အခုတယ်ဒီကြည့်ရသလောက်စာဖတ်သူတစ်ချို့နားမလည်ကြတာတွေတွေ့ရပါတယ်ခုကဟိုရောက်ဒီရောက်မို့နားမလည်ကြတာပါ။တစ်ဖြေးဖြေးဖတ်ရင်း၊ဖတ်ရင်းနဲ့နားလည်လာပါလိမ့်မယ်လို့ပြောချင်ပါတယ်
အိမ်မက်ဆိုတာသိသော်လည်းမျက်ဝန်းမှမျက်ရည်များစီးကျလာခဲ့သည်။
"စောဘယ်သွားမို့လဲ"
စောဆိုသောအမျိုးသမီးသည်မေးတာကိုမဖြေဘဲပြုံးပြနေလေသည်။
"စောဟန်နီမေးနေတယ်လေ"
ထပ်မံပြုံးပြကာနောက်ကျောပေးထွက်သွားလေသည်။
"စော...ဘယ်သွားမာလဲ"
အနောက်ကနေပြေးလိုက်သော်လည်းဝေးသည်ထပ်ဝေးနေသည်။
"စော...စောင့်ပါဦး"
တစ်ဖြေးဖြေးနဲ့စောဆိုသောအမျိုးသမီးဟာမျက်စိရှေ့ထဲကပျောက်ကွယ်သွားခဲ့သည်။
"စော!!"
"ပိုးဟန်နီ"
အချိန်တော်တော်ကြာပြီးနောက်
"ခုလိုကူညီလို့ကျေးဇူးတင်ပါတယ်"
"ပြောစရာလူတွေမှမဟုတ်တာဟန်နီမောင်"
"စောသိရင်သိပ်ဝမ်းသာမှာ"
"မှန်တာပေါ့"
"ဒါဆိုပြန်တော့မယ်နော်၊ဒီအတောအတွင်းအတွက်ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ရင်ခဏခဏလာခဲ့"
"ကောင်းပါပြီရှင်"
၂ပတ်တာအချိန်ပေးခဲ့သမျှနောက်ဆုံးတော့တွေ့ရှိခဲ့ပြီ။
"စော..ဟန်နီပြန်လာပြီ"
"ဆရာမကြီးဘာလို့မပြောပြလိုက်တာလဲ"
"ကြိုသိရင်သူဘယ်လိုလုပ်ရင်ဆိုင်မလဲ"
"အရင်ဘဝကနေခုဘဝရောက်တာတောင်ပြိုင်ဘက်တွေများတုန်းပါဘဲလားနော်"
"ဆွေမမေ့နဲ့ဦးလေ"
"ဘာကိုလဲ"
"အရင်ဘဝကဟန်နီမောင်အဲ့ပြိုင်ဘက်တွေကြားကဘယ်လိုအနိုင်ရခဲ့သလဲဆိုတာကို"
"ဟုတ်သားဘဲ"
~~
"အစ်မဘာတွေချက်နေတာတုန်းမွှေးနေတာဘဲ""မောင်မောင်ဒီနေ့သမီးလေးပြန်လာမယ်တဲ့"
YOU ARE READING
စိန်ပန်းပွင့်ပင်အောက်မှအမှတ်တရ
Roman d'amourဟန်နီဘယ်ဘဝရောက်ရောက်ကျွန်မရှေ့ကိုပြန်ခေါ်မယ် #စောဒေဝီ ချမ်းသာသူနဲ့ဆင်းရဲသူတို့မေတ္တာမျှရင်တောင်ပေါင်းဖက်နိုင်ပေမယ့်သခင်မလေးနဲ့ကျွန်တော်မျိူးတို့ကတော့မိန်းကလေးချင်းဖြစ်နေလို့ခွဲခွာခံခဲ့ရတယ် #ပိုးဟန်နီ