" Jeon .. မနက်စာချစ်လေးအတွက်ပြင်ပေး
နေတာလား darling .. "Kim တိုးတိုးကလေးနှင့်ကပ်ပြောလာသောအခါ ..
" အင်း .. "
သူ့ကို စိတ်ဆိုးပြေသေးပုံဟန်မရှိသည့် Jeon ဟာလေ ကျွန်တော့်ကိုဂရုစိုက်မှုကလည်းမပြုတ်သလို
ခုကြည့် မနက်စာကိုပါပြင်ပေးနေသေးတာ .. ပြည့်စုံပြီး ဂရုစိုက်နွေးထွေးပေးမှုပေးတဲ့ ဒီလို အမျိုးသားလေးရတာကြည့်တော့ ကျွန်တော် ဘယ်လောက်ကံကောင်းလိုက်သလဲဗျာ ...မနက်စာပြင်နေသည့် Jungkook ရဲ့ပါးပေါ်က အမာရွတ်လေးရှိတဲ့ နေရာလေးကိုရွှတ်ခနဲ အနမ်းပေးလိုက်ပြီး ကြည်ကြည်းနူးနူး၀ယ်ပြုံးနေသည်မှာ Kim ဖြစ်နေသော်ငြား Jungkook မျက်နှာထက်
၌ အပြုံးစစတောင်မရှိနေခဲ့ပါလေ.. တကယ်တော့ ရင်ထဲမှာ ပန်းပေါင်းစုံပွင့်လျက်ရှိနေတော့တာ .. ကြည်နူးမှုနှင့်အတူ သူ မပြုံးမိအောင် အတန်တန် ထိန်းထားလေသည် ..ကြွက်သားတွေနဲ့ပြည့်တင်းစွာရှိတဲ့ လက်မောင်း
ပေါ်သို့ Kim ပါးလေးကပွတ်သပ်နေလေသလို
ကပ်ချွဲလေးလုပ်နေတာ အလွန်မှချစ်စဖွယ်ပါပဲ .." စိတ်ဆိုးနေပြန်တာလား ဟိုနေ့ကနမ်းလာလို့ အဆင်ပြေထားပြီထင်ထားတာကို .. မဟုတ်ပြန်ဘူးပဲ .. အဲ့လိုမလုပ်နဲ့လေ ရင်ထဲမကောင်းဖြစ်ရတယ် စိတ်ဆိုးတာနောက်ပိုင်းအရမ်းလုပ်လာသလိုပဲ .. "
" စိတ်မဆိုးပါဘူး .. Kim ဆီက ကိုယ်လိုချင်တဲ့အဖြေမရမချင်း ခဏတော့စိတ်ဆိုးဦးမယ် .. စိတ်ဆိုးပေမယ့် နမ်းတာတို့တော့ လုပ်မယ် .. "
စိတ်ဆိုးတာ ခဏတဲ့ မာဖီးယားကြီးက ..
ကျွန်တော့်ဘက်ကိုဆက်ခနဲ လှည့်လာ၍
ရုပ်တည်ကြီးနဲ့ပြောလာနေတာ အဆိုးလေးက အနမ်းကိုတော့မက်မက်မောမောဖြစ်နေတာ .." အို ဘယ်လိုတောင်ချစ်ဖို့ကောင်းနေတာလဲ "
" မာဖီးယားနော် ချစ်စရာကောင်းတယ်ပြောရင်
မကြိုက်ဘူး .. ကိုယ်ဘယ်လောက်ဆိုးတယ်ဆိုတာ
သိတယ်မဟုတ်လား ချစ်လေး .. "Jungkook ရင်အုတ်ပေါ် လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတို့က တို့ထိပြေးကစားလို့
နေလေပြန်ပါသည် ..
YOU ARE READING
Captain Kim ( Completed )
FanfictionJeon Jungkook × Kim Taehyung Start Date _ 22.4.2024 End Date _13.9.2024