Chapter 61

595 113 0
                                    

Unicode

ကုပိုင်သည် ဤကမ္ဘာပေါ်တွင် မည်သည့်မုန့်ညက်ကြိတ်လိမ့်တံမှ မရှိမှန်းသိလိုက်ရသောကြောင့် ပထမပြိုင်ပွဲအပြီးတွင် တစ်ခုပြုလုပ်ခဲ့သည်။ သို့သော် ၎င်းက အနှေးနှင့်အမြန် လိုအပ်လိမ့်မည်ဆိုတာ သူသိနေ၏။
ကုပိုင် မုန့်ညက်သေးသေးလေးများကို ဖက်ထုပ်ရွက်များအဖြစ် ပြောင်းလဲထားသည်ကိုကြည့်ရင်း ပရိသတ်များရော ဖြတ်သွားဖြတ်လာကြည့်ရှုသူအားလုံးပါ အံ့သြသွားကြသည်။ ထင်းယွီသည်လည်း ခြွင်းချက်မဟုတ်ပေ။

[ဒါက အံ့သြစရာပဲ! သူဘယ်လိုလုပ်လိုက်တာလဲ]

[ရှောင်ပိုင် bravo!! နင်က မှော်ဆရာတစ်ယောက်လိုပဲ ဒီဖက်ထုပ်ရွက်တွေက အရမ်းချစ်စရာကောင်းတယ် ငါတို့ အခုစားလို့ရပြီလား]

[ဒီဖက်ထုပ်ရွက်လေးတွေက နွေဦးဖက်ထုပ်လုပ်တုန်းက သူလုပ်တဲ့ ဖက်ထုပ်ရွက်နဲ့တူတယ် ဒါပေမယ့် အသားကပိုထူတယ်နော်]

[သူ မုန့်ညက်ကြိတ်လိမ့်တံကို အကြိမ်အနည်းငယ် လှိမ့်ပြီးနောက်မှာ အဲ့လိုဖြစ်သွားတာပဲ သူဘယ်လိုလိမ့်လိုက်တာလဲမသိဘူး မယုံနိုင်စရာပဲ!]

[မင်းတို့ ဘာလို့ဂုဏ်ဆာနေကြတာလဲ နတ်ဘုရားယွီက မုန့်ညက်ကြိတ်လိမ့်တံမပါဘဲ ဖက်ထုပ်ရွက်တွေလုပ်တတ်တယ် သူက နတ်ဘုရားယွီဆီကနေ ကူးယူမထားဘူးလို့ ငါ့ကိုထပ်ပြောပါဦး သူလုပ်နေတဲ့ဟာတွေက နတ်ဘုရားယွီလုပ်ခဲ့တဲ့ အဆင့်တိုင်းကို ထပ်ခါတလဲလဲလိုက်လုပ်နေတာကြီးလေ နတ်ဘုရားယွီရှေ့မှာတောင် ဒါကို သူဘယ်လိုလုပ်,လုပ်ရဲရတာလဲ ခွင့်မလွှတ်နိုင်စရာပဲ]

ကုပိုင် anti-fan များကို ဂရုမစိုက်ပါချေ။ ဖက်ထုပ်ရွက်ပြုလုပ်ပြီးသောအခါ အတွင်း၌ အဆာများဖြည့်ပြီး ဖက်ထုပ်စတင်ပြုလုပ်တော့သည်။ သူ့လှုပ်ရှားမှုကို ကြည့်ရှုသူများသတိမပြုမိမီတွင် ချောမွေ့ပြီး ကြည့်ကောင်းဟန်ရသော ဖက်ထုပ်တစ်ခု သူလုပ်ပြီးသွား၏။

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ဖက်ထုပ်ကို တအံ့တသြဖြင့် မထိကြည့်ပဲမနေနိုင်ခဲ့ကြပေ။

တိုက်ရိုက်ထုတ်လွှင့်မှုကို ဟိုလိုဂရပ်ဖစ်ပုံစံနှင့် ထုတ်လွှင့်နေသောကြောင့် ကြည့်ရှုသူများသည် ကုပိုင်လုပ်နေသည့်အရာကို ခံစားနိုင်၊ မြင်နိုင်ပြီး အနံ့ခံနိုင်သော်ငြား ကုပိုင်က သူ့ဟင်းလျာကို မြည်းစမ်းကြည့်ရန် လမ်းမဖွင့်ပေးမချင်း သူတို့မစားနိုင်ပါချေ။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now