လယ်သူဌေးကြီး၏ သတိပေးမှု

9.1K 800 25
                                    

(AN/ခုနက အပိုင်းကျော်သွားလို့နော်။)

အပိုင်း (၁၇၉) လယ်သူဌေးကြီး၏သတိပေးမှု

မြို့လေးကို လိုက်လာခဲ့သူများထဲတွင် အကြီးကဲကျန်းနှင့် ရွာသားတချို့လည်း ပါဝင်ခဲ့၍ ထိုမိသားစုသည် ဤဖမ်းမိမှုအား မဟုတ်ဟု ငြင်းနိုင်မည်မဟုတ်ချေ။

ထပ်ပြီး ရွာမှာ အကြီးကဲကျန်းက သူတို့လုပ်ထားတဲ့အပြစ်ကို ရွာသားတွေရှေ့မှာတင် ဝန်ခံခိုင်းပေမယ့် ထိုမိသားစုက နှုတ်ပိတ်ပြီးနေခဲ့တာကြောင့် ငြင်းဖို့စကားရှာမရအောင် ပိုင်လီကပြောလိုက်ပါတယ်။

"ဘယ်လိုငြင်းငြင်း ရမှာမဟုတ်လို့ အချိန်မဆွဲဖို့ပဲအကြံပြုလိုက်မယ် ဒီခါးချိတ်အဆောင်တွေက ကျွန်တော့်အိမ်က ကောလေးတွေရဲ့ပစ္စည်းတွေဖြစ်ပြီး  ဝယ်ထားတဲ့နေရာကနေလည်း အတည်ပြုပေးနိုင်တယ် ဒါကြောင့် အဓိပ္ပါယ်မရှိတာတွေ ပြောမနေဘဲ ဝန်ခံတာက ပိုကောင်းပါတယ် အကယ်၍ မရမကငြင်းနေလည်း ရုံးတော်မှာ အမှန်တိုင်းဝန်ခံရမှာပဲဆိုတော့လေ"

ပိုင်လီက ဒီလိုမျိုး ပြဿနာတွေရှင်းရတာကို အတော်လေးကို စိတ်ကုန်နေပြီပင်။ သူက ဒီတစ်ခေါက်မှာ ရုံးတော်ထိသွားဖို့ စိတ်ကူးမရှိဘူး။ သူ့သားလေးတွေရဲ့ ပစ္စည်းတွေပြန်ရပြီး ဒီမိသားစုလည်း နောက်ထပ်ဒီလို သူတို့မိသားစုအပေါ် အမြတ်ထုတ်ဖို့ မကြိုးစားရဲတော့အောင် အကြီးကဲကျန်းက အနည်းငယ် ခြိမ်းခြောက်ပေးရင်ကို ကျေနပ်ပြီဖြစ်သည်။

သူဒီတစ်ခေါက်သာ ရုံးတော်ကိုသွားရင် တရားသူကြီးက သူ့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ မတွေးရဲတော့လို့ပါပဲ။

ပိုင်လီပြောတာကြားတော့ ထိုမိသားစုသည် မျက်နှာများ ပျက်သွားခဲ့ကျလေသည်။ တကယ်တော့ သူတို့ငြိမ်နေခဲ့တာက အကောင်းမဟုတ်ပါဘူး။သူတို့က ဘယ်လိုငြင်းပြီး အပြစ်ကို ရှောင်ဖယ်ရမလဲဆိုတာကို တွေးနေခဲ့ကျတာပင်။

သူတို့က ပစ္စည်းတွေရောင်းနေတုန်းမှာမိသွားတာဆိုတော့ ဝန်မခံချင်လည်း ဝန်ခံရတော့ပေမယ့် သူတို့က ကောက်ရတာလို့ ငြင်းချင်နေသေးပါတယ်။ သို့သော်ပိုင်လီပြောသော စကားများအရ ပိုင်လီက သူတို့ကိုအမှန်တိုင်း ဝန်မခံပါက ရုံးတော်သို့ပို့မည်ဟု ခြိမ်းခြောက်နေသလိုပင် ဖြစ်နေ၍ သူတို့ရဲ့ထိုအကြံကို စွန့်လွှတ်ရုံသာ တတ်နိုင်တော့ပေသည်။

အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now