🧝Chapter 40
"အလျင်မလိုပါနဲ့....ဒီကိတ်မုန့်ကို ငါတို့ယူမယ်...အခုနက ဒီဆိုင်ရှင် စကားနည်းနည်းမြန်သွားတယ်...ဒါပေမဲ့ ဒီအရသာရှိတဲ့ ကိတ်မုန့်က ပဲတီစိမ်းတင်ပဲလို့ ယုံရခက်တယ်...ကြည့်ရတာ အဆင်မပြေပေမဲ့ လုံးဝကောင်းတယ်...လက်ခံတယ်...အံ့သြစရာပဲ...ဒီနေ့ ငွေပမာဏနည်းနည်းဆိုရင်ရော — သုံးပြားဆိုရလား...ပြီးရင် ငါ ငါ့သခင်ကို မင်းကို ပုံစံဖော်ခွက်တစ်စုံပေးခိုင်းလိုက်မယ်...အဲဒါကိုသုံးပြီး ကိတ်မုန့်ကိုပုံသွင်း....နောင်ကျရင် တစ်ခုကို ငါတို့ ငွေတွဲဝက်နဲ့ဝယ်မယ်"
(T/N– ငွေတစ်တွဲ=1000ချမ်)မြောင်ဟယ် အံ့သြမှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ မနေ့က သူထလုပ်ခဲ့သည့် ပစ္စည်းက အနည်းဆုံး အခုငါးဆယ်ဖြစ်သည်။တစ်ခုကို သုံးပြားနှင့် ရောင်းလျှင် အခုငါးဆယ်ဆို 25ဆင့်နီးနီးဖြစ်သည်။
1 ခု = 0.5 ဆင့် = 5 ချမ် (ဒင်္ဂါး3ပြား)
20 ခု= 1မောင် = 10 ဆင့်
50 ခု = 2မောင် 5 ဆင့် = 25 ဆင့်။ပုံစံဖော်ခွက်ဖြင့်ပြုလုပ်လျှင် ၎င်း၏အရွယ်အစားသည် ပိုကြီးမည်ဖြစ်သော်လည်း ပမာဏပိုများပါက လုံးဝအဆင်ပြလောက်သည်။
မြောင်ဟယ် တစ်နေ့လျှင် အနည်းဆုံး သုံးယွမ်နှင့်ညီမျှသည့် ပဲတီစိမ်းကိတ် အခု 60နီးပါးပြုလုပ်နိုင်ဖွယ် ရှိသည်။
(20 ခုအတွက် = 10 ဆင့် = 1 မောင်
သုံးရက် = 3*3 = 9 မောင်[1 တေး နီးပါး]... သုံးရက်လျှင် 1 တေးနှင့် ရက်သုံးဆယ်လျှင် 10တေး...)တွက်ပြထားတာဟုတ်လားတော့မသိဘူး 😬
ဒါဆို အိမ်ဆောက်ဖို့ ပိုက်ဆံက အပိုထွက်နိုင်လား...
မြောင်ဟယ် နောက်ဆုံးတွင် ပြုံးသွားသည်။
"ကောင်းပြီ... ကျေးဇူးတင်ပါတယ် ဆိုင်ရှင်...ဒါဆိုနောက်ကျ ဒီဟာကိုလည်း ပို့ပေးမယ်"ဆိုင်ရှင်ကျင်းက ရယ်ပြီးဆို၏။
"ကိစ္စမရှိပါဘူး ပြဿနာမရှိဘူး...များလေ ပိုကောင်းလေပဲ"ဤတစ်ခါတော့ သူတို့နှစ်ယောက် စာချုပ်မချုပ်ခဲ့ပေ။မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ငွေကုန်သွယ်ခြင်းနှင့် ကုန်ပစ္စည်းပေးပို့ခြင်းကိစ္စမျှသာဖြစ်သည်။မြောင်ဟယ် နောက်ပိုင်းတွင် ဆိုင်ရှင်ကျင်းထံမှ သစ်သားပုံစံဖော်ခွက်များရရှိပြီး သကြားနှင့် ဝက်ဆီအိုးသေးသေးလေးအတွက် မြို့၏အစားအသောက်ဆိုင်သို့ ပြန်လာခဲ့သည်။ နှမ်းဆီအရသာကို အခြားသူများ မကြိုက်မည်ကို သူ စိုးရိမ်သည်။ ထို့အပြင် အဆီဖြင့်ပြုလုပ်ထားသော ပဲတီစိမ်းကိတ်များသည် စားရလွယ်ကူသည်၊ ပိုမိုမွှေးကြိုင်ပြီး သန့်စင်မှုရှိသည်။