ep - 4

2 1 0
                                    

မဟာကျောင်းက‌ပြန်ရောက်ပြီး အခန်းထဲတန်းဝင်ကာ ရေမိုးချိုးကာ အိပ်ယာထဲလှဲနေသည် အတွေးထဲတွင်

'ဘာလို့အိမ့်က ‌ကျောင်းပြောင်းလားတာလဲ အရင်ကျောင်းကလည်း သူအဆင်ပြေနေတာပဲဟာ ဘာပဲဖြစ်ဖြစ်ကောင်းတာပါဘဲလေ အနေပိုနီးသွားတာပေါ့ ' မဟာတွေးနေတာကိုရပ်လိုက်ပြီး ဖုန်း Gallery ထဲကအိမ့်အရင်နှစ်က ရီနေတဲ့ပုံးလေးကို
သူရိုက်ထားတာဖြစ်သည် ဒါပေမဲ့ အိမ့်ရီနေတဲ့ပုံကိုကြည့်နေပေမဲ့ အတွေးထဲထပ်ဝင်လာသူက ရောင်ဝါရီနေတဲ့ပုံလေး

‌မဟာလည်းရောင်ဝါဆိုမှဆိုမှအတွေးဝင်လာသည်
အခုတလော ရောင်ဝါက တစ်မျိုးဖြစ်နေတာ
စကားပြောရင်တောင် သူ့အပေါ်တစ်မျိုးကြီး
‌နောက်မှဘာဖြစ်‌နေတာလည်း မေးကြည့်အုံးမယ်
ဆိုပြီး မဟာလည်း အိပ်ပျော်သွားသည်

ကျောင်းထဲတွင်

'ရောင်ဝါ ဘာဖြစ်နေတာလဲ'

မြတ်ဘုန်းကလှမ်းမေးလာခြင်းဖြစ်သည် တကယ်ပါပဲ
ကိုယ်လည်းမသိတော့ပါဘူး ဘာဖြစ်နေမှန်းကို
ဟိုတစ်နေ့က ကာရံပြောတဲ့စကားကြားပြီးတည်းက

'အော် ဘာမှမဖြစ်ပါဘူး ငါအခုတလော
နေမကောင်းဖြစ်ချင်သလိုဖြစ်နေတော့
မင်းလည်းသိတယ်မလား ငါ့နှာစီးတာက အမြဲပဲလေ'

'အေး သိပါတယ်မင်းလည်းဂရုစိုက်အုံး
ကျန်းမာရေးလေးဘာလေး မဟာကိုဘဲ‌
ငေးမနေနဲ့ '

'ဟမ်း မြတ်ဘုန်း ဘာပြောလိုက်တာ '

'ရောင်ဝါရယ် မင်းနဲ့ ဘုန်းခန့်က ငါ့ငယ်သူချင်း
တွေပါကွာ ဘယ်သူက ဘာဖြစ်နေလည်း
ငါကြည့်တာနဲ့ သိပါတယ်ကွာ '

'မင်းငါ့ကို တစ်မျိုးမြင်သွားလားဟင် ငါ ! ငါက!
Gayတစ်ယောက်ဆိုတော့ '

'ဘာရောင်ဝါ ငါကခုခေတ်လူငယ်တစ်ယောက်ပါကွာ
လူတစ်ဦးနဲ့ လူတစ်ဦးချစ်တာကို သူကတော့ယောက်ကျား
လေးမို့ သူကမိန်းကလေးတစ်ယောက်မို့လို့ ခွဲခြားထားတာမရှိဘူး '

'အချစ်ဆိုတာ သူရဲ့ဘယ်လိုဖြစ်တည်မှုမဆို
နားလည်ပေးတာမျိုး သူရဲ့အနာအဆာလေးကိုတောင်
မြတ်မြတ်နိုးနိုး နဲ့တန်ဖိုးထားပေးတာအချစ်ကွ '

A Flower that was not for meWhere stories live. Discover now