မိုးမခရိပ်ကို သက်သေတည်၍... (Unicode)

39 6 0
                                    

• ဤဝတ္ထုတို၌ ပါဝင်သည့် သမိုင်းကြောင်းများမှာ  အလုံးစုံအတိအကျ မှန်ကန်နေခြင်းမဟုတ်ဘဲ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ကြောင်း သတိပေးအပ်ပါသည်။ •

‘ကျိ ကျလိ ကျိ-ကျိ-ကျိ’ ဆောင်းဦးပေါက် မနက်ခင်း တစ်ခုနှင့် အတူ ကျေးငှက်များလည်း ရောင်နီဖြိုးဖျ မကျစဉ်ကတည်းက နိုးထလျက် ကျီကျီကျာကျာ တေးသီချင်းများ ဆိုညည်းနေကြသည်။ ၎င်းနှင့် အတူ သူသည်လည်း နေ့စဉ်နေ့တိုင်း ဝမ်းရေးမပူရစေရေးအတွက် နိုးထရစမြဲပင်။

မအေတစ်ခု သားတစ်ခု နေရသည့်ဘဝကလည်း ထိုမျှ ခက်ခဲလှသည်တော့မဟုတ်။ သူ့အတွက်‌တော့ မိခင်ဖြစ်သူနှင့် အေးအေးချမ်းချမ်း နေ့ရက်တိုင်းကို အတူဖြတ်သန်းခွင့်ရပါလျှင် အရာအားလုံး ပြီးပြည့်စုံနေပြီဖြစ်သည်။

ယနေ့တွင်လည်း မိမိဟာ ထုံးစံအတိုင်း ထန်းဟုလုများ ရောင်းရန် မနက်ခင်း အစောကတည်းက နိုးထ၍ နေမမြင့်ခင် အထိ ပြင်ဆင်နေရသည်။

“သားငယ်လေးရေ အမေတော့ ဒီနေ့ သားလေးကို ဒုက္ခပေးမိပြန်ပါပြီ...”

“အဟွတ်..ဟွတ်..ဒီ‌နေ့သားလေး ထန်းဟုလု(သကြားလုံး တုတ်ထိုး)တွေ ရောင်းလို့ကုန်ရင် အမေ့အတွက် ဈေးထဲက သမားတော်ကင်မ်ဆိီမှာ အဟွတ်.. ကိုယ်ပူကျဆေးလေးတစ်ခွက်လောက် ဝယ်ခဲ့ပေးပါဦးကွယ်...ဟင်း ”

“ဘာလို့လဲ အမေ .. ချောင်းတွေ ပြန်ဆိုးနေတာလား? အဖျား‌ရော ရှိနေတာလား..” ပြောရင်းဆိုရင်းဖြင့် ဝန်ဘင်းမှာ မိခင်ဖြစ်သူ၏ နှဖူးထက်သို့ အလျင်စလို လက်တင်ကာ ကိုယ်ပူရှိမရှိ စမ်းလိုက်သည်။

“ပူကျစ်နေတာပဲ ‌အမေ ဖျားပါ ဖျားနေပြီထင်တယ်... မနေ့က နေပူထဲမှာ ကမ်းစပ်နား အဝတ်လျှော်ခဲ့ရတာမို့လို့ ရောဂါ ပြန်ထတာနေမယ်!”

“အမေရာ အဲ့လို အလုပ်ကြမ်းကြမ်းတမ်းတမ်း‌တွေ မလုပ်ပါနဲ့တော့နော် .. ကျွန်တော် ထန်းဟုလုတွေ နောက်နေ့ ပိုလုပ်ပြီး ရောင်းပါ့မယ်ဗျာ”

“မဟုတ်တာ သားလေးရယ် လူပဲ တစ်ခါတလေတော့ ဖျားတတ်တာပေါ့ .. အဟွတ်..ဘာပဲပြောပြောသားငယ်လေးက ခုမှ ဆယ့်တစ်နှစ်အရွယ်ပဲ ရှိသေးတာလေ။ ထန်းဟုလု ရောင်းခိုင်းတာကတင် တော်တော်လွန်နေပါပြီကွယ်”

❝ မိုးမခရိပ်ကို သက်သေတည်၍..❞ Edited version (WONBIN x SOHEE)Where stories live. Discover now