“ဟားးးး²”
သူမသည်အောင်နိုင်သူအပြုံးနှင့်အော်ရယ်လိုက်လေသည်။
“ငါကိုယ်တိုင်ငါ့လက်နဲ့ငါ့ကိုနာကျဉ်အောင်လုပ်တဲ့သူကိုသတ်နိုင်လိုက်တာလား…ဟား²
တဂယ်ကြီးငါသတ်နိုင်ခဲ့တာလား”သူမသည်ငယ်စဉ်ကလူတိုင်းလိုချင်သော သူဌေးသမီးဘဝကိုပိုင်ဆိုင်ထားလေသည် သူမသည်မောက်မာပြီးရိုင်းစိုင်းသည်။လူတိုင်းကိုမတူသလိုမတန်သလိုဆက်ဆံလေသည်။
“နင်ငါ့မေကာင်းကြောင်းကိုငါ့နောက်ကွယ်မှာအတင်းကိုတုတ်တယ်ပေါ့…ငါ့အကြောင်းကိုငါ့လောက်သိတယ်ပေါ့…ငါ့အရှေ့မှာလာပြောစမ်းလာပြောလေ”
သူမသည်သူမအကြောင်းပြောသည့်သူမအရွယ်ကောင်မလေးကို ဆံပင်ဆွဲ၍တွန်းထုတ်လိုက်လေသည်။
သူမသည်ကောင်မလေးကိုအနိုင်ကျင့်၍ကျောင်းအုပ်ကြီးရုံးခန်းရောက်သွားလေသည်။
“ဟေ့…ကောင်မေလး…မာန်လွှမ်းထန် မင်းဒီအပြစ်ကိုလုပ်တာကျောင်းထုတ်လို့ရတယ်ဆိုတာသိလား”
“သိတယ်…ကျွန်မကိုကျောင်းထုတ်ချင်တာလားထုတ်လိုက်လေ”
“ဒီကလေးငါလုပ်မိတော့မယ်…”
“လုပ်လေလုပ်လိုက်စမ်းပါ”
“ကဲဒီကလေးမ……ဖြန်းးးး…”
သူမ၏ဆရာသည်သူမကိုခက်ပြင်းပြင်းရိုက်ချလိုက်လေသည်။
သူမသည်အရိုက်ခံရတာတောင်မျက်နှာထားမပြောင်းခဲ့ပေ။
“ကလေးရယ်…အရိုက်ခံထိရအောင်သမီးဘာလုပ်ခဲ့လို့လဲ”
“ဟိုကောင်မကျွန်မအကြောင်းအတင်းတုတ်လို့…ဆံပင်ဆွဲပြီးတွန်းထုတ်လိုက်တာ”
“ဟော်တော်…အဲ့ကလေးမဘာဖြစ်သွားသလဲ”
“ခေါင်း ၆ ချက်ချုပ်လိုက်ရတယ်”
“ဟော်…သမီးရယ်အဲ့လောက်ကြီးမလုပ်ရဘူးလေ”
“ကျွန်မအကြောင်းအဲ့လောက်သိချင်ရအောင်…အဒေါ်ကြီးကဘာလဲ”
“ဘာမှမဟုတ်ပါဘူးသမီးရယ်…”
“ကျွန်မကိုနောက်နေ့တွေမှာ သမီးလို့မခေါ်နဲ့ ကျွန်မကိုသမီးလို့ခေါ်ပိုင်ခွင့်ရှိတာကျွန်မအမေတစ်ယောက်ပဲရှိတယ်…”
“ဟုတ်ကဲ့ပါ…မမလေး”
“သွားတော့လေဘာရပ်လုပ်နေတာလဲ…လုပ်စရာရှိတာသွားလုပ်”
“ဟုတ်…ဟုတ်ကဲ့ပါ”
“အယ်…မာမီပြန်လာပြီ”
သူမသည်သူမအမေကိုသွားကြိုလေသည်။
သူမအမေသည်သူမကိုဂရုမစိုက်ဘဲ လက်ညှိုးနှင့်လက်ခလယ်ကြားရှိ ဆေးဖောလိပ်ကိုသာသောက်နေလေသည်။
“မာမီသမီးဒီနေ့ကျောင်းမှာ အဆင့် ၁ ရခဲ့တယ်”
“ကားပေါ်မှာ လက်ဆောင်ရှိတယ်သွားယူလိုက်”
“သမီးလေးကတော်လိုက်တာ…”
“ကျွန်မကိုသမီးလို့မခေါ်ဖို့ပြောထားတယ်လေ…ကျွန်မအဆင့် ၁ ရတာရှင်နဲ့ဘာဆိုင်လဲ”
“သမီး လူကြီးကိုဘယ်လိုပြောလိုက်တာလဲ…ပြန်တောင်းပန်လိုက်စမ်း”
“မမကြီးရပါတယ်…ကလေးကမသိလို့ပြောလိုက်တဲ့ဟာပဲရပါတယ်”
သူမသည်စိတ်ဆိုးပြီး…အိမ်အပေါ်ထပ်ကိုပြေးတက်သွားလေသည်။
၃၁.၈.၂၀၂၄
လွှမ်း
အပိုင်း-၁