"ပလုံ"
"ဟမ်... ဘာကို ပလုံတုန်း"
"ဆပ်ပြာတုံး ရေထဲ ပြုတ်ကျသွားလို့"
"ဟာ ကောင်းရော။ ပြန်ဆယ်လို့ရဦးမလား ကြည့်ကြည့်ပါဦး"
သူငယ်ချင်းဖြစ်သူ ဟေမာန်၏ စကားကြောင့် ခတ္တာက ရေထဲကျသွားသော ဆပ်ပြာတုံးကို ကပျာကယာ ငုံ့ကြည့်မိသည်။ သို့ရာတွင် ဆယ်ပြားစေ့အရွယ်အစားရှိသော မဟာဆပ်ပြာတုံးကြီးကတော့ ရေညစ်ညစ်အကြား ပေါလောပေါ်နေသောရေညှိများအောက်တွင် တူတူပုန်းသွားချေပြီ။ မတွေ့ရေးချ မတွေ့။ သူက ခတ္တာတို့နှင့် လမ်းစဖြတ်လိုက်လေပြီ။
"မတွေ့တော့ဘူး"
"အင်း... မတွေ့တော့လည်း ဘယ်တတ်နိုင်မလဲ။ ဒီတစ်ပတ်တော့ ဆပ်ပြာမတိုက်ဘဲ ရေသာနိုင်နိုင်လောင်းချိုးပေတော့... ဈေးသွားလို့ရမှ ရရင်ဝယ်ခဲ့မယ်နော်"
"ရရင် ဝယ်ခဲ့မယ်တဲ့...အင်း...ရဖို့လည်း လွယ်မှမလွယ်တာ...ဈေးတွေက ခေါင်ခိုက်နေတာပဲ..." ဟေမာန်၏ မျက်နှာက ဆီးရွက်လောက်သာရှိတော့သည်။ "လက်ဆေးဆပ်ပြာနဲ့လည်း ရေချိုးလို့ရမှာပါလေ... ငါကလည်း ပျာလိုက်တာ"
ရေချိုးပြီး၍ ဆပ်ပြာ၊ သွားပွတ်တံ အစရှိသည်တို့ကို အခန်းထဲပြန်လာထားရာလမ်းတွင် ပြတင်းပေါက်မှတစ်ဆင့် ရေထဲသို့ ပြုတ်ကျသွားခြင်းဖြစ်သည်။ ဆပ်ပြာက ရေကြောင့် ချော်နေသည်ကို ဂရုမထားမိသောကြောင့် ယခုတော့...
သူတို့၏အိမ်က ခြေတံရှည်အိမ်ကလေး။ အိမ်အောက်ခြေတွင်ရှိသော ရေထဲ၌ ငါးအမျိုးမျိုးကို မကြာခဏတွေ့ရသည်။
"ဟေ့ ဟိုးမှာ ငါးခူတစ်ကောင်" ခတ္တာက ရေထဲကို လက်ညှိုးညွှန်ပြရင်း ခပ်မြူးမြူးပြောလိုက်သည်။ "ဟာ ဟုတ်ပ... ဟိုမှာလည်း ငါးပြေမတစ်ကောင်" အင်းလေးငါးဖိန်းကိုတော့ မတွေ့ရ။ အဘယ်တွေ့ရမည်နည်း။ အင်းလေးမှ မဟုတ်သည်ပင်။ အင်းလေးသို့ အမြဲတစေ အလည်အပတ်သွားရောက်လိုခဲ့သော်လည်း လမ်းပွင့်ခဲ့ခြင်းမရှိ။ ယခုအခါတွင်မူ အင်းလေးက သူ့အိမ်သို့ရောက်လာခဲ့ပြီ။ သူတို့မြို့တွင် ရေတက်သည်က မဆန်း။ သို့ရာတွင် သည်တစ်ခါရေတက်သည်က လွန်လွန်းသည်။ မိုးက ညို့ဆိုင်းနေသည်။
YOU ARE READING
Sky
Short Story"မိုးကလည်း... ရွာမှဖြင့်လည်းအကုန်ရွာချလိုက်တာမဟုတ်ဘူး... တစ်စက်နှစ်စက်ကလေးပဲရွာပြီး... တောင်မရောက် မြောက်မရောက်နဲ့...ဒါနဲ့... ငါတို့ငယ်ငယ်က ရေတက်တုန်း လှေစီးတမ်းဆော့ကြတာ မှတ်မိလား... ဆားဒယ်အကြောင်းသင်တော့ အဲ့ဒါတောင် သတိရသွားသေး" "အင်း... နင်ရယ်၊ ငါရ...