One

227 13 0
                                    

  " မေရီ.."

  " အွန့်..."

ကြေမွနေသော အိပ်ရာခင်းများ၏ အောက်တစ်နေရာ ညည်းသံသဲ့သဲ့ထွက်လာသည် ။

   " ထတော့လေ ဘယ်အချိန်ထိ ခွေနေဦးမှာလဲ နာရီလဲကြည့်..."

   Han ၏ ဩရှရှ အသံသည် မမြင်ရဘဲနှင့်တောင် ကြားရသူကို ဩဇာ‌သက်ရောက်နိုင်စွမ်း ရှိသလားမသိ ။ bra တစ်ခု အတွင်းခံ တစ်ခုနှင့် လွန်ခဲ့တော့ မိနစ်ပိုင်းအထိ အိပ်ရာပေါ်တွင် လူးလိမ့်နေသူသည် ငေါက်ကနဲ ထလာသည် ။

 အိပ်မှုန်စုံမွှားနှင့် မိမိရှေ့တည့်တည့်တွင် ဂျူတီ ဝတ်စုံအပြည့်နှင့် ရပ်နေသူအား မြင်ပြီးနောက်တွင်တော့ ဆရာဝန်လောင်း ဖြစ်သော မေရီသည် မကြာမီကာလအတွင်း ဆရာဝန်အလောင်း ဖြစ်တော့မည်ကို ခံစားမိသည့်အလား တချိုးတည်း ပြေးတော့သည် ။

  သူတို့နှစ်ဦး၏ မနက်ခင်းများသည် အမြဲလိုလိုထိုကဲ့သို့ပင် ဘရုတ်သုက္ခ နိုင်လှသည် ။ ထို့အတူ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာလည်း ကြောင်တောင်တောင်နိုင်သည်ဟုဆိုရပေမည် ။ အများသူငါ သူငယ်ချင်းတွေလို အပြင်ထွက်ပြီး hang out လုပ်တာမျိုးထက် တိုက်ခန်းမှာ အားလပ်ချိန်တွင် နည်းလမ်းပေါင်းစုံနှင့် sex လုပ်ကြတာမျိုးကို ပိုခုံမင်သည် ။ သူတို့နှုတ်မှ Good morning ဂွတ်နိုက်ဆိုတာမျိုးထက် Fuck you mf ဆိုတာမျိုးကိုသာ ပိုကြားရတတ်သည် ။

    တကယ်တော့ အများအမြင်မှာ မေရီနဲ့ ဟန်သည် အနှောင်အဖွဲ့ကင်းပြီး တစ်ခန်းတည်းအတူနေသော သူငယ်ချင်းတွေပင် ။ ထိုမျှမကသေး အရည်အချင်းရှိသည့် တက်သစ်စ အလားအလာကောင်းသော အလုပ်သင်ဆရာဝန် ချောလေးများဟု ဆိုလျှင်လည်း မှားမည်မထင်ပေ ။ ပြသာနာက သူတို့‌နှစ်ယောက်၏ မရိုးရှင်းသော ဆက်ဆံရေးဖြစ်၏ ။ မေရီက bi ဖြစ်ပြီး ယောင်္ကျားလေးရော မိန်းကလေးပါ တွဲဖူးသူဖြစ်သည် ။ ဟန်ကတော့ ထိုသို့မဟုတ် ၊ ယောင်္ကျားလေးများနှင့် သူငယ်ချင်းလုပ်ကာ ဖက်လှဲတကင်း ဆက်ဆံသော်လည်း တစ်ခါမှမတွဲခဲ့ဖူးသလို ကြိုက်တဲ့ဟူ၍ တစ်ခါမှ ဝန်ခံခဲ့ခြင်းလည်းမရှိ ။ သို့သော် ရုပ်ရည်သွင်ပြင်နှင့် အရပ်အမောင်းအရ ဟန်သည် ယောင်္ကျားလေးများနှင့် တန်းတူနီးပါးရှိပြီး လေ့ကျင့်ခန်းပုံမှန်လုပ်သောကြောင့် ဝမ်းဗိုက်ကြွက်သားများမှာ ထင်းနေလေ့ရှိသည် ။ ထို့ကြောင့် ထိုသို့သော သူမျိုးသည် ယောင်္ကျားလေးတစ်ယောက်အား စိတ်ဝင်စားမည် မဟုတ်ဟု မေရီ ကိုယ့်စိတ်ကူးနှင့် ကိုယ်ကောက်ချက် ချမိသည် ။

You've reached the end of published parts.

⏰ Last updated: Nov 01 ⏰

Add this story to your Library to get notified about new parts!

Friends with benefits ( သူငယ်ချင်းမဟုတ်သော )Where stories live. Discover now