(Chapter-10/ အန်းစ်သခင်မလေး၏ လှည့်စားမှု)
*******************************
တိုင်းပြည်၏ထိပ်တန်းပုဂ္ဂိုလ်များဖြစ်သည့် လင်းအောင်စုံတွဲ၏ ဈာပနပွဲလည်းပြီးဆီးခဲ့လေသည်၊ အခုဆိုရင်......တစ်နှစ်၊နှစ်နှစ်အတွင်းကို ဩဇာထင်ရှားသောပုဂ္ဂိုလ်များ သေဆုံးမှုသည် ရှေ့အမှုမပေါ်သေး၊ နောက်တစ်မှုဖြစ်လာခဲ့၏၊ သောမတ်ဝိန်း သေဆုံးခြင်းအမှုလည်း ယနေ့ချိန်ထိ မဖော်ထုတ်နိုင်ကြသေးပေ။
မန္တလာရွှေမြို့တော်ကြီးသည် အခုဆိုအတော်လေး အထီးကျန်ဆန်နေရ၏၊ ဆိုရရင်....ဟိုတစ်ချိန်တုန်းကလို လမ်းမများထက် သွားလာသူများနှင့်ပွဲတော်အခါများတွင် သောသောညံစည်ကားခြင်းမရှိတော့ပေ၊ ရာဇဝတ်မှုများကို မည်သည့်အဖွဲ့ဘက်ကမျှ ထိရောက်အောင် ဖျက်ဆီးပေးနိုင်ခြင်းမရှိသေးပြန်၊ အထူးသဖြင့် ဘလက်အောင်းလ် အစေခံများကပိုမိုဆိုးဝါးလေသည်။
*သခင်မလေးမေရှင့်.....အခုဆို ဘာဆက်လုပ်ရတော့မလဲ
*အွန်း......အခုကတော့၊ သခင်ကြီးဝိန်းအမှုကို အဆုံးသတ်ပေးရတော့မှာပေါ့
*ဒါဆိုရင် ဘလက်အောင်းလ် လက်ချက်ဆိုပြီး သက်သေဖန်တီးထားတာတွေ အထက်ရုံးတော်ကို သတင်းပို့လိုက်ရတော့မလားရှင်
*အဲဒါထက် ပိုပြီးလုပ်ရလိမ့်မယ်၊ မြို့တော်တွင်း သတင်းဖြန့်လိုက်၊ ဘယ်သူက သတင်းစဖြန့်လဲဆိုတာမသိစေနဲ့
*နားလည်ပါပြီရှင့်
အန်းစ်လုပ်ငန်းစု၏ ကိုယ်စားလှယ်ချုပ်ရုံးခန်းထဲတွင် မေအန်းစ်နှင့်မန်နေဂျာစုတို့သည် ကိစ္စတစ်ခုအဆုံးသတ်ရန် ပြောဆိုနေကြ၏၊ မန်နေဂျာစုလည်း ရုံးခန်းထဲမှအထွက်တွင် ကိုထိုက်နှင့်ဆုံလေသည်။
*အို....ကိုထိုက်ရေ၊ ကောင်းသောနေ့ခင်းပါရှင်
*ဟုတ်ကဲ့၊ ကောင်းသောနေ့ခင်းပါဗျာ
*သခင်မလေးကို လာတွေ့တာလားကိုထိုက်ရှင့်
*ဟုတ်တယ်စု၊ ရှိသလားခင်ဗျ
ESTÁS LEYENDO
Who Hide The Truth Of Life (Own Story)
Fantasía(This novel is JohnKoSan*s First story.... ဂျွန်ကိုစံ ၏ကိုယ်ပိုင် စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်၊ Who Hide The Truth Of Life *ဘဝ အမှန် ဖုံးကွယ် ထားသူ*) ချစ်ခြင်းတရား...ထိုအရာအားပိုင်ဆိုင်ခွင့်ရဖို့အတွက်လူတစ်ယောက်မက တစ်ရာသတ်မှသာ ရနိုင်မယ်ဆိုလုပ်...