𝟸𝟻𝘵𝘩 𝘔𝘢𝘺 𝟸𝟶𝟶𝟾
Bucharest (ဗူးခရက်)မြို့ရဲ့ နံနက်ခင်းတခွင်နေရောင်ခြည်တို့ဆောင်ကျင်းလျက်။
လက်ယာမြောက်လှသော ဗိသုကာများနှင့်အဆောက်အအုံများက အခန့်အသန့်တည်ရှိကာ Bucharest မြို့၏အလှကို ပို၍ တင့်တယ်စေသည်။မနေ့တနေ့ကမှ Romania (ရူမေးနီးယား) ရောက်လာတဲ့ Aussie သားလေး Jake Sim ခမျာ မျက်စိသူငယ်နားသူငယ်နှင့်...ဒီနေ့လဲ ဦးလေးဖြစ်သူ Joseph သွားမည့်နောက်ကို မရမက လိုက်ခဲ့သေးသည်။ ဦးလေး Joseph က Romania မှာပြောင်းနေတဲ့ ဒယ်ဒီ့ညီ အငယ်ဆုံး architecture ဖြစ်ပြီး ဂျိတ်ခ်ကလည်း ဦးလေးလိုမျိုး architecture ပင်ဖြစ်တာကြောင့် သူတို့နှစ်ယောက်ကစိတ်တူကိုယ်တူဖြစ်ကြသည်။
ဦးလေးပြောသည်ကတော့ city hall မှာ King Michael I of Romania ကိုယ်တိုင်ဟောပြောမည်ဟု ဖြစ်သော်လည်း ဟောပြောပွဲကို သိပ်တော့စိတ်မရောက်ပေ သူ့အတွက်အရေးကြီးသည်က အပြင်ထွက်ရဖို့ပင်။"သွားသွား တိုက်အောက်မှာသွားစောင့်နေ ရှောက်မသွားမနေနဲ့နော် ဂျိတ်ခ်"
"ဟုတ်ကဲ့!!"
ဂျိတ်တစ်ယောက် တိုက်အောက်ရောက်တော့အပျော်လွန်ပြီး ခလုတ်တွေပါတိုက်သည်။
ဦးလေးကိုစောင့်ရင်းယူလာသည့် Canon mini camera လေးနှင့် ဟိုရှောက်ရိုက် ဒီရှောက်ရိုက်နှင့်။"အာ့ သွားပြီ ငါ့ Camera လေး"
"တောင်းပန်ပါတယ်ဗျ အလျင်လိုနေလို့ပါ"
ဟုပြောပြော ဆိုဆိုနှင့်လှည့်ထွက်မည် အပြု ထိုလူကို ဂျိတ်လှမ်းဆွဲလိုက်ကာ
"ဟာ့ ခများကသူများပစ္စည်းကိုလည်း ဖျက်လို့ဖျက်ဆီးလုပ်သေးတယ် ဒီတိုင်းထွက်သွားလို့ရမလားဗျ!!"
သူအသံကျယ်ကျယ်နှင့်ပြောတော့ ထို့လူ့ဘေးမှပါလာသည့်လူနှစ်ယောက်က သူ့ကို ဖမ်းချုပ်ဖို့လုပ်သည်။ ထိုအခါမှ ဟိုလူက မျက်စပစ်ပြခါ...
"ကျနော်တကယ် တောင်းပန်ပါတယ်ဗျ နောက်တခါကျမှ ခများကို ရှာပြီးပြန်လျော်ပေးပါမယ် အခုကတကယ်အလျင်လိုနေလို့ပါဗျ"
ဟုပြောကာ ထိုလူ နှင့် ပါလာသည့်လူနှစ်ယောက်က ချက်ချင်းထွက်သွားသည်။
"ဘာ! ဒီလူရူးနေလား Bucharest မြို့မှာ ငါ့ကိုပြန်လာရှာမယ်ပေါ့ တွေ့နေပါအုံးမယ် အားကြီးကြီး " ဟုစိတ်ထဲမှ ဒေါသပါပါရေရွတ်မိသည်။ ထို့နောက် ဦးလေးရောက်လာပြီး
YOU ARE READING
𝘌𝘵𝘩𝘦𝘳𝘦𝘢𝘭 𝘚𝘰𝘶𝘭𝘴 𝘖𝘧 𝘙𝘰𝘮𝘢𝘯𝘪𝘢
Fanfiction𝘔𝘢𝘥𝘦 𝘪𝘯 𝘙𝘰𝘮𝘢𝘯𝘪𝘢 𝘷𝘪𝘣𝘦𝘴 𝘞𝘳𝘪𝘵𝘵𝘦𝘯 𝘪𝘯 𝘉𝘶𝘳𝘮𝘦𝘴𝘦 𝘏𝘦𝘦 𝘹 𝘑𝘢𝘬𝘦