23

542 43 3
                                    

Unicode

လောလောဆယ်တော့ နေ့လယ်စာစားပြီး Hotelမှာ လူကြီးတွေရယ် Jisooနဲ့ Lisaရယ်ကအိပ်နေတုန်း ဝါဿနာတူသည့် Jenနဲ့ Rosé ဟာ သူတို့အခန်းတွေထဲကထွက်ပြီး Hotelရဲ့ပန်းခြံထဲကိုဝင်လာကြသည်။

"ငါတို့4နာရီမထိုးခင်တော့ပြန်လာရအောင်နော့"

"အွန်းပါ ငါတို့အဲ့လောက်မကြာလောက်ပါဘူး"

ထို့‌‌နောက်ကောင်မလေးနှစ်ယောက် ခဏသာငြိမ်သက်သွားကြသည်။ နောက်တော့ Rosé ကစပြီးစကားပြောလာသည်။

"Jennie, Lisaအိပ်နေတာလား"

"အွန်း ဟုတ်တယ် ခဏလောက်အိပ်လိုက်ဦးမယ်ဆိုပြီး အိပ်နေတာ... Jisoo လဲအိပ်နေတယ်မလား"

Roséဟာ တခစ်ခစ်ရယ်လျက် ပြန်ဖြေသည်

"အွန်း ဟုတ်တယ်"

ဒါကဘယ်လိုလဲဆိုတော့ Hotel ကိုနှစ်‌ယောက်တစ်ခန်း ယူလိုက်ခြင်းဖြစ်သည်။ Rosé ဟာ Jisooနဲ့တူတူနေချင်တာကြောင့် JenLisa တို့အတွက်၊ လူကြီးနှစ်ယောက်အတွက်နဲ့ Chaesooတို့အတွက်သာ booking တင်လိုက်ခြင်းကို အခန်းbookingတွေပြည့်နေလို့ 3ခန်းရလိုက်တယ်ဟုပဲ လိမ်ပြောရမှ Jisooနှင့် Rosé တို့အခန်းတူတူကြသွား၏

"ငါ့အစ်မအကျင့်က ဘယ်တော့မှမပြောင်းသွားဘူးပဲ"

Jennieဟာ သူ့ကိုယ်သူရေရွတ်လိုက်သည်။ ဒါပေမဲ့လဲ Rosé ကကြောင်ကြည့်လာသည်။

"အကျင့်? ဘာအကျင့်လဲ"

"ခရီးသွားရင်အိပ်တာလေ ကားပေါ်တုန်းကဆိုသူအိပ်မပျော်လို့ ငါအံ့ဩနေတာ"

Rosé ဟာ "အော်"လုံးသာပြောပြီး နှစ်ယောက်သားပန်းခြံထဲကိုဆက်လျှောက်ကြ၏

"ဒါပေမဲ့လေ ငါထင်တာ သူအိပ်မပျော်တာက သူ့ဘေးမှာနင်ရှိနေလို့ထင်တယ်"

Jenဟာ ပြုံးပြုံးကြီးပြောသည်။ Rosé ကလဲ Jenကိုကြားတော့ ပြုံးစိစိဖြစ်သွားရသည်။

"ဟာ နင်ကလဲ"

Jennie ကတဟဲဟဲသာ ရယ်နေသည်။ Jenသာဆက်ပြီးစနေရင် Rosé မျက်နှာကြီးက ခရမ်းချဉ်သီးကြီးဖြစ်တော့မှာ

နှစ်ယောက်သား Hotel တစ်ခုလုံးကိုလျှောက်ပတ်သွားကြသည်။ luxurious hotelကြီးဆိုတော့ အကျယ်ကြီးပဲရယ်။ Rosé က villaယူရင် Jisooနဲ့တစ်ခန်းထဲနေရမှာမဟုတ်လို့ ကိုယ့်private poolနဲ့ကိုယ်ရှိတဲ့ villaအစား ဈေးကြီးတဲ့hotelသာသွားလိုက်သည်။ ဒါပေမဲ့ ဒီHotelလဲ 7 star hotelမလို့ private pool ပါ၏။ ဒါ့အပြင် Rosé က hotelဝန်းကျင်ကို လျှောက်သွားရတာကြိုက်တဲ့လူမလို့လဲပါတာ‌ပေါ့

You've reached the end of published parts.

⏰ Last updated: Sep 01 ⏰

Add this story to your Library to get notified about new parts!

LocoWhere stories live. Discover now