"ကျောင်းသူ၊ ကျောင်းသား အပေါင်းနှင့် ပရော်ဖက်ဆာ အမြောက်အများတို့ သာယာပျော်ရွှင်စရာ ညနေခင်းလေးပါ၊ ကျွန်မကတော့ ဒီဟောဂ့်ဝစ်ကျောင်းရဲ့ ကျောင်းအုပ် မဂ်ဂေါနဂဲလ်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထရီဝစ်ဇတ် ပြိုင်ပွဲအတွက် ကျောင်းအသီးသီးရဲ့ ချန်ပီယံတွေရဲ့ နာမည်ကို ကြေညာပေးသွားမှာဖြစ်ပါတယ်"
မိန့်ခွန်းပြောကြားပြီးသည်နှင့်အတူ လက်ခုပ်သြဘာများ တစ်ခန်းလုံးအတွင်း ညံသွားသည်။ ထို့နောက် အမဲရောင်ပိတ်စနှင့် အုပ်ထားခဲ့သော မီးခွက်ကို လူအများအရှေ့မှာ ဖော်ထုတ်လိုက်သည်။ ထိုမီးခွက်ဟာ အပြာရောင် မီးရောင်တွေ လင်းထိန်လို့နေပြီး ပထမဦးဆုံး စာရွက်တစ်ရွက်ဟာ ပရော်ဖက်ဆာ မဂ်ဂေါနဂဲလ်ရဲ့ လက်ထဲသို့ရောက်သွားသည်။
"ဂုဏ်ယူပါတယ်၊ ဘောက်စ်ဘောတွန်ကျောင်းမှ မစ္စ အန်ဂျလာ ဂျိန်း"
ရွှေရောင်ဆံကေသာရှိတဲ့ အန်ဂျလာဟာ အလွန်အမင်းကို ပျော်ရွှင်သွားပြီး သူမ၏ ကျောင်းအုပ်ကြီးကိုဖက်ကာ အောင်ပွဲခံလို့နေလေသည်။ အရွေးချယ်မခံလိုက်ရတဲ့ တစ်ချို့သော ကျောင်းသူတွေကတော့ မျက်နှာမဲ့ဖြစ်နေကြပြီး ပရော်ဖက်ဆာ မဂ်ဂေါနဂဲလ်ကတော့ နောက်ထပ် ချန်ပီယံကိုကြေညာဖို့ပြင်သည်။
"ဒမ်စထရန်ကျောင်းမှ ရော်နယ် ဟန်ဒရစ်"
ဒမ်စထရန်ကျောင်းရဲ့ ယဉ်ကျေးမှုနှင့်အညီ ယောင်္ကျားဆန်စွာ ဟစ်ကြွေးသံများက ဟောခန်းတစ်ခုလုံး ဟိန်းထွက်သွား၏၊ ဒီနှစ်ရဲ့အနိုင်ရရှိသူက ဒမ်စထရန်ကျောင်းဖြစ်ရမယ်ဟူပြီး သူ့နည်းနဲ့သူ အံကြိတ်ကာ အောင်ပွဲခံနေကြပြန်သည်။
"နောက်ဆုံးအနေနဲ့ ဟောဂ့်ဝတ်ကျောင်းရဲ့...."
ပရော်ဖက်ဆာ မဂ်ဂေါနဂဲလ်က တိတ်ဆိတ်သွား၏၊ သူမ၏ အရေးအထင်းတွေရှိနေတဲ့ မျက်ခွန်လေးလေးကြီးက ဟိုရွေ့ဒီရွေ့ လှုပ်လို့နေသည်။ သူမက ဂရစ်ဖင်းဒေါအသင်း၏ စားပွဲခုံကို တစ်ချက်ကြည့်လိုက်ပြီး ချန်ပီယံနာမည်ကို ပြောလိုက်တယ်။
"ဒန်နီရယ် အာသာ"
စားသောက်ပွဲ ဟောခန်းတစ်ခုလုံးဟာ စက္ကန့်ပိုင်းလောက် ငြိမ်သက်သွားခဲ့သည်။ ပရော်ဖက်ဆာ ထရီလော်နေး က သူမ၏ မျက်ခုံးမွှေးညိုညိုများကို ကြုံ့ထားရင်း ဘာတွေဖြစ်နေမှန်း နားမလည်သလို တုန်တုန်ယီယီဖြင့် သံယောင်လိုက်သည်။