Part 8

6 0 0
                                    

မင်းသက်တို့အဖွဲ့ Hotel ပြန်ရောက်တော့ ၈နာရီထိုးနေပြီ ၊ မမြတ်က ဒီည‌အာလုံးစောစောအနားယူကြရန်ပြောပြီး မနက်ဖြန် အင်းလေးထဲသွားမည်ကိုလည်း တစ်ခါတည်းမှာလိုက်သည်။

"အမတို့ မနက်ဖြန် ၈နာရီ ကားပေါ်အရောက်နော် ၊ အားလုံးမနောက်ကျစေနဲ့"

"ဟုတ်ကဲ့ပါအမ" ဟု အားလုံးပြောကြသည်။

********

မနက် ၆နာရီထိုးတော့ မင်းသက်နိုးလာပြီ ၊ သူ့အထက်အရင်နိုးတဲ့ အကိုခမ်းက ရေတောင်ချိုးပြီးနေပြီဖြစ်သည်။

တောင်ကြီးရဲ့ မနက်ပိုင်းရာသီဥတုလေးက အနည်းငယ်တော့ ချမ်းစိမ့်စိမ့် ၊ မင်းသက် အဝတ်တစ်ခါတည်းယူပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။

မင်းသက်ရေချိုးပြီးထွက်လာတော့ အကိုခမ်းက

"ညီ အကို Dinning Room မှာဘဲစောင့်လိုက်မယ် ၊ အဲ့ကိုလာခဲ့လိုက်နော်"

"ဟုတ်အကိုခမ်း"

မင်းသက်လည်းပြင်ဆင်စရာရှ်ိတာပြင်ဆင်လိုက်သည် ၊ ဒီနေ့က အင်းလေးသွားမှာဆိုတော့ Sun Spray ဖြန်းမှရမယ် ဆိုပြီး တစ်ကိုယ်လုံးနီးပါးဖြန်းနေသည် ၊ မင်းသက်က အရေပြားပါးတဲ့အထဲမှာပါတာမို့ တစ်ခုခုထိတာတောင် အသားနီလွယ်သည် ၊ ဦး ထုပ်လည်းဆောင်းရမယ်ဆိုပြီး ဦးထုပ်ရှာကာ အခန်းထဲမှာ ထွက်ခဲ့လိုက်သည်။

"အသက် ၊ ချစ်စရာလေး ဘယ်လိုလေးလဲမသိဘူးကွယ် ၊ အမတော့ချစ်လိုက်တာ" ဟု ရွှန်းလဲ့က ပြောလိုက်သည်။

မင်းသက်က ကော်လံတီရှပ် အပြာနုလေးကိုမှ Short Pants အပြာနုလေးနဲ့တွဲဖက်ဝတ်ဆင်ထားသည် ၊ ခြေအိတ်အဖြူလေးနဲ့ Sneaker အပြာနုလေး ၊ တစောင်းလွယ်ထားတဲ့အိတ်လေးကတော့ ယုန်ရုပ်ကလေးနှင့် လျှာထိုးဦးထုပ်လေးကတော့ အဖြူ ၊ ဘယ်လိုကြည့်ကြည့် လူကောင်းသေးတဲ့ မင်းသက်က ကလေးသာသာလိုပင်

"ဟီး ၊ အမလည်းကြည့်ကောင်းတယ်"

"အသက်လာ မနက်စာသွားစားမယ်"

Dinning Room ထဲရောက်တော့ အကိုခမ်းက လက်လှမ်းပြကာ

"မရွှန်း ကျွန်တော် အကိုခမ်းနဲ့ဘဲထိုင်လိုက်မယ်နော်"

ချစ်ခွင့် မရှိတဲ့အချစ်Where stories live. Discover now