ဟမ်…
Gem က သူ့ကို မျက်မှောင့်ကြုံကြည့်ကာ စိတ်ဆိုးစွာနှင့်အော်သည်။
ဘာလို့လဲ.. သူနားမလည်ဘူး
လူအများကြီးရှေ့မှာ အော်တာ…
တကယ်ကြီး Gem တကယ်ပြောင်းလဲသွားပြီလား..
သူ Gem လက်ထဲမှ ခြေထောက်ကို ရုန်းထုတ်လိုက်သည်။
“ဟုတ်တယ် ငါအာရုံမစိုက်လို့ဖြစ်တာ.. ဆောရီး မင်း ကစားတာကို နှောင့်ယှက်မိပြီ.. အခု ငါထွက်တယ်.. ကျေနပ်ပြီလား”
သူ မြက်ခင်းပေါ်မှ ကုန်းထကာ ထော့နဲ့ထော့နဲ့နှင့် သူ့ကို ဝိုင်းကြည့်နေသော လူတွေကို တွန်းကာ ထွက်လိုက်သည်။
Gem ကလည်း ထပြီး လိုက်လာကာ..
“မင်းကလေ အမြဲအဲ့လိုပဲ.. ကလေးဆန်တယ် တစ်ခုခုဆို မြင်အောင် မကြည့်တတ်ဘူး ”
ကလေးဆန်တယ်တဲ့လား…
သူရင်ဘက်ထဲ စူးခနဲဖြစ်သွားသည်။
ကလေးဆန်တယ်တဲ့… အားး...ချီးပဲ.. အဲ့စကားက အဲ့လောက်တောင် နာရလား….
မဟုတ်ဘူး Gem ပြောလို့ကို နာရတာ.. သူ့အကြောင်းကို အသိဆုံးလို့ ထင်ထားတဲ့ Gem က ပြောလို့ကို နာရတာ..
“ကလေးဆန်တယ်.. ဟုတ်တယ် ငါက ကလေးဆန်တယ်.. အဲ့တော့ မင်းလို အရာရာ ပြည့်စုံနေတဲ့ သူက ကလေးဆန်တဲ့ ငါနဲ့ လာမပတ်နဲ့တော့..”
ထို စကားပြောလိုက်သည်နှင့် သူဒီနေ့ဒီအချိန်ထိ မတွေ့ဖူးခဲ့တဲ့ Gem ပုံစံကို တွေ့လိုက်ရသည်။
Gem က မျက်ခုံးများကို အဆုံးစွန်ကြုံလိုက်ပြီး မျက်နှာကလည်း အလွန်ခက်ထန်သွားကာ သူဆီကို တစ်လှမ်းချင်း လျှောက်လာသည်။ အသံကလည်း မာထန်နေကာ
“မင်းဘာပြောလိုက်တာ…”
သူကလည်း အံကို ကြိတ်ကာ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
“ ငါ့လို ကလေးဆန်တဲ့ ကောင်နဲ့ ပတ်သတ်စရာမလိုဘူးလို့ ငါ့လို ကလေးဆန်တဲ့ ကောင်က မင်းနဲ့ ဝေးဝေးနေပေးမယ်လို့”
Gem သည် အလွန်စိတ်ဆိုးသွားတဲ့ပုံပင်…
သူ့ အင်္ကျီလည်ပင်းကို ပင့်ကာ ဆွဲကိုင်လိုက်သည်။