Arc(12) ဟွေ့ရှောက်ရယ်(၁၈)။
ရှန်စစ်မှာရှက်ရွံ့မှုကိုမေ့သွားခဲ့ပြီပင်။ အခုမှနိုးလာသည့်လင်ခုံးလုနှင့်မတူဘဲ သူတစ်နေ့ကုန်အချိန်ဖြုန်းကာတစ်ဖက်လူကဗန်ပိုင်းယားဆိုသည့်အချက်ကိုအစာချေလိုက်ပြီမို့ သူ့စိတ်အခြေအနေမှာရှော့ခ်ရမှုမှတည်ငြိမ်မှုအဖြစ်သို့ပြောင်းသွားလေပြီ။
ဒီအချိန်မှာလင်ခုံးလုစောင်ထဲမှာကွေးနေပြီးအပြင်ထွက်မလာတာမြင်လိုက်ရတော့ တစ်ဖက်လူဟာအလင်းရောင်ကိုသဘောမကျဘူးဟုထင်သွားကာ လက်မြှောက်ပြီးမီးလှမ်းပိတ်လျက်တည်ငြိမ်စွာပြောလိုက်သည်။
"ညစာအသင့်ဖြစ်ပြီ။"မီးပိတ်လိုက်ပြီးနောက်မီးပိတ်လိုက်တာကမမှန်ဘူးဟုသူခံစားလိုက်ရသည်။ သူဂျနီဖာအတုအလင်းရောင်ကြောက်တာမမြင်ဖူးဘူးလားလို့? ပြီးတော့မီးပိတ်လိုက်ရင်အခန်းထဲကဒီလောက်မှောင်မည်းနေတာကိုဘယ်လိုညစာစားကြမတုန်း?
သူတုံ့ဆိုင်းသွားပြီးမှမေးလိုက်မိသည်။
"ခင်ဗျားအလင်းရောင်ကြောက်လား။"လင်ခုံးလု: "....."
သူရုတ်ခြည်းစောင်ကိုမကာပြောလိုက်သည်။ "မကြောက်ဘူး။"
သူ့ခြေသည်းကိုမြှောက်ပြီးလိင်ကိုကြည့်သွားခဲ့တဲ့အရှက်မဲ့တဲ့နှာဘူးကမရှက်တာကိုသူကဘာလို့ရှက်နေရမှာတုန်း?
လင်ခုံးလုအမှောင်ထဲမှာရှန်စစ်ကိုကြည့်ပြီးအံကြိတ်ကာတွေးလိုက်မိသည်။
ရှန်စစ်မီးဖွင့်လိုက်သည်နှင့် သူနှင့်အကြည့်ချင်းဆုံသွားတော့ သူ့မျက်နှာထားတောင့်ခဲသွားရကာရုတ်တရက်မသက်မသာမျက်နှာလွှဲလိုက်မိပြီးချောင်းအသာဟမ့်ကာပြောလိုက်သည်။
"စားရမဲ့အချိန်ရောက်ပြီ။"လင်ခုံးလု: အိုး၊ မင်းစိတ်ပူနေသေးတယ်ပေါ့?
*
ငါးမိနစ်ကြာသော်ဧည့်ခန်းထဲရှိသစ်သားစားပွဲအကျိုးလေးမှာနှစ်ယောက်သားစကားတစ်ခွန်းမဆိုဘဲသည်းကြီးမဲကြီးစားနေကြသည်။
ရှန်စစ်အရွက်ကိုလှမ်းယူရင်းမော့ကြည့်မိတော့လင်ခုံးလု၏အဝတ်အစားကိုမြင်သွားသည်။ နောက်ဆုံးမှာသူမအောင့်နိုင်တော့ဘဲသူ့ကိုအသိပေးလိုက်မိသည်။
"ခင်ဗျား....အဝတ်အစားပိုဝတ်ချင်လား။"
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့