Chapter-4🔞🔞🔞🚨

8.8K 79 1
                                    

ရွန်းခက် သူချိန်းဆိုရာ နေရာဆီ အလောတကြီး ရောက်လာသည့် ဇာမဏီကြောင့် နှုတ်ခမ်းတွန့်ရုံ တစ်ချက် ပြုံးကာ ရှန်ပိန်သောက်ရန်ပြင် နေတော့ ထိုခွက်ကို ဆွဲယူကာ ရိုက်ခွဲပစ်လိုက်သည့် ဇာမဏီ...

"ဟွန်း..စိတ်လျော့ပါဦး..ဒွန်းဇာမဏီမောင်ရယ်...ငါဒီတုင်း ရှန်ပိန်လေး သောက်ရုံပါ။"

"စောက်ပိုတွေ ပြောမနေနဲ့ ရွန်းခက်မောင်..မင်းnew yorkကိုပြန်လာတာ အကြောင်းမဲ့ မဟုတ်ဘူးမလား...ငါမင်းကို အရင်က သေချာပြောခဲ့တယ်နော်။ရွန်းခက်မောင်ဆိုတဲ့ မင်းကို babyရှေ့ကနေ ထွက်သွားဖို့...။"

ကော်လံစကို ကိုင်ကာ ဒေါသတကြီးဆိုလာသည့် ဇာမဏီကို ကြည့်ပြီး ရွန်းခက်က အေးဆေးစွာပင်..။

"အဟင်း....ငါbabyဆီကနေ ထွက်သွားခဲ့ပါတယ်။ဒါပေမယ့်babyရင်ထဲကရော ငါ့ကို ဆွဲထုတ်နိုင်ရဲ့လား..ဒွန်းဇာမဏီမောင်.ရဲ့...ဟင်။."

သွေးထွက်အောင် မှန်လွန်းသည့် စကားကြောင့် ဒွန်း စိတ်ထဲ ဝမ်းနည်းသွားမိသလို တစ်ဆက်တည်းမှာပင် မေးကြောများ ထောင်လာကာ သွေားကြောစိမ်းများ ထောင်နေသည့် လက်များမှာ ရွန်းခက်၏ ကော်လံမှ တစ်ဆင့် လည်ပင်းသို့ ရောက်သွားကာ အားကုန်ညစ်တော့ ရွန်းခက်က ထိုလက်ကို ဖယ်ရှားရင်း ခပ်ဟဟရယ်ကာ...

"ဟား..ဟား...ဟား...ကကည့်ရတာ ငါပြောတာ မှန်တယ်ထင်တယ်။နင်ငါ့ကိုပဲ အမိန့်ပေးလို့ရမယ် ဇာမဏီ...သွင် လေးရဲ့ နှလုံးသားကိုတော့ နင် အမိန့်ပေးလို့မရဘူး။"

"ဘာလို့မရ..ရမှာလဲ..ငါ နင့်ထက် babyကို ပိုဂရုစိုက်တယ်။ပိုကောင်းပေးတယ်။babyငါ့ကို ချစ်လာတော့မှာ..မင်း..မင်းသာ babyရှေ့မှာ ဘယ်တော့မှ ပေါ်မလာနဲ့...။"

"ဟ..ခက်ပါ့လား..ဇာမဏီ.. မျက်စေ့ရှေ့မှာ ရှိနေရမှ....မြင်နေရမှသာ..အချစ်ဆိုရင် ... LDRS တွေတောင် ပေါ်လာမှာ မဟုတ်ဘူးကွ။"

ရွန်းခက့်စကားကြောင့် ဇာမဏီ ညှစ်ထားသည့် လက်များ ပြေလျော့သွားကာ အသင့်ရှိနေသည့် ထိုင်ခုံပေါ်ထိုင်ချလျက် မှိုင်တွေသွား၏။

"ငါသိတယ်...ရွန်းခက်.အချစ်ကို ဇွတ်အတင်းလုယူလို့ မရဘူးဆိုတာ....ဒါပေမယ့်ငါလေ... ငါကြိုးစားကြည့်ချင်တယ်။ရွန်းခက်ဆိုတဲ့မင်းထက် ဒွန်းဇာမဏီမောင်ဆိုတဲ့ ငါ့ကို babyလက်ခံလာအောင် ငါကြိုးစားချင်တယ်။"

မောင့်ရင်ခွင်၌ နားခိုခိုက်ဝယ်...🔞Where stories live. Discover now