4.4.2024
''ဝါးး...''
အိပ်လို့ကောင်းလိုက်တာဗျာ .ကျနော်နိးနိးချင်းပဲ ဖုန်းကိုအရင်ဆုံးရှာသည်. အိပ်ရာကထသည်နင့်ဖုန်းကိုအရင်ရှာတာ ကျနော့်အကျင့်ဖြစ်သည်. ဖုန်းဖွင့်ပြီးfacebookထဲဝင် ဟိုကြည့်ဒီလျှောက်ကြည့်နေရင်း ကျနော်တွေ့လိုက်တာ ကောင်လေးတစ်ယောက်ရဲ့ မွေးနေ့postတစ်ခု. အဲ့ဒီကောင်လေးက ကျနော့်သူငယ်ချင်းနဲ့ရုပ်ချင်းခပ်ဆင်ဆင်ဗျ.ကျနော်လည်း စပ်စုချင်စိတ်နဲ့ အဲ့ကောင်လေးကို စာပို့လိုက်တယ်''
''hi အကို တစ်ခုလောက်မေးလို့ရမလားး''
"ဟုတ် မေးလေ" အချိန်တန်ကြာတဲ့အခါ သူ့ဘက်က စာပြန်လာတာ ဖြစ်တယ်
ကျနော်လည်း ဆတ်မေးလိုက်သည် ''အကို့မှာ အမွှာတွေဘာတွေရှိလားဗျ"
''မရှိဘူး ဘာလို့လဲ"
သူ့ဘက်က ပြန်ဖြေချင်းဖြစ်သည်.
"အကိုက ကျနော့်သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ဆင်လို့ဗျ" ဆိုပြီး ကျနော့်သူအမေးကိုဖြေလိုက်သည်.
တကယ်လည်း သူတို့နစ်ယောက်က ရုပ်အနည်းငယ်ဆင်သည် .
"အကို ကိုထွန်းကိုသိလားဗျ'' ကျနော်ဆတ်မေးလိုက်တယ်
"aww သိတယ်လေ သူ့ကို အကို့သူငယ်ချင်းလေ"ဆိုပြီး သူပြန်ဖြေလာတယ်.
သူတို့နစ်ယောက်က သူငယ်ချင်းလား ကိုထွန်းမှာ သူနဲ့ရုပ်နည်း"တူတဲ့သူငယ်ချင်းရှိတယ်ဆိုတာ ကျနော်မသိခဲ့ ကိုထွန်းနဲ့ကျနော် ခင်လာခဲ့တာ 8နစ်ကျော်ခဲ့ပြီ
ညီအကိုလိုပဲ ကျနော့်အပေါ်အရမ်းကောင်းတဲ့ ဂရုစိုက်ပေးတဲ့သူငယ်ချင်းကောင်းတစ်ယောက်ပါ
ကိုထွန်းက ကျနော့်ထက်1လ ငယ်တယ် ဒါပေမယ့် ကျနော်က ခလေးပဲ အမြဲ ခလေးတစ်ယောက်လိုပဲနေထိုင်တယ် အာ့ကြောင့် အပေါင်းအသင်းတော်တော်များများက ကျနော့်ကိုဆိုချစ်သည်
"မင်းက အထွန်းသူငယ်ချင်းလား"သူ့ဘက်က စာပို့လာသည်.
''ဟုတ် ညီက အထွန်းသူငယ်ချင်းပါ"
ကျနော်ပြန်ဖြေလိုက်သည်.
''ကိုထွန်းသူငယ်ချင်းဆိုတော့ ကိုထွန်းကိုခင်သလို ညီ့ကိုလည်းခင်ပါခင်ဗျ"
ဆိုပြီး စာထပ်ပို့လိုက်တယ်
"Inn "
သူ့ဘပ်ကစာပြန်တယ် "အင်း"တဲ့ ဒါလေးတစ်လုံးထဲကျနော်က အကျင့်တစ်ခုရှိတယ် ကျနော်နဲ့စကားပြောရင်း "အင်း "တို့ "အွန်း "တို့ ပဲ ပြန်ပို့ရင်အရမ်းစိတ်တိုတတ်တယ် ကျနော်ကလည်း ခပ်စွာစွာနဲ့ စာပြန်လိုက်တယ်
"အကိုက ညီနဲ့စကားမပြောချင်လို့လား စိတ်မပါလက်မပါနဲ့ Inn တစ်လုံးထဲ "ဆိုပြီးကျနော် စာပို့လိုက်တယ်
"မဟုတ်ပါဘူး အကိုကဒီတိုင်းပဲ မသိတဲ့သူတွေနဲ့ဆို စကားသိပ်မပြောလို့ပါ"တဲ့ သူ့ဆီက စာ
"မသိတဲ့လူ အခုခင်သွားပြီဟာကို အကိုကလည်း"ကျနော်ထပ်ပို့လိုက်တယ်
"ဟုတိပါပြီ တကယ်မနိင်ဘူးနော် ဒါနဲ့မင်းနာမည်က"
''လရောင် ညီ့နာမည်က လရောင် ''
ကျနော်ပြန်ဖြေလိုက်သည်
"အကို့နာမည်ကရော" ကျနော်မေးလိုက်တယ်
''အကို့နာမည် နဒီပါ "
"ဟုတ် ကိုထွန်းကို ခင်သလို ညီကိုလည်းခင်ပါနော် အကို"
"ဟုတ်ကဲ့ အကို့ကိုခင်လိုရပါတယ် ဒါပေမယ့် အကိုက စကားပြောရင်ခပ်ပြတ်ပြတ်ပြောတတ်လို့ စိတ်မဆိုးပါနဲ့နော်" သူ့ဆီကစာ
"ဟုတ်ကဲ့ ဒါနဲ့ အကို အခုဘာလုပ်နေ"
ကျနောမေးလိုက်တယ်
သူ့က screen short တစ်ခုပို့လာတယ်
ကျနော်ကြည့်လိုက်တော့ ကျနော့်accထဲမှာ တင်ထားတဲ့ပုံတွေ သူဝင်ကြည့်နေတာ
ပြီးတော့ notiတွေတတ်လာတယ် သူကျနော့်ပုံတွေကို အသည်းလိုက်ပေးထားတာ
"အခုမှသေချာကြည့်မိတယ် ညီက ချစ်စရာလေးနော်"သူဆီက စာတစ်စောင်ထပ်ဝင်လာတယ်
ကျနော် ပြုံးမိတယ် နစ်နစ်ခြိုက်ခြိုက်ကို ပြုံးမိတာဗျာ ဒီလိုနဲ့သူနဲ့ကျနော် စာကားတွေများကြီးပြောဖြစ်ကြတယ် နောက်တော့ ကျနော်လည်း အလုပ်သွားဖို့ပြင်ဆင်ရန် သူ့ကိုနှုတ်ဆတ်ပြီး လိုင်းဆင်းတယ် ပြီးတော့ ကျနော် လုပ်စရာရှိတာတွေလုပ်ပြီး အလုပ်သွားတယ် အလုပ်သွားတဲ့လမ်းတစ်လျှောက်လုံးလည်း တစ်ယောက်ထည်းပြုံးစိစိနဲ့ပေါ့ဗျာ ဘာကြောင့်ရယ်မသိ ရင်တွေခုန်နေမိတယ်...။