ဒီကနေ့ ရှုတင်တစ်ခုမှာပေါ့
ဒါရိုက်တာ ကျော်စွာ မင်းသမီး စံရတီတို့နဲ့အတူ တတ်သစ်စ မော်ဒယ်သရုပ်ဆောင် နေတံခွန်က Magazine တစ်ခုအတွက် ပုံကောင်းများရဖို့ ဘက်ပေါင်းစုံက ရိုက်ချက်တွေနဲ့အတူ ရှုတင်တစ်ဖွဲ့လုံးကြိုးစားပမ်းစားရိုက်ကူးနေကြသည်
ရိုက်ကူးရေးပြီးသွားလို့ ခဏအကြာမှာ....
"တံခွန် cele media က အင်တာဗျူးလေးတစ်ခုလုပ်ချင်လို့တဲ့ " သူ့မန်နေဂျာဖြစ်သူ ကိုမြင့်ဇော်က ပြောလာတော့
" ဟုတ်ကဲ့ ကိုဇော် ရပါတယ် ကျတော်လက်ခံလိုက်ပါမယ် "
" ဒါဆို ကိုဇော် အရင်သွားပြောထားနှင့်မယ်"
" ဟုတ်ကဲ့ ကိုဇော်"ခဏအကြာမှ သူထွက်လာလိုက်သည် media နဲ့ ကိုဇော်က အရင် သွားပြောပီးထားပီဆိုတော့ သူလွယ်လွယ်ကူကူပဲ ဗျူးမဲ့ ကင်မရာရှေ့မှာ သွားထိုင်လိုက်သည် သူတို့အားလုံးပြင်ဆင်ထားပီးသားဖြစ်တဲ့အတွက် ဘာမှ ထွေထွေထူးထူးလုပ်စရာမလိုတော့ပေ
" မဂ်လာပါ ညီလေး အစ်ကိုက Cele Media က ကိုဝဏ္ဏပါ "
" အော် ဟုတ်ကဲ့ဗျ အခုလို လာပီးသတင်းယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ"
အပြန်အလှန် လက်ဆွဲနှုတ်ဆက်ကြရင်း Media က အကို က သဘောကောင်းကြောင်း ခံစားမိတာကြောင့် သူပိုပီး စိတ်ထဲပေါ့ပါးသွားသည် သူ့လို တတ်သစ်စ လေးတစ်ယောက်ကို လာပီးသတင်းယူပေးတဲ့အတွက် လည်း ကျေးဇူးတင်ရပါသည်
ဘေးကို လှမ်းကြည့်တော့ ကိုဇော်ပါ ရှိနေတာကြောင့် စိတ်ထဲလည်းအတော်ပေါ့ပါးနေမိသည်တွေးနေတုန်း Media အကိုက " ကဲ ညီလေး အဆင်သင့်ဖြစ်ပီဆို အကိုတို့ မေးခွန်းလေးတွေ စ လိုက်ကြတော့မလား "
" အော် ဟုတ်ကဲ့ ရပါပြီဗျ " ပြောလိုက်တော့ Media က အကိုကြီးက မိုက်နဲ့ မေးလာသည်
မေး -" ဟုတ်ကဲ့ပါ ညီလေး နေတံခွန် ညီလေးအနေနဲ့ မော်ဒယ် သရုပ်ဆောင်အပြင် အဆိုပိုင်းမှာလည်း နာမည်ရလာတယ်ပြောရမယ်နော် တေးစီးရီးထုတ်ဖို့ရော အစီအစဉ် ရှိလားသိပါရစေ "
ဖြေ - "ဟုတ်အဆိုပိုင်းရော ဝါသနာပါတယ်ပေါ့ ဒါပေမဲ့ အဲ့အပိုင်းက သိပ်အချိန်မပေးသေးတာကြောင့်လည်းပါတယ်ပေါ့ဗျာ သီချင်းတွေကြိုက်လို့ဝယ်စုထားတာလေးတွေတော့ရှိပါတယ် "
မေး - "ဒါဆို ဘယ်တော့လောက်များအခွေထွက်ဖို့အစီအစဥ်ရှိလည်း သိပါရစေ"
ဖြေ - " နှစ်ကုန်ပိုင်းလောက်တော့ ပရိတ်သတ် လက်ထဲထည့်နိုင်အောင်ကြိုးစားနေပါတယ် အခွေထွက်ရင်လည်း အားပေးကြပါဦးလို့ပြောချင်ပါတယ်"
" ဟုတ်ကဲ့ပါ အခုလိုသိလိုသမျှကိုဖြေကြားပေးတဲ့ ညီလေးနေတံခွန်ကို အထူးပဲကျေးဇူးတင်ပါတယ် "
" ဟုတ် ကျတော်ကလည်း Cele Media ကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ"