Part{10}Uni/Zawgyi

1.9K 60 9
                                    

Uni

သွေးစက်အမိန့်တို့ ထွက်သွားပြီးသည်အထိ မှိုင်းပန်ချီခန်းထဲမှာ ဒီအတိုင်းရပ်နေမိတုန်းပင်..။

ဘာလဲ။သွေးစက်အမိန့်ကVedioကိုဖျက်ပြီးပြီလို့ပြောသွားတာလား။တကယ်ပဲဖျက်လိုက်တာလား။သူဖျက်ပြီးပြီလို့ပြောသွားတာပဲ။

မှိုင်းအခုမှပဲ သက်ပြင်းချနိုင်တော့သည်။မှိုင်းတကယ်စိုးရိမ်နေခဲ့တာ။အဲ့ဒီ့vedioပြန့်သွားမှာကို။အခုတော့တကယ်စိတ်ချနိုင်ပြီပဲ။

မှိုင်းစိုးရိမ်တာက သက်လေးသိသွားမှာကိုပင်။သက်လေးကလည်း မှိုင်းနဲ့အတူဒီကျောင်းမှာပဲ တက်နေတဲ့ကျောင်းသူ ဖြစ်တာကြောင့် သွေးစက်အမိန့်အကြောင်းကိုလည်း သိမှာပဲ။တကယ်လို့ gpမှာ vedioပြန့်သွားရင် သက်လေးပါအလိုလိုသိသွားမှာပင်။မှိုင်းရှက်ပါသည်။သက်လေးဟာ မှိုင်းရဲ့ညီမလေးပင်။အစ်ကိုတစ်ယောက်ဖြစ်ပြီး သူတစ်ပါးကအနိုင်ကျင့်ခြင်းကို ကိုယ်ကိုယ်တိုင်တောင်ပြန်မတုံ့ပြန်နိုင်ရင် သက်လေးဘယ်လောက်တောင်မှိုင်းကို အထင်သေးသွားလိုက်မလဲ။ဒီလိုသူတစ်ပါးရဲ့ရှက်စရာကောင်းအောင်ရမ်းကားခံနေရခြင်းကို သက်လေးကိုသိလည်းမသိစေချင်သလို မြင်လည်းမမြင်စေချင်ပါ။သက်လေးက သွေးစက်အမိန့်နဲ့ မှိုင်းရဲ့ အခြေအတင်ကိစ္စတွေကိုမသိပေ။မသိတာပဲကောင်းလိမ့်မည်။သက်လေးသိသွားရင် ကယ်လေးနဲ့တီလေးပါသိသွားလိမ့်မည်။ဒီလိုဆို ကယ်လေးနဲ့တီလေးက မှိုင်းကိုထိလာတာကြောင့် ငြိမ်နေမည်မဟုတ်။သေချာပေါက် တုံ့ပြန်မှာပင်။ဒါကြောင့်ကယ်လေးတို့ကို ဒုက္ခမပေးချင်ပါ။ ကျွေးမွေးပြုစုစောက်ရှောက်နေရတာပင် လွန်လွန်းလှပြီမဟုတ်လား။ပြီးတော့ သွေးစက်အမိန့်က ထင်တိုင်းကြဲနေတဲ့ အကောင်။သူ့ကိုဘယ်သူမှ ယှဉ်နိုင်တဲ့သူမရှိပေ။

နောက်တစ်ကြိမ် သက်ပြင်း​မောတစ်ချက်ကို ချလိုက်ပြီး ပန်းချီခန်းထဲကထွက်ဖို့မှိုင်းခြေလှမ်းပြင်ရတော့သည်။ကျက်သတုံးကောင်ကြောင့် အတန်းချိန်တောင် တစ်ချိန်လွတ်သွားပြီထင်သည်။အတွေးတွေနှင့် လျှောက်နေရင်း ပန်းချီခန်းတံခါးဝအရောက် မှိုင်းတစ်ခုခုကို သတိရမိတာကြောင့် ခြေလှမ်းတွေကို ရပ်တန့်လိုက်မိသည်။မှိုင်းရဲ့ ပျက်စီးသွားတဲ့ပန်းချီကားလေး..။

My Husband is bad boy   Where stories live. Discover now