Chapter 78

1.1K 114 0
                                    

အပိုင်း (78)


ညစာ စားပြီးသည့်နောက်တွင် လင်းရှို့ချင်းက ယွမ် ၁၅၀ ကို ခယ်မ နှစ်ယောက် အရှေ့တွင်ပင် အမေရီလက်ထဲ ထည့်ပေးလိုက်ပြီး အမေ ရီကလည်း စကားတစ်ခွန်းမဆိုဘဲ အပြုံးဖြင့် လက်ခံလိုက်သည်။

သို့သော် သန်းခေါင်ယံတွင် အမေ ရီက ရီရောင့်သုန်းတို့ အခန်းဆီ တိတ်တိတ်လေးသွားခဲ့၏။ ကံကောင်းစွာဖြင့် လင်မယား နှစ်ယောက်က မအိပ်ကြသေးချေ။

"အမေ"

"ရှုး၊ အထဲထဲကို ဝင်၊ စကားပြောမလို့"

လင်းရှို့ချင်းက ကြောင်အမ်းအမ်းဖြင့် ညင်ညင်သာသာ တံခါး ပြန်ပိတ်လိုက်ပြီး အသံတိုးတိုးဖြင့် ;

"ဘာဖြစ်လို့လဲ အမေ"

အမေ ရီက သူ(မ)အိတ်ကပ်ထဲမှ ခေါက်ထားသည့်လက်ကိုင်ပုဝါလေးကို ထုတ်လိုက်ပြီး ထောင့်လေးထောင့်ကို ဖွင့်ကာ နေ့လည်က လင်းရှို့ချင်း သူ(မ)ကို ပေးထားသည့် ပိုက်ဆံများကို ပုဝါထဲတွင် သေသေချာချာ ထည့်ထားလေသည်။

လင်မယား နှစ်ယောက်မှာ အမေ ရီကို အံ့အားတသင့် ကြည့်လိုက်ကြပြီး

"ဒါဘာလုပ်တာလဲ အမေ"

"ငါ မင်းတို့ အဖေနဲ့ တိုင်ပင်ပြီးပြီ၊ အားသုန်က လေးလေးနက်နက် အလုပ်လုပ်ချင်တယ်လို့ ပြောတာ ရှားတယ်၊ ဒီလှေလေးကို မင်းတို့အတွက် အိမ်ခွဲပစ္စည်းအနေနဲ့ သဘောထားလိုက်၊ ငါတို့ကို ပိုက်ဆံပေးစရာ မလိုဘူး၊ ငါတို့ လင်းမယား နှစ်ယောက်က အသက်ကြီးနေပြီဆိုပေမဲ့ သန်တုန်းမာတုန်း ရှာစားနိုင်သေးတယ်"

လင်းရှို့ချင်နှင့် ရီရောင့်သုန်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ;

"မကောင်းဘူးနော် အမေ၊ လှေက အားလုံး ပိုင်တာဆိုတော့ အမေက သမီးတို့ကို ပေးလိုက်တယ်ဆိုတာ အစ်မ နှစ်ယောက်သာ ပြန်သိလို့ကတော့ သေချာပေါက် ပြဿနာ ရှာမှာပေါ့"

"ဘယ်သူမှ မပြောရင် ဘယ်သူက သိမှာလဲ။ ပြီးတော့ သူတို့ ပိုက်ဆံ ဆုံးတာလည်း မဟုတ်ဘူး၊ သူတို့ ဘာတွေ တွေးပြီး တွက်ချက်နေလဲဆိုတာ အမေတို့ သိတယ်။ သူတို့က မင်းတို့အဖေနဲ့သာ လှေလိုက်ရင် အကုန်အကျ သက်သာတဲ့အပြင် ဝေစုပါရသေးတာလေ၊ မင်းတို့က ဒီလှေလေးနဲ့ ကိုယ့်ကိုယ်ကိုယ် မှီခိုအားထားလုပ် သူတို့ နှစ်ယောက်ကတော့ မင်းအဖေနောက် ငါးလိုက်ဖမ်းပြီး ပိုက်ဆံ ခွဲဝေယူပါ‌လေ့စေ၊ ဘယ်မှာ မတရားရာကျလို့လဲ"

"မင်းတို့က ကိုယ့်ပိုက်ဆံနဲ့ကိုယ် လှေဝယ်လိုက်ပြီး တစ်ယောက်တည်း လုပ်နေပေမဲ့ သူတို့က မင်းတို့အဖေနောက်ကို ဘာအရင်းအနှီးမှ မရှိဘဲ လိုက်တာဆိုတော့ နစ်နာရတဲ့သူက မင်းလေ၊ မင်းအဖေနဲ့ ငါက မှန်တွေလိုပဲ မင်းတို့ ဘယ်သူ့ကိုမှ ဘက်မလိုက်ထားဘူး"

တတိယသား၏ မိသားစုနောက်ခံက အကြီးဆုံးသားနှင့် သားအလတ်တို့လောက် မတောင့်တင်းချေ။ အဖေ ရီနှင့် အမေ ရီတို့မှာ သူတို့သားများဆီကနေ ပိုက်ဆံမယူချင်ပေ။ မည်သို့ဆိုစေ သူတို့က အိမ်အတွက် ငွေပေးချေထားသည်ဖြစ်ရာ ကွာဟချက်က ယွမ် ၁၅၀ တည်းပင်။

ဤအခြေအနေထိ ရောက်လာပြီ ဖြစ်ရာ လင်းရှို့ချင်းလည်း ရွေးချယ်စရာ မရှိတော့ပြီး ပိုက်ဆံကို လက်ခံလိုက်ကာ ကျေးဇူးတင်စွာဖြင့် ;

"ကျေးဇူးတင်ပါတယ် အမေ"

"အင်း၊ ပိုက်ဆံကို ပြန်သိမ်းထားပြီး စောစောအိပ်ကြတော့"

"အမေ ရီ တစ်ယောက် လျင်မြန်စွာ ပြန်ထွက်သွားတော့သည်။

သူ(မ) ယောက္ခမများ၏ ပြုမူပုံနှင့် ပတ်သက်ပြီး မည်သည့် ပြောစရာစကားမှ မရှိ၊ သူတို့ပုံစံက အနည်းငယ်‌လေး ဘက်လိုက်ချင်ကောင်းလည်း လိုက်နိုင်ပါ၏။ ဤကဲ့သို့သော ယောက္ခမမိဘများကို ပိုင်ဆိုင်ခွင့်ရသည်က သူ(မ)အတွက် အမှန်တကယ် ကံကောင်းလှသည်။ အမျိုးသားဖြစ်သူကသာ အသိဉာဏ်ရှိပြီး စိတ်အားထက်သန်မှုရှိလျှင် ပိုတောင် ကောင်းဦးမည်။

"ဘာလို့ ငါ့ကို ကြည့်နေတာလဲ"

ရီရောင့်သုန်းတစ်ယောက် သူ(မ)၏ စူးစိုက်စိုက်အကြည့်များကို ကြည့်ပြီး အနည်းငယ် ကို့ရို့ကားယားနိုင်လာရသည်။

"ရှင့်မိဘတွေကို ရှင့်အပေါ်ဆို အရမ်းကောင်းပေးတာ ရှင်က အလုပ်ကြိုးကြိုးစားစားလုပ် ပိုက်ဆံကောင်းကောင်း ရှာပေးပြီး သူတို့ကို သိတတ်ရမယ်နော်"

သူက ကိုယ်နေဟန်ထားကို မသက်သာစွာ  ပြောင်းလိုက်ပြီး အားလျော့စွာဖြင့် ;

"ငါ သိပါတယ်ကွာ၊ ညနက်နေပြီ စကားတွေ ပြောမနေနဲ့တော့ စောစောအိပ်၊ မနက်ဖြန်ကျ ငါလည်း အလုပ်သွားရဦးမယ်"

လင်းရှို့ချင်းက သူ့ကို စွေကြည့်လိုက်ပြီး ပိုက်ဆံကို အံဆွဲထဲ ထည့်ကာ သော့ခတ်သိမ်းလိုက်ပြီး အိပ်ရာထဲသို့သွားကာ ရန်ဖြစ်ကစားနေကြသည့် ကလေးနှစ်ယောက်ကို ချော့မော့ပြီး ဖွားဖွားက မေမေနှင့်ဖေဖေကို ပိုက်ဆံပေးသည့်အကြောင်း မည်သူ့ကိုမှမပြောရန် ရှင်းပြလေသည်။ မလိုအပ်ဘဲနှင့် မှားသည်၊ မှန်သည် မပြောရလေအောင်ပင်။

နောက်တစ်နေ့ မနက်ခင်းတွင် သူတို့ ကမ်းခြေရှိ အိမ်ဝိုင်းဆီ သွားသည့်အချိန် ဖြတ်သွားရင်းဖြင့် လင်ကျီရှန်း၏ မိသားစုက အရင် သူတို့အိမ်ဝိုင်းနေရာတွင် သေးမှရမည်လားဘာလားမသိ တစ်စုံတစ်ခုကို ပြောပြီး အိမ် မည်သို့ ဆောက်ရမလဲကို လက်ဟန်ခြေဟန်ဖြင့် အလုပ်သမားများကို ပြောနေကြ၏။

သူတို့က အချင်းချင်း အပြုံးဖြင့်နှုတ်ဆက်လိုက်ကြကာ တစ်ခြားသူများ သူတို့အိမ်ကို မည်သို့ဆောက်ပါစေ သူတို့ကတော့ သူတို့အိမ်အကြောင်းသာတွေးပြီး ထွက်လာခဲ့ကြသည်။

မနေ့ညက ‌အဖေ ရီ တစ်ယောက် အလုပ်သမားများကို တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် ယနေ့တွင် အလုပ် ပြန်စတော့မည် ဖြစ်ကြောင်း အသိပေးခဲ့သည်။ အုတ်မြစ်ကို တစ်ကြိမ် ချဖူးသွားပြီးပြီ ဖြစ်ကာ နောက်တစ်ကြိမ် ထပ်လုပ်ရသည့်အခါတွင် ပြဿနာများစွာ မရှိတော့ချေ။ ယခင် စည်းမျဉ်းများအတိုင်း လိုက်နာရုံပင်။

ရီရောင့်သုန်း တစ်ယောက် နေ့လယ်စာ စားပြီးနောက်တွင် နားချိန်အထိ စောင့်ဆိုင်းပြီးနောက် အချိန်အနည်းငယ်ယူပြီး သူ၏ သစ်လှေလေးကိုကြည့်ရန် ဆိပ်ခံဆီ သွားလိုက်သည်။ မနေ့က သူ့အဖေ ရေပေါ် စမ်းကြည့်နေချိန်တွင် လှော်နည်းကို မေးပြီးပြီ ဖြစ်ရာ ယခုတွင် သူ စမ်းပြီး လှော်ကြည့်ဖို့ အချိန်ရောက်လေပြီ။

ကမ်းနားတစ်ဝိုက်တွင် အချိန် အတော်ကြာ လှော်ခတ်ပြီးနောက် လှော်တတ်ရန် မခက်ခဲကြောင်းနှင့် စတင်ရန် လွယ်ကူကြောင်း ခံစားလိုက်ရသည်။ ပင်လယ်ကမ်းစပ်က လူတွေက လှေနဲ့ပတ်သက်ပြီးတော့ကို သူများတွေထက် အရည်အချင်း ပိုရှိကြတာ ဖြစ်မယ်။

ညနေခင်းတွင် ရီရောင့်သုန်း တစ်ယောက် လင်းရှို့ချင်းနှင့် ပိုက်လှောင်အိမ် တစ်လုံး ဝယ်မည့်အကြောင်း ဆွေးနွေးနေ၏။ ရယ်ဒီမိတ် ပိုက်လှောင်အိမ် တစ်လုံး ဝယ်လျှင် ဈေးကြီးနိုင်သဖြင့်  ချည်လုံးဝယ်ပြီး ကိုယ်တိုင် ရက်ရန် အမေ ရီ ကို အကူအညီတောင်းလျှင် သူ(မ)ကလည်း ဝမ်းမြောက်ဝမ်းသာ ကူညီပေးလိမ့်မည် ဖြစ်သည်။

လင်းရှို့ချင်းက ခေါင်းညိတ်ပြီး လက်ခံလေ၏။

ယခုတွင် လက်ထဲ လှေတစ်စင်း ရှိနေပြီ ဖြစ်ရာ အစီစဉ်များ ကောင်းကောင်း ဆွဲပြီး အသုံးပြုရပေမည်။

အိမ်နီးနားချင်းများက သူတို့မိသားစု အိမ်ဝိုင်းလဲလှယ်ပေးလိုက်ရုံဖြင့် သစ်သားလှေ တစ်စီး အလကား ရသွားသည်ကို သိရချိန်တွင် အားလုံးမှာ မနာလို အားကျ,ဖြစ်ကြလေသည်။

"တော်တို့ မိသားစုကတော့ ခုရက်ပိုင်း အရမ်းကံကောင်းနေတာပဲနော်၊ အိမ်မှာ ထိုင်နေရုံလေးနဲ့ ကောင်းကင်ဘုံက ပိုက်ဆံ အထုပ်လိုက်ကြီး ချပေးလာတယ်"

"ဟုတ်ပါ့အေ။ အဲ့သစ်သားလှေဆိုတာကလည်း ပိုက်ဆံ အများကြီး တန်‌တာပဲလေ၊ ငါတို့ကျ ဒီလိုကိစ္စကောင်းမျိုးကို ဘာလို့ မကြုံရတာလဲ မသိဘူးအေ"

"အုတ်မြစ်ချထားတဲ့ အိမ်ကို ဝယ်လိုက်တဲ့ အဲ့လူ ရူးများနေသလားအေ။ ရွာမှာ ဒီလောက် မြေလွတ်တွေ တစ်ပုံကြီးဟာကို ဘာလို့ နင်တို့အိမ်ကိုမှ ဝယ်ချင်ရတာလဲ မသိဘူး"

"နင် မကြားမိဘူးလား။ သူတို့က ဆရာတစ်ယောက်ခေါ်လာပြီး မေးတာ အဲ့မြေက ဖုန်ရွှေကောင်းလို့တဲ့လေ။ အဲ့ဒါကြောင့်လည်း သူတို့က လှေတစ်စီးကိုတောင် လိုလိုလားလားနဲ့ ပြန်အလျော်ပေးချင်တာပေါ့ဟဲ့၊ မဟုတ်ရင် အကျိုးအမြတ် မရှိဘဲနဲ့ ဘယ်သူက အုတ်မြစ်ချထားပြီး‌နေတဲ့ သူများအိမ်ကြီးကို လဲချင်ပါ့မလဲ"

"အေးနော်။ သူတို့ကတော့ တကယ်ပဲ နေရာကောင်းကို ရှာရွေးတတ်ပါ့အေ။ ငါတို့လို ရွာသူရွာသားတွေဆိုတာကလည်း ခွန်အားနဲ့ လုပ်စားရတဲ့သူတွေဆိုတော့ ရက်လေး နည်းနည်းပါးပါး အလုပ်လုပ်လိုက်ရလည်း ဘာမှမဖြစ်သွားဘူး။ ပြီးရင် လှေကြီးတစ်စီး ရသွားတာပေါ့"

အမေ ရီက အပြုံးဖြင့် ;

"ငါတို့ အလကား အလုပ်လုပ်ရတာ မဟုတ်ဘူးအေ့။ ငါတို့လည်း လုပ်အားခရကြတယ်"

"အား၊ လုံးဝ နင်တို့ဘက်က အမြတ်တွေချည်းပဲ..."

"ငါ့ဆီကိုလည်း ဒီလို ကိစ္စတွေ ဖြစ်စမ်းပါအေ၊ ငါ ဆန္ဒရှိနေပါတယ်လို့...."

လင်းရှို့ချင်း သူ(မ)အား အိမ်ထဲသို့ခေါ်သည့်အချိန်တွင် အမေ ရီ တစ်ယောက် အိမ်နီးနားချင်းများနှင့် စကားကောင်းနေ၏။ တတိယသား၏ အစီအစဉ်ကိုကြားရပြီးနောက်တွင် သူ(မ)က လုံးဝဥဿုံ ကူညီပေး‌ချင်နေလေသည်။

သူ(မ) သားက ကြိုးစားနေသရွေ့ သူ(မ)လည်း အနည်းငယ် ကူညီပေးချင်ပြီး၊ အလုပ် နည်းနည်းပါးပါး ကူလုပ်ရသည်က ဘာမှမပြောသာပေ။

"ဒါဆို မနက်ဖြန် မင်း လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်လာခဲ့၊ ငါ မင်းမိန်မကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးမယ်၊ မင်းတို့ နှစ်ယောက် အမြန်တော့လုပ်ကြနော်"

"ဟုတ်ကဲ့"

ပိုက်ရေလှောင်အိမ်ကာ ပုံကြမ်းအတွက် နံပါတ် ၈  သံဝါယာကြိုးဖြင့် ပြုလုပ်ရပြီး စတုရန်းပုံခေါက်နိုင်သော လှောင်အိမ် တစ်ခု ဖြစ်လာစေရန် 15 မီလီမီတာ အကွက်များကို ပတ်လည်ချုပ်ရသည်။ မြေလှောင်အိမ်ကွန် တစ်ခုလုံးက 2 မီတာ ရှည်ပြီး သံဝါယာကြိုးဖြင့် ပြုလုပ်ထားသည့်  လေးထောင့်ကွက် ၁၁ ကွက်ဖြင့် ပိုင်းခြားထားသည်။ အတွင်းတွင် အချင်းချင်းချိတ်ဆက်ထားနိုင်ရန် ၂၀ စင်တီမီတာ ပတ်လည်ရှိသည့် အကွက်ငယ် 10 ကွက်ကို ပြုလုပ်ရသည်။

သေးငယ်သော ပိုက်လှောင်အိမ်၏ တစ်ဖက်တစ်ချက်စီတွင် ငါးများကို မြှားခေါ်ရန် အပေါက်များ တပ်ဆင်ထား၏။ ငါးမြှားပေါက်များကာ နှဲပြောင်းပြန် ပုံသဏ္ဍာန်ဖြစ်ပြီး ငါးနှင့် ပုစွန်များအတွက် အဝင်လမ်းသာ ရှိပြီး၊ ထွက်ပေါက် မရှိပေ။

ပိုက်လှောင်အိမ်၏ အစွန်း နှစ်ဘက်က ငါးများစုဆောင်းသည့် ကန်တော့ ပုံသဏ္ဍန် ပိုက်ကွန်အိတ်များဖြစ်သည်။ ရေချိုပုစွန်များက ငါးမြှားပေါက်များမှတစ်ဆင့် ပိုက်လှောင်အိမ်အတွင်းသို့ ဝင်ရောက်လာသည့်အခါတွင် သူတို့က လမ်းလွဲသွားကြကာ အစွန်း နှစ်ဖက်ရှိ စုဆောင်းအိတ်များအတွင်းသို့ တွားသွားဝင်လာကြပြီး ဖမ်းမိကြလေသည်။

ပိုက်ရေလှောင်များ ရက်လုပ်ခြင်းက ပိုက်ကွန်များရက်လုပ်ရခြင်းထက် အားပိုစိုက်ရပြီး ပိုပင်ပန်း၏။ သူတို့အားလုံး ညစာ စားပြီးသည်နှင့် စတင်ရက်ကြပြီး ရီရောင့်သုန်းလည်း ပါဝင်ကူညီပေး၏။ သူ့သူငယ်ချင်းတချို့ သူ့ကို ကစားရန် လာခေါ်ကြသည့်အချိန်တွင်တောင်မှ ရီရောင့်သုန်း တစ်ယောက် လုံးဝ မသွားချေ။

မိသားစုဝင်များမှာလည်း သူ ယခုလို အာရုံစိုက်အလုပ် ကြိုးစားနေပုံကို ကြည့်ပြီး ဝမ်းသာရလေသည်။

ဆယ့်ငါးရက်မြောက်သောနေ့ နီးကပ်လို့ လာချိန်တွင် အသေးလေးနှင့် အခြားသူများက နောက်ဆုံးတစ်ခေါက်က ချိုမြိန်မှု အရသာလေးကို မြည်းစမ်းကြည့်ခဲ့ဖူးပြီးပြီ ဖြစ်ရာ  ရီရောင့်သုန်းဆီ ရောက်လာကြပြီး သီခြားကျွန်းဆီ သွားကြအုံးမလားကို လာမေးမြန်းကြသည်။ ရီရောင့်သုန်းကလည်း ချက်ချင်း သဘောတူလိုက်၏။

"ငါ့မှာ လှေသေး တစ်စင်းတော့ ရှိတယ်။ ဒါပေမဲ့ ကွန်တော့ မရှိဘူးဟ၊ ဘာပဲဖြစ်ဖြစ်ပါ၊ ပင်လယ်ထဲထွက်ပြီး လူသူမဲ့ကျွန်းဆီသွားဖို့ လှေလှော်သွားရုံပဲဆိုတော့ ငါတို့တွေ လှေ‌ငှားပြီး ပိုက်ဆံ အကုန်ခံစရာ မလိုတော့ဘူးပေါ့ကွာ၊ ဒီလိုမျိုးက အမြဲ ကံကောင်းမနေဘူးနော်"

"အဲ့ဒါ မင်းတို့ မိသားစု ဟိုနေ့က အလကားရလိုက်တယ်ဆိုတဲ့ လှေလာ။  မင်းအဖေက မင်း အပြင်ထွက်ဖို့ကို သဘောတူတယ်ပေါ့"

အားကွမ်က သိလိုစွာ မေးလိုက်၏။

"အင်း၊ မနက်ဖြန် လိုက်မဲ့သူတွေ ငါ့အိမ် လာခဲ့ကြကွာ၊ ငါတို့ တူတူထွက်ကြတော့ပေါ့"

အားကျန်က တစ်ခဏ စဉ်းစားပြီးနောက် ;

"ငါ့အိမ်မှာ တရုတ်ကွန် တစ်ခု ချိတ်ထားတာ တွေ့မိလိုက်သလိုပဲ၊ မနက်ဖြန် ငါ ယူလာခဲ့လိုက်မယ်၊ ပိုက်သာ မရှိရင်တော့ကွာ အမြင်မှားတဲ့ ကိုယ့်ပေါင်ကိုယ်ပဲ ပြန်ရိုက်ရတော့မယ်"
(frisbee net <ဗမာအခေါ်> တရုတ်ကွန်)

"အိုခေ၊ ဘာကွန်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ သုံးလို့ရနေသရွေ့ အဆင်ပြေတယ်"

သူ အစက သူ့ဇနီးကို တရုတ်ကွန် ရက်ခိုင်းမလို့ပင် သို့သော်လည်း တရုတ်ကွန်ကာ နှစ်ရက်၊ သုံးရက်နေမှ ဆွဲတင်လို့ရသည့် ပိုက်ရေလှောင်အိမ်များနှင့် မတူ၊ တရုတ်ကွန်က လက်ဖြင့် ကိုင်ထားရပြီး ပင်လယ်ထဲတွင် အဆက်မပြတ် အလုပ်,လုပ်နေမှရသည်။

အိမ်ဝိုင်းကိုကျ ဂရုမစိုက်ဘဲ ပင်လယ်ထဲ ထွက်ပြီး သူ့တစ်ယောက်တည်း ပိုက်‌ဆံ ရှာနေသည်လို့ သူ့ခယ်မ နှစ်ယောက် မပြောဆိုခင်၊ ပိုက်ရေလှောင်အိမ်ကိုသာ အသုံးပြုသည်က ပိုအဆင်ပြေပါလိမ့်မည်။


၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now