"တို့ ဒီလိုမလုပ်နိုင်ဘူး ဝမ်"
ကျွန်မ ဝမ်ဝီဝါ၏ အင်္ကျီကော်လာကို ကြိုးစား၍ဆွဲကာတွန်းပစ်လိုက်သည်။
မလိမ်တမ်းပြောရမယ်ဆိုရင် ဝမ်၏အဝတ်အောက်မှာရှိနေသည့် အသားအရေကိုထိတွေ့လိုက်လျှင်ဘယ်လိုခံစားရမည်ကိုသိပ်သိချင်မိသည်။ ကျွန်မ၏မျက်နှာကို ဝမ့်လည်တိုင်ကြားမှာအပ်ထားချင်သည်။ ဝမ့်ရဲ့တစ်ကိုယ်လုံးနေရာအနှံ့ကို နမ်းရှိုက်ပြီး ခံစားချင်မိသည်။"သေချာပေါက်ကျမတို့လုပ်နိုင်တာပေါ့ ။ ရှင်လွှတ်ချလိုက်ဖို့ပဲလိုတာ"
"ဘာကိုလွှတ်ချရမှာလဲ ဝမ်။ အခုဖြစ်နေတာတွေမှားနေတယ်ဆိုတာ တို့နှစ်ယောက်လုံးသိနေတာပဲလေ"
ကျွန်မကိုယ့်မျက်နှာကို လက်ဖြင့်အုပ်၍ရှင်းပြဖို့ကြိုးစားမိသည်။
"ဒီထက်ပိုပြီးရှေ့ဆက်တိုးမိရင် တို့နှစ်ယောက်လုံးနောက်ပြန်ဆုတ်လို့ရမှာမဟုတ်တော့ဘူး""နောက်ပြန်ဆုတ်မရရင် ရှေ့ဆက်တိုးကြတာပေါ့"
ကျွန်မရှေ့ကမိန်းမငယ်လေးသည်ကျွန်မ၏လက်အားဖယ်၍ သူမနှင့် အကြည့်ချင်းဆုံစေသည်။
"ရှင့်နဲ့ပြန်တွေ့တည်းက ကျမနောက်ပြန်ဆုတ်ဖို့ စိတ်ကူးမရှိဘူး"ဝမ်သည်ကျွန်မကိုယ်အား ဆိုဖာပေါ်သို့အသာအယာတွန်း၍ လှဲချစေသည် ။
မဟုတ်ဘူး တကယ်တော့ကျွန်မကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိဖြင့် လှဲချပေးမိပြီး ဝမ်ကျွန်မကို တစ်ခုခုလုပ်ဖို့မျှော်လင့်နေမိသည်။
ကျွန်မ၏ခန္ဓာကိုယ်က ကျွန်မပြောသည့်စကားနှင့်ဆန့်ကျင်ဖက်ပြုမူနေလိုက်ပုံက အရမ်းသနားဖို့ကောင်းလွန်းနေသည်။"ဝမ်..."
မိန်းမငယ်လေးဝမ်သည် ကျွန်မဆီသို့ ပို၍တိုးကပ်လာခဲ့ပြီး သူမရှပ်အင်္ကျီ၏ကြယ်သီးတို့ကိုအလောတကြီးဖြုတ်နေသည်မှာ နောက်ဆုံးအလုံးကိုရောက်လာခဲ့လေပြီ။ ဝမ်၏စိုစွတ်နေသည့်နှုတ်ခမ်းပါးလေးသည် ကျွန်မ၏ မျက်နှာအနှံ့အပြားကိုနမ်းရှိုက်ပြီး နောက်ဆုံးတွင် ကျွန်မအထိမခံနိုင်ဆုံး နားရွက်ဖျားသို့ နမ်းရှိုက်လာသည်။ ဝမ့်အထိအတွေ့တွင် ကျွန်မညည်းမိသွားသည်။ ဝမ့်၏ ကလေးပေါင်ဒါအနံလေးက ကျွန်မအားအတိတ်သို့ပြန်ဆွဲခေါ်သွားသယောင်..။ ကျွန်မကိုယ်ကျွန်မ မထိန်းချုပ်နိုင်တော့ပေ။ ကျွန်မ ဆန္ဒပြင်းပြစွာ ဝမ့်အားထိတွေ့ဖို့လက်လှမ်းမိပြိးမှ အရမ်းပူသည့်အရာတစ်ခုကိုထိမိသကဲ့သို့ လက်ကို ပြန်ရုတ်လိုက်မိသည်။"ဟင့်အင်း ဝမ်.. တို့မလုပ်နိုင်ဘူး ..တို့ဘယ်သူ့ရဲ့အငယ်အနှောင်းမှမဖြစ်ချင်ဘူး"
"ရှင်မလုပ်နိုင်ရင် ဘာမှမလုပ်နဲ့ ဒီတိုင်းငြိမ်ငြိမ်လေးလှဲနေပေး ကျမကိုယ်တိုင်လုပ်ယူမယ် "
"တော်တော့ဝမ်.. တို့ပြောတဲ့ မလုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို မင်းလည်းသိရဲ့သားနဲ့ "
"ရှင် ကျွန်မကိုပေးထားတဲ့ကတိကိုမှတ်မိသေးလား"
"ဘာကတိလဲ ဝမ်"
မိန်းမငယ်လေးဝမ်သည် ကျွန်မ၏ပခုံးအား သူမ၏လက်နှစ်ဖက်ဖြင့်တွန်း၍ သူမ၏အညိုဖျော့ရောင် မျက်ဝန်းတွင်းသို့ စိုက်ကြည့်စေသည်။ သူမ၏မျက်ဝန်းသည် ကျွန်မအပါအဝင် မည်သူ့ကိုမဆို ဆွဲဆောင်နိုင်လောက်အောင် ညှို့အားပြင်းလွန်းသည် ။"ကျမသာဆရာဝန်ဖြစ်လာမယ်ဆိုရင် ကျမလိုချင်တဲ့အရာတိုင်း ရှင်ဖြည့်ဆည်းပေးမယ်ဆိုတဲ့ကတိလေ"
"အခုဘာလို့ အဲ့ကတိအကြောင်းပြောနေတာလဲ ဝမ်"
"အခု ကျမလိုချင်တဲ့အရာကို ကျမကောင်းကောင်းသိပြီ"
ဝမ်သည် သူမ၏ရှပ်င်္အကျီအားချွတ်ကာ လက်တစ်ဖက်ဖြင့်သူမ၏ကျောဘက်ရှိ ဘရာစီယာ၏ချိတ်အားဖြုတ်လိုက်သည်။ ကျွန်မမျက်စိရှေ့က ဝင်းလဲ့ပြီးချောမွေ့နေသော ဝမ်၏အသားအရေသည် သိပ်ကိုဆွဲဆောင်နိုင်လွန်းသည်။ လှပစွာ ပွင့်အာနေသောဝမ်၏ရင်သားအစုံသည် ကျွန်မအားအရသာခံဖို့ ဖိတ်ခေါ်နေသယောင်..။
ကျွန်မ၏နားနားတွင် "ဝမ့်ကိုအရသာခံကြည့်လိုက်စမ်းပါ" ဟူ၍ နတ်ဆိုးတစ်ကောင် တီးတိုးပြောကာ အားပေးနေသကဲ့သို့ ကျွန်မ၏ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်လုနီးပါးဖြစ်လာသည်။"မင်းဘာလိုချင်တာလဲ ဝမ်"
ဝမ်သည် ကျွန်မ၏လက်အားဆွဲယူကာ သူမ၏ အောက်ပိုင်းနေရာ (Private Area) သို့ထိကိုင်စေသည်။ ဝမ်သည်ကျွန်မ၏ နားနားသို့ တိုးကပ်လာကာ သူမ၏ အက်ရှရှအသံဖြင့်"ကျမရှင့်ကိုလိုချင်တယ်"
_______________________________________________
Translator:T.L.S.L
YOU ARE READING
အငယ်အနှောင်း (Affair)
RomanceAffair gl series ၏ မူရင်းဝတ္ထုကို မြန်မာဘာသာပြန်၍ ရေးသားထားခြင်းသာဖြစ်ပါသည်။ တစ်ခုခု အမှားပါခဲ့သည်ရှိသော် ဘာသာပြန်ဆိုသူ ကျွန်မ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည် ။ T.L.S.L