မင်းသားရှောင်းကျန့်ရဲ့ အပြောကိုခပ်ဟဟရီပြီးပြောလာတဲ့ မင်းသားလင်ချင်းက တစ်ခုခုကိုဝမ်းနည်းနေသလိုပင်..."ကိုယ်ကပွင့်လင်းရမှာကြောက်တဲ့လူလေ..."
"မင်းသားလင်ချင်း...ကျွန်တော့်ကိုပဲပြောပြလေ..
ကျွန်တော်ကလျှို့ဝှက်ထားပေးမယ်....ဘယ္လိုလဲ"ဆရာကြီးပုံစံပြောလာတဲ့ရှောင်းကျန့်က စိတ်ဝင်တစားပင်...
"အွန်.....ပြောပြရမလား...."
ထိုသိုပြန်ပြောတော့ ပုတ်သင်ညိုတစ်ကောင်လိုခေါင်းကိုအထပ်ထပ်အခါခါငြိမ်ပြသည်...
လင်ချင်းခေါင်းငုံ့ပြီးတစ်ချက်ရီပြီးနောက်...
"ပြောပြမယ်...ဟင်း...ကိုယ်သူ့ကိုစပြီးသဘောကျတာလွန်ခဲ့တဲ့၈နှစ်က...အဲ့မတိုင်ခင် လီဟြာက ကိုယ်အတွက် သွေးတူတဲ့ညီအစ်ကိုထက်တောင်ရင်းနှီးတဲ့ဆက်ဆံရေးမျိုး... "
"ဒါဆို ညီအစ်ကိုလိုမဟုတ်ပဲ ဟိုလိုသဘောကျတာကိုဘယ်လိုသိသွားတာလဲဟင်"
"ဘယ်လိုပြောပြရမလဲ...တစ်ယောက်ထဲနေရတာထက်သူနဲ့အတူတူရှိနေရတာကပိုကောင်းသလို...
သူ့အနားမှာနေရင်နွေးထွေးပြီးလုံခြုံမှုရှိသလို...သူမရှိတဲ့အချိန်က သိပ်ပျင်းဖို့ကောင်းနေတာမျိုး...
ပြီးတော့အရေးကြီးတာက ဒီနေရာ...သူအနားမှာရှိလို့ဖြစ်စေ သူ့အကြောင်းတွေးလိုက်ရင်ဖြစ်စေ ပုံမှန်ထက်ပိုမြန်မြန်လာတာ..."နှလုံးသားရှိရာနေရာသို့လက်တင်ပြီးပြောလာပုံက
လီဟွာအပေါ်အဆုံးမရှိသဘောကျနေမှုကိုဖော်ပြနေသလို...."ဒါဆို သဘောကျတဲ့လူနဲ့အတူရှိရင်အဲ့လိုခံစားရတာပေါ့နော်...ဒီနေရာကလည်းပုံမှန်ထက်ပိုမြန်လာတာပေါ့"
လင်ချင်းလုပ်သလိုလိုက်လုပ်ပြီးပြောနေပုံကတစ်ကယ်ပင်စိတ်ဝင်တစားရှိလှသည်...
"ဒါပေါ့..အဲ့လိုပဲ...ဘာလဲ....မင်းသားရှောင်းရျန့်လည်းရင်ခုန်ရမဲ့လူတွေ့နေလို့လား..."
"ဗ်ာ....အာ...မဟုတ်ပါဘူး...ကျွန်တော်မှာမရှိပါဘူး"
"အော်...."
YOU ARE READING
Prince Wang's Amulet
Romanceဆုရဲ့ဒုတိယမြောက် Yizhan Fic လေးပါရှင့် စာဖတ်သူလေးတစ်ယောက်က နန်းတွင်းFicလေးဖတ်ချင်တယ်ဆိုပြီးပြောလို့ ရေးလက်စficရှိနေတာတောင် ရေးချင်လွန်းလို့ စရေးပါတော့မယ်ရှင့် လိုက်ပါစီးမျောပေးကြပါအုံးရှင့်