အခန်း(၆၅၀)

24 1 2
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၆၅၀) : အထွတ်အထိပ် နယ်ပယ်အဆင့်

ဝမ်ဝေ့က တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံလိုက်၏။ သူ့ခန္ဓာကိုယ်ထဲရှိ စည်းမျဉ်းသစ်ပင်က သစ်သီးတစ်လုံး အလျင်အမြန် ဖွဲ့စည်းလာသည့်အတွက် ဝင့်ဝင့်စွားစွား တောက်ပလာသည်။ ထိုသစ်သီးက ငွေရောင် ဖြစ်ပြီး သင်္ကေတကိုးခုပါရှိကာ တစ်ခုချင်းစီက ဝမ်ဝေ့၏ ကံကြမ္မာစည်းမျဉ်း၏ ကဏ္ဍများဖြစ်သည့် ကံ၊ ကံကြမ္မာ၊ ကြမ္မာ၊ သံသရာ၊ ကာလံဒေသံ၊ ကံကောင်းမှု၊ အစီအစဉ်ကျမှု - မကျမှု၊ ယင်ယန်နှင့် လွတ်လပ်ခွင့်တို့ ဖြစ်၏။

သူ့နားလည်နိုင်စွမ်းက လိုအပ်သည့်အဆင့်သို့ ရောက်ရှိသွားသည်နှင့် သူသည် တာအိုသစ်သီးကို ဖွဲ့စည်းဖို့ ပြဿနာ မရှိပေ။ ဝမ်ဝေ့က သူ့စည်းမျဉ်းသည် ပိုမိုမြင့်မားသည့် အဆင့်အဖြစ် သိမ်မွေ့သွားပြီး သူတို့က စည်းမျဉ်းအားလုံး၏ အရင်းအမြစ်ဖြစ်ရာ တာအို ဖြစ်လာ၏။

သို့သော်လည်း ဤသည်က တာအိုသစ်သီး ဖွဲ့စည်းရာတွင် ပထမအပိုင်း ဖြစ်၏။ နောက်အဆင့်က အံ့ဖွယ်ခန္ဓာကိုယ်အဆင့်နှင့် တူညီသည့် သူ့လိုအင်ဆန္ဒ၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ထည့်သွင်းရမည် ဖြစ်သည်။

လူအားလုံးက တာအိုနောက် လိုက်နိုင်ကြခြင်း မဟုတ်ပေ။ လုပ်ဆောင်နိုင်သည့် ထိုလူများကြားတွင်ပင် ကွဲပြားချက် ရှိ၏။

ကျင့်ကြံသူတစ်ယောက်က သူတို့၏ ကိုယ်ပိုင်တာအို ရှိကြလား ဒါမှမဟုတ် သူတို့က ဘိုးဘေးရဲ့ လမ်းစဉ်ကိုပဲ မှီခိုနေကြတာလား...

သူတို့ရဲ့ တာအိုနှလုံးသားနဲ့ စိတ်အခြေအနေက တာအိုလမ်းစဉ်နောက် လိုက်ဖို့ ထိုက်တန်ရဲ့လား...

ထိုအရာအားလုံးက အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ဝင်ရောက်သည့် အောင်မြင်နိုင်မှုကို ဆုံးဖြတ်ပေးနိုင်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း IVDonde viven las historias. Descúbrelo ahora