အပိုင်း ၁

14K 40 0
                                    

အသက် ၃၀ နားနီး တင့်တင့်တယ်တယ် manager ဆိုတဲ့ အလုပ်ကလေးနဲ့ တည်ငြိမ်နေတဲ့ ကျွန်တော့်ဘဝ ....
ကလေဆန်ပြီး အိမ်မပိုင်တဲ့ ရည်းစားငယ်ငယ်လေး ထားမိပါမှ ငါးပါးမက ဆယ်ပါးမှောက် ....

အသက် ၂၀ အရွယ်အထိ အိမ်မပိုင်တဲ့ ကျွန်တော့်ကောင်မလေး သဲသဲ က သွားလေရာ သူမရဲ့ သူငယ်ချင်း ဖြစ်သူ ဒုံဒုံ ဆိုသော ကောင်မလေးပါ ခေါ်ခေါ်လာသောကြောင့် ကျွန်တော့်မှာ ချိန်းတွေ့တိုင်း နှစ်ယောက်စာ တာဝန်ယူနေရလေရဲ့ ....

မသိရင် ကျွန်တော် ကိုအောင်က ဆော်ငယ်ငယ်လေး နှစ်ပွေကို တစ်ပြိုင်တည်း အမ်းနေတဲ့ sugar daddy လိုလို ... သွားလေရာ ရထားတွဲကြီးပမာ ... အမြဲတမ်း မဟုတ်ပေမယ့် တခါတလေတော့လဲ စိတ်ရှုပ်ရလေသည်ပေါ့ ...

ဒီနေ့ Sunday ဖြစ်တာကြောင့် ချစ်ရသူလေး အလိုကျ ပန်းခြံသွား လျှောက်လည် မုန့်စား shopping ထွက် ...
ထုံးစံအတိုင်း ဒုံဒုံလဲ မပါမဖြစ်ပေါ့ ....

ညနေပိုင်း cinema မှာ ရုပ်ရှင်ကြည့်ပြီး ပြန်ထွက်လာတော့ အပြင်မှာမှောင်နေလေပြီ ... အချိန်က ၈နာရီခန့်

ကျွန်တော့်ကားလေးက မနေ့ကမှ ဝပ်ရှော့ပို့ထားရတယ်ဆိုတော့ Taxi ငှားရန်ကြိုးစားပေမယ့် တစ်စီးမှ မရပ် အားလုံးက passenger တွေနဲ့ ... နောက်ဆုံး ထိုးရပ်လာသော aircon Bus ပေါ်သို့သာ ၃ယောက်သုံးပြေးတက်ခဲ့ကြသည် ...

ကံကောင်းတယ်ပဲ ဆိုရမလား ... ကားအရှေ့ပိုင်းမှာ ခုံတစ်လုံးလွတ်နေလို့ ကျွန်တော်က သဲသဲကို ထိုင်စေကာ ဘေးမှ မက်တပ်ရပ်လျှက် ...

ဒုံဒုံကတော့ ကားဆရာရဲ့ ဆော်သြော်မှုကို နားမခံသာ၍လား ကားနောက်ပိုင်းသို့ တိုးသွားလေရဲ့ ...

အစပိုင်း လူချောင်နေတော့ ကိစ္စမရှိပေမယ့် တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင် လူကြပ်လာသော Bus နဲ့ ..

ဒုံဒုံ့ကို လှမ်းကြည့်မိတော့ လူကောင်မထွားပေမယ့် အသားခပ်ညိုညို ဆံပင်ရှည်ရှည် နဲ့ မြန်မာဆန်ဆန် အချိုးကြနေတဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် ပုရိသအချို့က ငမ်းကြောထနေကာ မတော်တဆလိုလို မထိတထိ ထိတွေ့နေသောကြောင့် ဘယ်လိုမှ သည်းမခံနိုင်သည့်အဆုံး မှေးနေပြီဖြစ်သော သဲသဲကို ထားခဲ့ကာ လူကြားတိုးဝှေ့၍ ဒုံဒုံ့ဆီ အရောက်သွားလိုက်ပြီး ဒုံဒုံ့ ခန္ဓာကိုယ်လေးကို အနောက်က အုပ်မိုးကာ အကာကွယ်ပေးလိုက်သည် ....

BFF's Boyfriend (short)Where stories live. Discover now