အပိုင်း ၂၉

550 38 0
                                    

မနက်ကတည်းက ဆေးရုံကိုအတင်းသွားချင်လို့ ပူဆာနေတဲ့မောင့်ကို နှောင်း မန္တလေးကို အမြန်ပို့ပေးလိုက်ရ၏။ ဂျစ်ကန်ကန်နဲ့သူလေးက မသွားချင်ရှာပဲ မဲ့ကာသွားရသည်။

နှောင်းလည်း မောင့်ကိုပို့ပေးပြီးကတည်းက လိုအပ်တာတွေယူပြီး ဆေးရုံမှာသာ ထိုင်စောင့်နေမိသည်။ ဟန်ကညကတည်းက နိုးနေပါပြီ။ လက်အခြေနေကြောင့် မျက်တောင်များသာ လှုပ်ခပ်ရဲ၏။

"သျှားရောဟင်"

"မန္တလေးသွားတယ် မမတေး မနက်ကပဲ လိုက်ပို့ပေးလိုက်တယ် ညနေလောက်ဆို ပြန်ရောက်မှာပါ"

"တစ်ယောက်ထဲလား"

ဆေးရုံမှာလှဲနေတဲ့သူက ခရီးသွားရတဲ့သူကို စိတ်ပူနေသေး၏။ သူတို့အဖွဲ့လေးက သဲသဲကဲကဲတွေ။ ဒီလိုချစ်ရှာတော့လည်း စိတ်အေးရပါသည်။

"အင်း ပြန်လာရင် ဟန့်ကိုလာတွေ့မှာပါ"

"ဟန့်ကိုလာမတွေ့မှာကို ပြောနေတာမဟုတ်ဘူးလေ အစ်မတေးရယ် တစ်ခုခုဖြစ်မှာဆိုးတာ"

ဟော...။ အစ်မထက်တောင် စိတ်ပူတတ်နေပါရောလား။ ပေးစားလိုက်ရ။ ငါ့နှယ့်။

"အမလေး ညီမတော်ရယ် ကျွန်မသေချာ ဖြောင့်ဖျပြီးပါပြီ"

ဟန်ကပြုံးရှာသည်။ ဘေးနာကို တစ်ခါပတ်ရှာ၏။ ရှာရန်မတွေ့သော သူတစ်ယောက်ကို ခေါင်းပါထောင်ပြီး ကြည့်နေတော့ လက်မောင်းကိုထိမှဖြင့်။

"နှင်းထမင်းချိုင့်သွားယူတယ်"

ရှိုင်းကြိုတားလိုက်မှ ခေါင်းကိုခေါင်းအုံး၌ ပြန်ကပ်၏။

"သက်သာတယ်မလား"

"မလှုပ်ရဲဘူး"

တစ်မနက်လုံး၊ တစ်ညလုံး ဒါပဲထိုင်ဖြေနေတော့ ရှိုင်း အမြင်ကပ်သလို အကြည့်နဲ့ကြည့်သည်။

"ဟန် နင်သက်သာတယ်မလား"

လရိပ်ကလွယ်အိတ်လေးချကာ အပြေးလေးသွားပြီးမေးသည်။

"အေး သက်သာပါတယ် နင်စာမေးပွဲဖြေပြီးပြီလား"

"ပြီးလို့ လိုက်လာတာပေါ့ဟ"

"ဖြေနိုင်လား"

"ဖြေနိုင်တာပေါ့ဟာ ငါကဆရာမကြီးကို"

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now