အစ်ကို (သို့) တိတ်တခိုးချစ်ရသူ

42 1 0
                                    

                            ꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡ Unicode ♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

သစ္စာတရားဆိုတာ
စ်ကို့အင်္ကျီလက်ဖျားလေးပဲ
အစ်ကိုကလွဲလို့ အခြားယောက်ျားတွေအကုန်
ခေါက်တင်ထားတယ်

ကျွန်မဒီစာသားကို ဖတ်နေတာ အခေါက်ခေါက်အခါခါရှိပြီ။ စာသားကိုသဘောကျလို့ဆိုတာထက် အစ်ကို ဆိုတဲ့ နာမ်စားလေးပါလို့ သဘောကျတာဆို ပိုမှန်လိမ့်မည်။

အစ်ကို တဲ့။ သိပ်လှတဲ့ နာမ်စားလေးပါ။
အဲ့လိုပဲ အစ်ကိုကသိပ်ကို ချောတာလေ။

အထက်တန်းတက်ရောက်ခါစ ဆယ်ကျော်သက်အရွယ်လေးမှာပေါ့။ အစ်ကို့ ပုံစံက သိပ်စမတ်ကျတာ။ အရပ်ရှည်ရှည် အသားဖြူဖြူလေးနဲ့ ကျောင်းစိမ်းဝတ်စုံလေးဝတ်ထားတဲ့ အစ်ကိုက ဖြူဖြူဖွေး‌ဖွေးအသားအရေနဲ့ လိုက်ဖက်စွာ ခန့်ခန့်ညားညားရယ်။

စိတ်မကောင်းစရာက အစ်ကို့ဘယ်ဘက်လက်မှာ အကျဉ်းတန်စွာ ကျောက်ပတ်တီးဖွေးဖွေးက နေရာယူတယ်။

အဲ့ဒါကြောင့် ကျောင်းစိမ်းပုဆိုးအစား ကျောင်းစိမ်းဘောင်းဘီကိုသာ ဝတ်ဆင်ရတဲ့ အစ်ကိုက ဘောင်းဘီရှည်နဲ့လည်း လိုက်ဖက်ပါတယ်။ အရပ်ပိုရှည်လာသလိုခံစားရတယ်လေ။

ခြေတံရှည်တွေနဲ့ လှည့်မကြည့်ဘဲ အဝေးကို ခပ်မြန်မြန် လျှောက်လှမ်းသွားတဲ့ အစ်ကိုက ဒီကလေးမ ငေးနေမှန်းရိပ်မိလို့လား အစ်ကို။

ချေချေမိုးမိုးရှိတဲ့ အစ်ကို့ကိုသဘောကျမိတာ ကျွန်မမှားလား အစ်ကိုရယ်။
ကျွန်မ အစ်ကို့ ကိုမသိကျွမ်းခင်ကတည်းက သက်ဆိုင်သူရှိပြီးသားအစ်ကို က ဘာလို့များ လာပတ်သက်ချင်နေရတာလဲ။

အစ်ကို့မှာ ဆိုင်သူရှိမှန်းသိတော့ နာကျင်ရသလို အစ်ကို့ ဘက်ကစတင်ချည်းကပ်ပြန်တော့လည်း ထပ်ဆင့်နာကျင်ရတယ် အစ်ကို။

ကလေးတစ်ယောက်ဖြစ်နေလို့ ဒါမှမဟုတ် သေမတတ်သဘောကျနေမိမှန်းသိလို့ တမင်တကာ ကစားချင်ခဲ့တာလား အစ်ကို။

ကျွန်မလည်း လူပါ အစ်ကို။ ဘာသားနဲ့ ထုဆစ်ထားတာမို့လို့လဲ။ အသွေးအသားနဲ့ ထုဆစ်ထားတာပါ။ နှလုံးသားလည်းရှိတဲ့ အတွက် ချစ်လည်းချစ်တတ်သလို နာကျင်မှုတွေကိုလည်း ခံစားတတ်ပါတယ် အစ်ကို။

You've reached the end of published parts.

⏰ Last updated: Oct 18 ⏰

Add this story to your Library to get notified about new parts!

အစ်ကို (သို့) တိတ်တခိုးချစ်ရသူ (one short )Where stories live. Discover now