲ့အချိန်မှာပဲခဏလေးနဲ့ကုန်ဆုံးသွားပီ။