Episode-(1)
Wanted"" အုန်း!!!!! ""
ကျယ်လောင်လှတဲ့ ပေါက်ကွဲသံတစ်ခုက ဆိုင်ရာကုမြို့ရဲ့အလယ်မှာ ထွက်ပေါ်လာခဲ့တော့တယ်။ပေါက်ကွဲသံထွက်ပေါ်လာခဲ့အပြီးမှာတော့ မီးတောက်တစ်ခုကလည်း ချက်ချင်းဆိုသလိုပဲ တောက်လောင်လာပြီး မာဆာရို(Masarou)တို့လည်း မီးတောက်အပူရှိန်ကြောင့် နောက်ကို ပြန်ပြီးတော့ ဆုတ်လိုက်ရတော့တယ်။
သူတို့နောက်ကိုဆုတ်ပြီး သိပ်မကြာခင်ပဲ မီးတောက်အတွင်းထဲကနေ လူတစ်ယောက်က မတ်တပ်ရပ်အနေအထားနဲ့ ပေါ်လာပြီး
" ဟားး ဟားး ဟားး ဟားး!!! လူ့လောကဆီကနေပြီးတော့ ငါချိတ်ပိတ်ခံလိုက်ရတာ နှစ်ပေါင်းအများကြီးကြာသွားပြီးတဲ့အချိန်ကျမှ ငါနဲ့သင့်တော်တဲ့ လက်ခံကောင်ကြောင့် ငါပြန်ပြီးတော့ နိုးထလာနိုင်ခဲ့ပြီ ဟားး ဟားး ဟားး ဟားး!!! "
မီးတောက်အတွင်းထဲက ထိုလူက သူ့ကိုယ်သူပြန်ကြည့်ကာ ပြောလိုက်ရင်း အားရဝမ်းသာစွာ အော်ရီလိုက်တော့တယ်။
အဲ့လိုပြောနေတဲ့ထိုလူကို မာဆာရိုတို့က အံ့ဩမှု၊မယုံနိုင်မှုတွေနဲ့ ကြည့်နေကြရင်း အဲ့အချိန်မှာ
" Nii-san(အကိုကြီး)!!! " လို့ မာဆာရိုတို့ထဲမှ လူငယ်တစ်ယောက်က ဝမ်းနည်းမှုများစွာနဲ့ ဟစ်အော်ကာ ခေါ်လိုက်ရင်း
🗝️🗝️🗝️🗝️🗝️
" လူကြီးမင်းများခင်ဗျာ၊သိပ်မကြာခင်အချိန်မှာ ကျွန်တော်တို့ရဲ့ S.A.B.T(Sairaku Auto Bullet Train)ဟာဆိုရင်တော့ စက်မှုရဲ့မြို့တော်ဖြစ်တဲ့ ဆိုင်ရာကု(Sairaku)မြို့ရဲ့ ဘူတာကို ဆိုက်ရောက်တော့မှာပဲ ဖြစ်ပါတယ်၊အဲ့တာကြောင့်မလို့ အဆင်သင့်ကြိုတင်ပြင်ဆင်ပေးထားကြပါလို့ လေးနက်စွာအသိပေးပြောကြားအပ်ပါတယ် "
ထိုသို့ ရထားပေါ်ကနေ အသိပေးသံပေါ်လာပြီး သိပ်မကြာခင်မှာပဲ ရထားဟာ ဆိုင်ရာကုမြို့ရဲ့ ဘူတာကို စတင်ဆိုက်ရောက်လာခဲ့တော့တယ်။
အဲ့ဒီနေ့က စက်တင်ဘာ ၈ ရက်၊မနက်ခင်း အချိန်ပေါ့၊
ရထားဆိုက်ရောက်ပြီး ရထားတံခါးတွေ ပွင့်သွားပြီးတဲ့နောက် ရထားပေါ်ကနေ လူတွေများစွာ ဆင်းလာကြပြီး အဲ့ဒီအထဲမှာ လူငယ်လေးတစ်ယောက်လည်း ပါလာတော့တယ်။