Chapter 145 : Qiao Xian is here

842 130 1
                                    

Unicode

ထမင်းစားပွဲမှာ ကလေးတစ်စု ပျော်ပျော်ပါးပါး စားသောက်နေကြသည်။ သို့သော်လည်း ရှောင်ကျင့်ထျင် သည် အပ်နှင့် ဆေးထိုးအပ်များပေါ်တွင် ထိုင်နေခဲ့ရပြီး ချိုးယွင်၊ မုယွင်နှင့် ရှဲ့ဝမ်ရန်ကို ပြန်လွှတ်ပြီးနောက်မှသာ သူ သက်ပြင်းချနိုင်ခဲ့လေသည်။

"သားလေး၊ မင်းက စီနီယာနဲ့ချိုးနဲ့ စီနီယာမုအပြင် ရှဲ့ဝမ်ရန်ကိုပါ ခေါ်လာခဲ့တာပဲ" ရှောင်ကျင့်ထျင်သည် ခုံတန်းပေါ်တွင် တစ်ဝက်တစ်ပျက် လဲလျောင်းနေပြီး ရှောင်ရှောင်ဖန်ကိုကြည့်ရင်း အတန်ငယ် မောပန်းနေပြီဖြစ်သည်။ ဤလူများသည် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခုတွင် ပါဝင်နေပြီး၊ သူ၏မိုက်မဲသောသားသည် ဤလူအားလုံးကို အတူတကွစားသောက်ရန် ဖိတ်ကြားခဲ့သည်။

ရှောင်ရှောင်ဖန်က "သားသူတို့အားလုံးကို တွေ့တာဆိုတော့ အားလုံးကို ဒီကို အတူတူခေါ်လာခဲ့လိုက်တာ" ဟု ရှောင်ရှောင်ဖန်က ပြောသည်။

ရှောင်ကျင့်ထျင်က ရှောင်ရှောင်ဖန်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် "သား မင်းက လုပ်ချင်တာ လုပ်ရတာ အရမ်းကြိုက်တယ်။ မင်းဖေဖေကို မသနားဘူးလား? ဖေဖေ သေလုမတတ် ကြောက်သွားခဲ့တာ!"

ရှောင်ရှောင်ဖန်က ရှောင်ကျင့်ထျင်ကို စိတ်ရှုပ်ထွေးစွာကြည့်ကာ "သေလုမတတ် ကြောက်သွားတယ်? ဖေဖေက သူရဲဘောကြောင်လွန်းတယ်၊ ဒီလောက်လေးနဲ့ ဘာလို့ သေလုမတတ် ကြောက်သွားရတာလဲ?

ရှောင်ကျင့်ထျင် "....." သူ ဘယ်လိုမျိုး သစ္စာမဲ့တဲ့ သားမျိုးကို မွေးမြူထားတာလဲ? ယခုတော့ သူသည် အလွန်သူရဲဘောကြောင်သည်ဟု မထီမဲ့မြင်ပြုလာခဲ့သည်။

"ဖေဖေ၊ သူတို့ သုံးယောက်က အများကြီးမစားပါဘူး။ ဖေဖေက ဘာလို့ ဝမ်းနည်းနေတာလဲ?" ရှောင်ရှောင်ကျင့်က ဆိုလေသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီးပြော၏ "အင်း၊ အဲဒီသုံးယောက်က မင်းတို့ကလေးတွေလို အစာစားချင်စိတ်မရှိတာ အမှန်ပဲ"

ရှောင်ကျင့်ထျင်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး "မင်းတို့ ကလေးတွေကို နားလည်အောင် ဘယ်လိုပြောရမလဲဆိုတာ ငါတကယ်မသိတော့ဘူး" ဟုပြောလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now