ကျွန်တော်က မြက်ခင်းစိမ်းလေးတွေကို သဘောကျတယ်။ မြက်ခင်းပြင်ပေါ်ကို ခြေဗလာနဲ့ ပြေးသွားရတာကို သဘောကျသလို လှဲချရတာကိုလဲ သဘောကျတယ်။ မြက်ခင်းစိမ်းစိမ်းရဲ့ လက်ဆတ်တဲ့ရနံ့ကိုလဲ သဘောကျတယ်။
ပြီးတော့ “Blair” ဆိုတဲ့ ကြည်လင်တဲ့ မြက်ခင်းစိမ်းလို လူသားလေးတစ်ယောက်ကိုလဲ သဘောကျတယ်။
မူကြိုစတက်တဲ့ ပထမဦးဆုံးနေ့မှာ တွေ့ခဲ့ရတဲ့ ရွှေဝါရောင် ကောင်လေးငယ်ရဲ့ ဘေးမှာ ကျွန်တော်ထိုင်ခဲ့ရတယ်။ ထိုကောင်လေးငယ်ဟာ ကျွန်တော့်ကိုစစ်မှန်တဲ့ ခင်မင်မှုတွေပေးတဲ့ “Blair” ပေါ့။ “Evander” ဆိုတဲ့ ကျောင်းနာမည်ကိုမခေါ်ပဲ မေမေခေါ်သလို “ကောင်းကောင်း”လို့ခေါ်တဲ့ လူသားလေးဟာ တစ်ချိန်မှာတော့ “မောင််”လို့ ခေါ်ရမှာပေါ့။
ကလေးဘဝကတည်းက ကျွန်တော် အရိပ်တကြည့်ကြည့် ခင်မင်ခဲ့ရတဲ့ ထိုလူသားလေးကို ကျွန်တော်က အရိပ်တကြည့်ကြည့် သဘောကျခဲ့ရတာပေါ့။
မြို့ငယ်လေးရဲ့ အထင်ကရ နေရာတိုင်းကို အတူတူသွားရတာတွေ ၊ တစ်ခါတစ်လေ အစလွန်သွားလို့ စိတ်ကောက်သွားတတ်တဲ့ Blair ကို ချော့ရတာတွေက မြို့ငယ်လေးအတွက် ထာဝရကြည့်သွားရမယ် ဇာတ်လမ်းတွဲကြီးပေါ့။
Blair ရော ကျွန်တော်ရောက မြို့ငယ်လေးကို ဘယ်တော့မှ Sad Ending ကိုကြည့်ရစေမှာ မဟုတ်ဘူးဆိုတာယုံတယ်။ ယုံကြည်ချက်က သာမာန်လူဆိုရင် လွန်တယ်လို့ထင်ရပေမယ့် ကျွန်တော်က သာမာန်လူမှမဟုတ်ပဲ ။ ကောင်းမျိုးပြည့်စုံဆိုတဲ့ ကျွန်တော်မလို့ အရာခပ်သိမ်းကောင်းမျိုးတွေနဲ့ပြည့်စုံနေမှာ။
ကျွန်တော့်ရဲ့ အခန်းကို မေမေကိုယ်တိုင်တောင်မှ တံခါးခေါက်ပြီးမှ ဝင်ခွင့်ရှ်ိပေမယ့် တံခါးမရှိ ဓားမရှိ ဝင်ခွင့်ရတဲ့သူက “Blair” အပြင်တခြားမရှိပါ။
“ကောင်းကောင်းရေ ငါလာတယ်”
အိပ်ရာပေါ်လှဲရင်း အတွေးတွေကို ရပ်တန့်သွားစေသည့် အသံ ။ အသံနှင့် အတူ အခန်းအတွင်းသို့ ဝင်ရောက်လာတဲ့ ထိုလူသားလေး။ အဝါနုရောင် T-shirt လေးနဲ့ ကာကီရောင် ချည်သားဘောင်းဘီတိုကို ဝတ်ဆင်ထားတဲ့ ထိုလူသားလေးက စတွေ့တဲ့နေက ကောင်လေးငယ်လိုမျိုး နုသစ်နေသတဲ့။
YOU ARE READING
မောင့် မြက်ခင်းစိမ်း
Short Storyကောင်းကောင်းလို့ ခေါ်နေတာကနေ မောင်လို့ ပြောင်းခေါ်ရမှာပေါ့ မောင့်ရဲ့ Blairရယ်