22

1.3K 105 13
                                    

အိပ်ယာကနေ မနက် 3နာရီ အစောကြီးနိုးလာပြီး ကုတင်ပေါ်ခေါင်းအုံးလေးပိုက်လို့ထိုင်နေတဲ့ TaeTae.. သူ့ရဲ့ဘေးမှာအိပ်မောကျနေသေးတဲ့ Jungkook ကိုကြည့်လိုက်ပြီး ပါးပြင်လေးကို ကုန်းကာအနမ်းလေးတပွင့်ပေးလိုက်သေးသည်..

ပြန်အိပ်လို့လည်းမရတော့တာနဲ့ ထိုင်ပြီးတောင်တွေးမြောက်တွေးဖြစ်နေချိန် Jungkook သူ့ရဲ့ဘေးအိပ်နေရင်း လက်ဖြင့်စမ်းကြည့်ရာက TaeTae နိုးနေမှန်းသိကာ အိပ်နေရာကနေချက်ချင်းထထိုင်လိုက်သည်..

" ဘေဘီ အိပ်မပျော်ဘူးလား  "

" ကိုကို "

" အင်းပြောလေ "

" မနက်ဖြန် မနက်ဖြန်လေ မေမေတို့စီသွားရအောင်နော် ကိုကို ဘေဘီကလေ တခါမှ မေမေစိတ်ဆိုးအောင်မလုပ်ဖူးဘူး ခုက ကိုကို့ကိုချစ်လို့သာကိုကို့နောက်လိုက်လာတာ ခုလောက်ဆို ဘေဘီကိုမေမေအရမ်းစိတ်ဆိုးနေလောက်ပြီ မေမေအဲ့လိုစိတ်မကောင်းဖြစ်ရင် ဘေဘီမနေတက်ဘူး ခဏ ခဏလေးပဲဖြစ်ဖြစ်ပြန်ချင်တယ် ရလားကိုကို "

Jungkook မှာ TaeTae ရဲ့ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲမှီစေကာဖက်လိုက်ပြီး ခေါင်းလုံးလုံးလေးကိုအနမ်းပေးလိုက်သည်..

" ရတာပေါ့ ဘေဘီရဲ့ မနက်ဖြန် ကိုကို တို့အရင်သွားကြမယ်နော် "

တရေးတမောပြန်အိပ်ကြကာ မနက်မိုးလင်းအစောကြီးပြန်ထလို့ ဒယ်ဂူသို့အစောကြီးထွက်လာခဲ့ကြသည်..ဒယ်ဂူအိမ်သို့ရောက်တော့ ညနေစောင်းလုလု အိမ်ရှေ့တံခါးပွင့်နေတာကြောင့် အိမ်တံခါးလေးတွန်းဖွင့်ကာ Jungkook က အမေ့အတွက် ပန်းစည်းကိုင်လို့ TaeTae ရဲ့လက်ကလေးကိုလည်းတင်းကြပ်စွာဆုတ်ကိုင်ထားသည်..

" ကိုကို ဘေဘီကြောက်တယ် "

" မကြောက်နဲ့လာခဲ့ ကိုကိုတယောက်လုံးရှိတယ် "

အိမ်ထဲရောက်တဲ့ အထိ အိမ်သားတွေရဲ့အရိပ်အယောင်တောင်မတွေ့ သူတို့ဧည့်ခန်းထဲရောက်တော့မှ အနောက်ကနေထွက်လာတဲ့ အမေဖြစ်သူ..

" တော်တို့ကလည်း ကြာ.....အော် ငါယောကျားနဲ့ ငါ့သားပြန်လာတယ်ထင်နေတာ ဘယ်ကလည်း ဘယ်သူလည်း ဘယ်သူနဲ့တွေ့ချင်လို့လည်း "

ကိုကို့ ဘေဘီထယ် (Complete) Where stories live. Discover now