ep 23 (Unicode)

16.6K 883 114
                                    


A/N +warningပါသည့် partပါ။🔞

.......................................

""ရေးးးးးး ဝူးးးးးး""

ဖြောင်းးးဖြောင်းးးဖြောင်းးး

Betaမများနှင့် Omegaမများ၏
အော်ဟစ်သံ၊ လက်ခုပ်သြဘာပေးသံများဟာ 
အားကစားခန်းမဆောင်အတွင်း၌ 
ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိသည်။ 
ဆိုးရွားလွန်းသော သူတို့အသံဆိုးကြောင့် 
နားနှစ်ဖက်ထဲ လက်ညှိုးထိုးထည့်ထားရသည်။ 

တခြားဘေးလူများ၏ အမြင်မှာ
သူတို့အုပ်စုတွေ 
ဘတ်စကက်ဘောသမားများကို 
အင်တိုက်အားတိုက် အားပေးနေသည်ပေါ့။ 
တကယ်တမ်းကျတော့ ဆံဖြူလူကို 
သူ့ထက်ငါ ကြူးနေကြတာ။
ဆံဖြူလူ ဦးဆောင်တဲ့ youth boy's 
အဖွဲ့၏ ပင်တိုင် အားကစားဝတ်စုံအရောင် 
ဖြစ်သည့် အပြာရင့်ရောင်ကို အစွဲပြုကာ 
အပြာရင့်ရောင်ဖဲကြိုးများ 
ချည်နှောင်ထားသော အလှတုတ်ချောင်းများကို 
လေထဲ၌ ဝှေ့ယမ်းနေကြသည်။ 
အားကစားကွင်းထဲမှာ သူတို့ အသံဆိုး၊ 
သူတို့ သရုပ်ပျက်ဟန်များသာ 
နေရာယူထားသည်။ ပြိုင်ပွဲပဲကြည့်ရမလား၊ 
သူတို့ကိုပဲ မျက်စောင်းထိုးရမလား
မသိတော့ပေ။

တစ်ခါတစ်ခါ တစ်ဖက်အသင်းရဲ့ 
ဂိုးခြင်းထဲသို့ ဆံဖြူလူ ရှည်လျားတဲ့သူ့အရပ်အမောင်းနဲ့  ဘောလုံး
ကိုင်မြှောက်ထည့်လိုက်သည့်အခါမျိုးဆို...

"အားးးး!!!! ကိုကျော့!!!! အားးးး"

"အချောလေးရေးးး!!! အရမ်းတော်တယ်!!!"

"အားးး ကျွန်မအသည်းလေး 
ဘာလို့အရမ်တော် အရမ်းချောနေရတာလဲ 
အားးး ကျွန်မအသည်းတွေ
ဖြုတ်ထွက်ကုန်ပါပြီ"

"ကိုကျော့!!!!!"

နားစည်ကွဲမတက် အော်ဟစ်သံများကြားမှာ
မုတ် ကြားညှပ်နေ၍ နားပိတ်ထားသည့်
လက်တွေကို ပြန်ဖြုတ်ထုတ်ကာ ဘေးက သောင်းကျန်းနေသူ တစ်သိုက်ကို 
မျက်စောင်းခဲကြည့်လေသည်။

"တော်တော်သောက်မြင်ကပ်ဖို့ 
ကောင်းတဲ့ဟာတွေ တောက်!!"

"မုတ် ဘာဖြစ်လို့လဲ"

"နားညီးလို့!!"

"ဟော့ ဖြစ်ရလေခြင်း"

စူပုပ်ပုပ်ရုပ်နဲ့ မုတ်က ဘေးက 
ချာတိတ်မလေးတွေကို အမြင်ကတ်စွာ 
စိုက်ကြည့်နေသည်။ သူ့အကြည့်စူးစူးကို 
မသိရှာတဲ့ ချာတိတ်မလေးတွေက 
ကျော့ဝတီကိုသာ အာရုံစိုက်ထားကြသည်။
 
ကျော့ဝတီ ဘတ်စကက်ဘောကစားတိုင်း 
ဒီလိုမျိုး ချာတိတ်မလေးတွေ အော်ဟစ် 
အားပေးကြတာ ပုံမှန်ပင်။ ဒါကို
မုတ်တစ်ယောက် သဘောမတွေ့ 
ဖြစ်နေလေသည်။
ဘတ်စကက်ဘောကွင်းထဲ ရောက်ဖို့ 
မုတ်ကို မနည်းကြီး ဆွဲခေါ်လာခဲ့ရသည်။ 
ဒီရောက်တော့
ဘတ်စကက်ဘောကစားနေသူတွေကို
မကြည့်ဘဲ ချာတိတ်မလေးများကိုသာ
စောင်းကြည့်နေ၏။

I Hate You Where stories live. Discover now