ငါကမွေးစားခံထားရတာ!
စပွန်ဆာQi × မကောင်းတဲ့သတင်းနဲ့နာမည်ကြီးတဲ့Yuan
00.
"ငါကမွေးစားခံထားရတာလေ ဘာဖြစ်တုန်း
လာကိုက်ကြလေ"01.
#Zhang Zhenyuanက ညနက်ကြီးမှာ Luxuryဗီလာတစ်ခုထဲကိုဝင်သွားပြီး တစ်ညလုံးပြန်ထွက်မလာဘူး သူမွေးစားခံရတယ်လို့သံသယရှိ#
တစ်ညအတွင်းမှာထိုစာကြောင်းကရူးသွပ်နေအောင်ပျံနှံသွားသည်။
"ငါပြောပါတယ် ဒီလိုလူမျိုးနာမည်ကြီးလာတာက သေချာပေါက်မွေးစား(စပွန်ဆာပေး)ခံလိုက်ရလို့ဘဲ"
"အေးလေအေးလေ ဒီလိုလူမျိုးကနာမည်လာတာလား ငါတစ်ကယ်အံသြတယ် တစ်ကယ်ကောင်းမွန်တဲ့လုပ်ရပ်မျိုးမဟုတ်ဘူးရော"
"Zhang Zhenyuanက ဘာလို့အခုထိမပေါ်လာသေးတာလဲ"
... ... ...
လိုင်းပေါ်ကလူတွေကဝေဖန်နေကြတာအရမ်းဘဲဆိုပေမယ့် ကိုယ်တွေရဲ့ကိစ္စပိုင်ရှင်Zhang Zhenyuanကတော့ ကိတ်မုန့်ကိုတစ်ဇွန်းပြီးတစ်ဇွန်းစားနေတာအရမ်းပျော်နေ၏။
"မဟုတ်သေးပါဘူးအကိုကြီး မင်းကအခုမြိုချနိုင်သေးတာလား"မန်နေဂျာYun Qiကခေါင်းကိုက်စွာနဲ့အရှေ့က Zhang Zhenyuanကိုကြည့်ကာစိတ်မရှည်စွားပြောလာ၏။
"လိုင်းပေါ်ကစကားတွေကပြောနေကြတာဘယ်လိုအခြေအနေဖြစ်နေပြီလဲ မင်းကဒါကိုစားလို့ဝင်သေးတာလား"
Zhang Zhenyuanက ဂရုမစိုက်သလိုမျိုးနှုတ်ခမ်းလေးကိုသတ်လိုက်ပြီးတော့"ပြောနေကြတယ်ဆိုတော့ပြောကြပေါ့ ငါကအသားပြုတ်ထွက်သွားတာမှမဟုတ်တာ ပြီးတော့ငါကလည်းတစ်ကယ်မွေးစားခံလိုက်ရတာဘဲလေ"
ဒီတစ်ခေါက်မှာတော့ Yun Qiအံသြဖို့အလှည့်ဖြစ်သွား၏။
"ဘာပြောတယ်? Zhang Zhenyuan? မင်းတစ်ခေါက်ပြန်ပြောစမ်း?"
Zhang Zhenyuanက သူရဲ့နားကိုအနည်းငယ်ပွတ်သတ်လိုက်ပြီးတော့မှ စိတ်ရှည်စွာနဲ့နောက်တစ်ခေါက်ပြန်ပြော၏။
"ငါပြောတာက ငါကမွေးစားခံလိုက်ရတာလို့ ပြီးတော့ မနေ့ကဘဲလက်ထပ်စာချုပ်လုပ်ပြီးတာ"
YOU ARE READING
我就是被包养的! (Myanmar Translation)
FanfictionTitle - 我就是被包养的! Author - 茄 Chapter - One shot From Lofter https://qieqiedelu.lofter.com/post/30ba9899_1cd16c518