Part-1(U/Z)

492 13 4
                                    

 ~Unicode~

"ဟန်မာယာလင်း နင်အခုရပ်လိုက်"
အိမ်ထဲတွင်ကျယ်လောင်သွားသည့် ဦးသီဟ၏အသံ။
သုံးထပ်တိုက်၏ အောက်ဆုံးအထပ်က အော်သံဟာ ၃ထပ်လုံးရှိ ဇနီးမယားသမီးသားတို့ကို လုပ်ခတ်စေခဲ့သည်။
အခန်းအသီးသီးမှ မိသားစုဝင်များ အောက်ဆုံးထပ်က အိမ်လည်ခန်းတွင် လာရောက်စုရုံးကြသည်။

ဟန်မာယာလင်းဆိုတာ တစ်အိမ်လုံးနှင့်တစ်ယောက်အမြဲလုပ်တတ်သည့် အငယ်ဆုံးသမီး။တားမြစ်သူ ဖခင်ကိုတောင်မကြောက်မရွံ့ နောက်ပြန်လှည့်မကြည့်ဘဲ ရပ်လိုက်သည်။

"ဘာကိစ္စ ရပ်ရမှာလဲ"
အဖေကိုမလေးမခန့်ပြန်လုပ်နိုင်တာ သူတစ်ယောက်သာရှိသည်။အမေဖြစ်သူ၏သဲသဲလှုပ်အလိုလိုက်မှုကိုခံထားရခြင်းကြောင့်ဖြစ်သည်။

"ဟန်လေး နင်ဘာလို့ ပါပါးကိုပြန်ပြောနေတာလဲ"
အဖေချစ်သား အဖေ့ခြေရာနင်းမည့်သားလို့ဆိုရမည့် ဟန်လေး၏အထက်က အစ်ကိုငယ် ဘုန်းသီဟ။

"နင်ဘာလို့လျှာဝင်ရှည်နေတာလဲ ကတုံးရဲ့
နင့်အဖေကို​မေးလေ ငါဘာလို့ပြန်ပြောနေလဲဆိုတာ"
ဘုန်းသီဟ၏ ဆိုးမိုက်မှုကြောင့် ကျောင်းတက်စဥ်တုန်းက ပြောင်နေအောင်အတုံးခံခဲ့ရသည်ကို အမှတ်ယူကာ ယခုတိုင် ဟန်လေး၏နှုတ်ခမ်းဖျား နာမည်တွင်နေခြင်းဖြစ်သည်။

"ပါပါး ဘာဖြစ်တာလဲ"
အေးဆေးတည်ကြည်စွာ ဖြေရှင်းတတ်သည့်သူဟာ ဟန်လေး၏အစ်ကိုအကြီးဆုံး စင့်သီဟ။

"ဘာဖြစ်ရမလဲ ကိုကြီးရဲ့ဖခမည်းတော်လေ သမီးကိုမိန်းမယူခိုင်းမလို့တဲ့"
ဟန်လေး၏ နှုတ်ခမ်းဖျားက ထိုစကားလွှင့်ထွက်လာတော့ အကုန်လုံးဟာအကြောင်လိုက်ဖြစ်သွားသော်လည်း ဝမ်းသာမျက်လုံးတွေကိုတွေ့လိုက်ရသည်။

ဟန်လေးမှာ အစ်ကိုနှစ်ယောက် အဖေရယ်အပြင် အမေဖြစ်သူဒေါ်မူယာလင်းနှင့် အဖွားဖြစ်သူဒေါ်သူဇာတို့ပါရှိသေးသည်။
မိသားစုစုံလင်သည့် ကလေးမဟာ ချစ်ခြင်းခံရမှုကြောင့် တစ်စက်မျှကြောက်ရွံ့စိတ်မရှိ။

"ရှင်တကယ်ပြောနေတာလား"
မျက်နှာတစ်ချက်မပြတ်ဘဲ အပြုံးဆောင်လျက်ဒေါ်မူယာတစ်ယောက် ဦးသီဟနားကပ်လာသည်။

You've reached the end of published parts.

⏰ Last updated: Aug 29 ⏰

Add this story to your Library to get notified about new parts!

Arrange MarriageWhere stories live. Discover now