2019/4
"မနက်ဖြန်အတွက် ခန့်မှန်းအပူချိန်မှာ ....... ဖြစ်ပါတယ်ရှင်....ဆက်လက်ပြီးတော့........"
"ခုမှ ဧပြီလထဲဝင်စ ရှိသေးတယ် ပူလိုက်လောင်လိုက်တာ အေ..."ယပ်တဖျတ်ဖျတ်ခပ်ရင်း ဒေါ်သီတာက ဆက်၍
"အပူချိန်ကလည်း အကျမရှိဘူး တစ်နေ့ထက်တစ်နေ့သာပိုတိုးလာတော့တယ် အင်း ဒီပုံအတိုင်းသာဆိုရင် လူတွေကတော့.........""Heat stroke ရကုန်တော့မှာမလား ဟုတ်တယ်မလား မေကြီး နေ့တိုင်း ဒီစကားဘဲပြောနေတာ မမောသေးဘူးလား မေကြီးရေ"
-တာရာတစ်ယောက် အမေဖြစ်သူ၏ စကားကိုဖြတ်၍ပြောလိုက်၏ ဖြတ်ရမည်လေ ထုံးစံအတိုင်းသာဆို မြှားဉီးက ရာသီဉတုကနေသူ့ဘက်လှည့်လာတော့မယ့် အနေအထား"ဟဲ့ ကောင်လေး ငါပြောတာအမှန်တွေချည်း ခုလိုကာလ လူသေတယ်ဆိုပြေးမကြည့်နဲ့ အဲ့တာ မလွဲဘူး heat stroke ကြောင့်ဘဲ နင်လည်း သတိထားနေ ငါလစ်ပြီဆိုတာနဲ့ အိမ်ပြင်ထွက်ဖို့ဘဲချောင်းမနေနဲ့ "
" ဟာ မေကြီးရယ် သားက ဘယ်မှမသွားဘူး စိတ်ချ ခုလို အပူတပြင်းပြင်းနဲ့ ကာလမှာ အိမ်မှာ ပန်ကာလေးနဲ့ နှပ်နေတာဘဲကောင်းတာပေါ့ မေကြီးရာ
အဲ့တာတွေပြောမနေနဲ့ ရော့ ရော့ မေကြီး လက်ဖက်သုပ်လေးစား ရေနွေးကြမ်းလေးသောက် ဟိုမှာ မေကြီးကြည့်တဲ့ ကိုရီးယားကားလာတော့မယ် ""အေးပါ အပြောမကြီးနဲ့ ကိုတာရာရေ ကြည့်ရသေးတာပေါ့ ကျော်ကြီးလာခေါ်လို့ ထိန်ဉီးဆီသွားရမှာမလို့တို့ ကြားလို့ကတော့ အဟင်းဟင်း"
...........................
"Get out,get out,get out of my head
And fall into my arms instead...📱🎶🎶"'အေး ငါ့ကောင် ကျော်ကြီး ပြော "
"....."
"နေအုံး ငါပိတ်ပြောထားမယ် ငါအပြင်မသွားဘူးနော် မေကြီးပွါးတာတွေမခံစားနိုင်တော့ ဘူး"
".............."
"ဟ လခွမ်း အေး ငါ့ကောင် မင်းဘယ်ချိန်သွားမလဲ ပြောလိုက်တော့ ခုသွားကြမလား ထိန်ဉီးကိုရော် ပြောပြီးပြီလား "
"........."
"အိုခေလေ အဲ့တာဆို ဆုံနေကျ ထိန်ဉီးတို့ လမ်းထိပ်မှာဘဲ ဆုံကြမယ် "