26. 𝐲𝐮𝐣𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

1.4K 131 108
                                    

playing -- လူဆိုးမလေးအချစ်
by Wine Su Khine Thein

playing -- လူဆိုးမလေးအချစ် by Wine Su Khine Thein

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Crush

•••


ရစ်ခီမှာ အရမ်းသဘောကျရတဲ့ လူရှိတယ်။ သူက ဘယ်သူလို့ထင်လဲ?

ထားပါတော့ ခန့်မှန်းလည်းမှန်မှာမှမဟုတ်တာ။ ကိုယ်တိုင်ပဲပြောပြတော့မယ် ။

"ဟိုကောင် ဟန်ယူဂျင်းမလား"

ဒိုင်ယာရီစာအုပ်လေးကိုထုတ်ပြီး စာကုန်းရေးမယ်ကြံရုံပဲ ရှိသေးသည်။ ဘယ်အချိန်ကမှန်းမသိ၊ သူ့နောက်ကိုရောက်​ေနတဲ့ ကင်မ်ဂယူဗင်းက privacyဆိုတာလည်း နားလည်ပုံမပေါ်။ သူ့ဒိုင်ယာရီကို လည်ပင်းမော့လို့ အရပ်ရှည်ရှည်ကို အသုံးချပြီး ခိုးဖတ်ရင်း အော်ပြောတယ်။

"ရား တိုးတိုးပြောပါကွ ​မား ကြားသွားရင် ငါ အလကားနေရင်း အင်တာဗျူးခံထိဦးမှာ"

"မင်းတို့ငါတို့အရွယ်တွေက ရည်းစားထားလို့ရနေပါပြီကွာ အန်တီမေးတော့လည်း အမှန်အတိုင်းဖြေလိုက်ပေါ့"

ထိုသို့ပြောနေလို့ သူတို့ကို အသက် အရမ်းအရမ်း ကြီးမည်ဟုတော့ မထင်လိုက်နှင့်။ အခုမှ အသက်က 25နှစ်ထဲပင် ရှိသေးသည်။ ဒါကြောင့်လည်း ရည်းစားတွေအများကြီး ထားဖူးတဲ့ ဂယူဗင်းက ရည်းစားတစ်ခါမှ မထားဖူးသေးတဲ့ သူ့ကိုဆို တအားဆရာကြီးလုပ်လွန်းသည်။ ကင်မ်ဂယူဗင်းတွင် စုစုပေါင်း ထားဖူးသည့် ရည်းစားမှာ သုံးယောက်၊ မမရယ် မမရယ် နောက်ပြီးတော့ မမရယ်ပဲ...!

ထိုအကောင်သည် အမေဗိုက်ထဲက အူဝဲလို့ မငိုဘဲ မမလို့ အော်ငိုခဲ့သည်လားဟုပင် ရစ်ခီမှာ မကြာခဏဆိုသလို ဝေခွဲမရဖြစ်ရတယ်။ မိန်းမကျမ်းကြေနေသော ကောင်သည် သူ့လို ဂေးတစ်ယောက်အား အကြံဉာဏ်သိပ်မပေးနိုင်သော်ငြားလည်း ရစ်ခီကတော့ ဂယူဗင်းကို ဟန်ယူဂျင်းနဲ့ပက်သက်လာရင် ဘယ်လိုချစ်ရေးဆိုသင့်လဲဆိုတဲ့အကြောင်းတွေကို အကြံတောင်းနေမိဆဲသာ ဖြစ်တယ်။

You've reached the end of published parts.

⏰ Last updated: Sep 03 ⏰

Add this story to your Library to get notified about new parts!

To All the boys Ricky've loved beforeWhere stories live. Discover now